iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဟာ အလုပ္အတြက္၊ အိမ္အတြက္၊ မိသားစုအတြက္၊ ကိုယ့္ရဲ႕အလွအပအတြက္ စတဲ့ ဘာေၾကာင့္ ညာေၾကာင့္ အေၾကာင္းရင္းေတြအတြက္ အမ်ိဳးသားေတြထက္ အလုပ္ပိုမ်ားပါတယ္။ ဒါေပမယ့္ ဘယ္လိုပဲအလုပ္မ်ားပါေစ ကိုယ့္က်န္းမာေရးအတြက္အေရးပါတဲ့ ပံုမွန္ကိုယ္လက္လႈပ္ရွားမႈလုပ္တာ၊ စိတ္ဖိစီးမႈေျဖရွင္းတာေတြအျပင္ မွန္ကန္တဲ့အစားအစာေတြကိုေရြးခ်ယ္ဖို႔ အေလ့အက်င့္လုပ္သင့္ပါတယ္။ ျဖစ္လာနုိင္တဲ့ က်န္းမာေရးျပႆနာေတြကို ေစာေစာသိရွိထားနိုင္ဖို႔ ပံုမွန္က်န္းမာေရးစစ္ေဆးမႈခံယူဖို႔လည္း လိုအပ္ပါတယ္။

ဘာအတြက္ပဲ အလုပ္ေတြမ်ားမ်ား ကိုယ့္က်န္းမာေရး ကိုယ္ပဲဂရုစိုက္မွ အသက္ရွည္နုိင္မွာပါ။ ေရာဂါတစ္ခုခုကို ေစာေစာသိလိုက္ရရင္ ေနာက္ဆက္တြဲျပႆနာေတြကိုၾကိဳတင္ကာကြယ္နိုင္ျပီး ဘဝေနထိုင္မႈအေနအထားကို ပိုေကာင္းမြန္ေစပါလိမ့္မယ္။ ကိုယ့္မွာ ဘာက်န္းမာေရးျပႆနာေတြရွိေနလဲ၊ ဘာေတြဆင္ျခင္ဂရုစိုက္ရေတာ့မလဲ သိထားတဲ့သူတစ္ေယာက္က တျခားသူေတြထက္အႏၱရာယ္ေတြကို ေရွာင္ကြင္းနိုင္တဲ့အခြင့္အလမ္းပိုမ်ားပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးေတြပံုမွန္လုပ္သင့္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြထဲက အေရးၾကီးဆံုး ၅ ခုကို ေဖာ္ျပလိုက္ပါတယ္။
(၁) သားအိမ္ေခါင္းကင္ဆာစစ္ေဆးမႈ

အသက္ ၂၁ ႏွစ္ကေန ၆၅ ႏွစ္အတြင္း အမ်ိဳးသမီးေတြဟာ Pap Test (သားအိမ္ေခါင္းခြ်ဲေျမွးစစ္ေဆးျခင္း)ကို သံုးႏွစ္တစ္ၾကိမ္ခံယူသင့္ပါတယ္။ သားအိမ္ေခါင္းအခၽြဲေျမွးစစ္ေဆးစဥ္အတြင္း ဆရာဝန္ေတြက သားအိမ္ေခါင္းမွာ ရွိတဲ့ဆဲလ္ေတြကို ညင္သာစြာျခစ္ထုတ္ယူျပီး ပံုမွန္မဟုတ္တဲ့ၾကီးထြားမႈရွိမရွိစစ္ေဆးမွာျဖစ္ပါတယ္။ အသက္ ၃၀ နဲ႔အထက္ဆိုရင္ HPV စစ္ေဆးမႈနဲ႔ေပါင္းျပီး ငါးႏွစ္တစ္ၾကိမ္စစ္ေဆးလို႔ရပါတယ္။ HPV ဗိုင္းရပ္စ္ဟာ သားအိမ္ေခါင္းကင္ဆာျဖစ္လာေစနုိင္တဲ့ ေရာဂါပိုးျဖစ္ပါတယ္။
(၂) ရင္သားကင္ဆာစစ္ေဆးမႈ

အသက္ ၄၀ကေန ၇၅ႏွစ္အတြင္း အမ်ိဳးသမီးေတြဟာ တစ္ႏွစ္တစ္ၾကိမ္ ဒီစစ္ေဆးမႈခံယူသင့္ပါတယ္။ မိသားစုထဲမွာ မ်ိဳးဥအိမ္ကင္ဆာ သို႔မဟုတ္ ရင္သားကင္ဆာရွိသူ မ်ိဳးရိုးရွိတယ္ဆိုရင္ မမ္မိုဂရမ္စစ္ေဆးမႈကို အၾကိမ္ေရပိုမ်ားမ်ား ခံယူသင့္ပါတယ္။
(၃) အရိုးပြေရာဂါ စစ္ေဆးမႈ

အသက္ ၆၅ ႏွစ္နဲ႔အထက္ အမ်ိဳးသမီးေတြ စစ္ေဆးမႈခံယူသင့္ပါတယ္။ မိသားစုမွာ အရိုးပြေရာဂါ သို႔မဟုတ္ အရင္ကအရိုးက်ိဳးအက္မႈ ျဖစ္ခဲ့ဖူးတဲ့ မ်ိဳးရိုးရွိတယ္ဆိုရင္ တစ္ႏွစ္တစ္ၾကိမ္စစ္ေဆးဖို႔ ဆရာဝန္က အၾကံျပဳလာနိုင္ပါတယ္။

အရိုးက်ိဳးအက္ဖူးတဲ့ မိသားစုမ်ိဳးရိုးရွိတယ္ဆိုရင္၊ ေသြးဆံုးျပီးအမ်ိဳးသမီးဆိုရင္၊ အရိုးေသးတဲ့ အရိုးပါးတဲ့သူေတြျဖစ္ရင္၊ ေဆးလိပ္ေသာက္တာ၊ ကယ္လ္စီယမ္နဲ႔ဗီတာမင္ဒီခ်ိဳ႕တဲ့တာ၊ ကိုယ္လက္လႈပ္ရွားမႈနည္းတဲ့ အမ်ိဳးသမီးေတြဆိုရင္ အရိုးပြေရာဂါျဖစ္လာနိုင္တဲ့ အႏၱရာယ္ပိုမ်ားလို႔ ပိုျပီးေစာေစာစစ္ေဆးသင့္ပါတယ္။
(၄) အူမၾကီးကင္ဆာ စစ္ေဆးမႈ

အူမၾကီးကင္ဆာစစ္ေဆးမႈကို အသက္ ၅၀ မွာ စတင္ခံယူသင့္ပါတယ္။ အူမၾကီးအတြင္းကိုစစ္ေဆးဖို႔ စအိုကေန ျပြန္ထည့္ျပီး မွန္ေျပာင္းစစ္ေဆးမႈျဖစ္ပါတယ္။ အူမၾကီးမွန္ေျပာင္းစစ္ေဆးမႈမွာ sigmoidoscopy ကို ၅ ႏွစ္တစ္ၾကိမ္ နဲ႔ colonoscopy ကို ၁၀ ႏွစ္တစ္ၾကိမ္ စစ္ေဆးမႈခံယူသင့္ပါတယ္။ အသက္ ၅၀ အထက္ အသက္ၾကီးသူေတြမွာ အမ်ားဆံုးေတြ႔ရတဲ့ေရာဂါျဖစ္ေပမယ့္ လူငယ္ေတြမွာလည္း ေတြ႔ရနိုင္ပါတယ္။ ျဖစ္နိုင္ေျခမ်ားေစတဲ့အႏၱရာယ္အခ်က္ေတြကေတာ့ အသက္ၾကီးသူေတြ၊ အူမၾကီးကင္ဆာမ်ိဳးရိုးရွိတာ၊အူေရာင္ေရာဂါ၊အမွ်င္ဓာတ္နည္းျပီးအဆီမ်ားတဲ့စားေသာက္မႈပံုစံ၊ အထိုင္မ်ားျခင္း၊ ဆီးခ်ိဳေရာဂါ၊ အဝလြန္ျခင္း၊ ဝမ္းဗိုက္ပိုင္းမွာ  ဓာတ္ေရာင္ျခည္ကုထံုးထိေတြ႔မိျခင္းတို႔ ျဖစ္ပါတယ္။
(၅) ဆီးခ်ိဳေသြးခ်ိဳစစ္ေဆးျခင္း

ပံုမွန္က်န္းမာေရးစစ္ေဆးမႈအေနနဲ႔ အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါရွိမရွိကို ဆီး သို႔မဟုတ္ ေသြးနမူနာ နဲဲ႔ ေသြးတြင္းသၾကားဓာတ္စစ္ေဆးသင့္ပါတယ္။ ကိုယ္အေလးခ်ိန္မ်ားေနတာ သို႔မဟုတ္ အဝလြန္ေနတဲ့ အသက္ ၄၀ နဲ႔ ၇၀ ၾကားအမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားပါတယ္။ အမ်ိဳးအစား၂ ဆီးခ်ိဳေရာဂါဟာ ႏွလံုးေရာဂါျဖစ္ေစနိုင္ဖို႔အႏၱရာယ္အမ်ားဆံုးအေၾကာင္းရင္းခံတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ဆိးခ်ိဳေရာဂါဟာ စိတ္က်ေရာဂါနဲ႔ စားေသာက္မႈမူမွန္ျခင္းကိုျဖစ္နိုင္ေျခပိုမ်ားေစနုိင္ျပီး ဒီႏွစ္မ်ိဳးလံုးဟာ အမ်ိဳးသားေတြမွာထက္ အမ်ိဳးသမီးေတြမွာပိုအျဖစ္မ်ားတာေတြ႔ရပါတယ္။ ကံေကာင္းတာတစ္ခုက ေသြးတြင္းသၾကားဓာတ္ကိုထိန္းညွိျပီး ပံုမွန္အတိုင္းေနထိုင္လို႔ရနိုင္သလို ဆီးခ်ိဳအၾကိဳလကၡဏာအဆင့္မွာပဲ ထိန္းလို႔ရနိုင္ပါတယ္။ ဒါေပမယ့္ မဆင္ျခင္ရင္ေတာ့ ေျခလက္ျဖတ္ေတာက္ကုသရတာ၊ မ်က္စိကြယ္တာ၊ အသက္ဆံုးရံႈးရတာေတြအထိ ျဖစ္ေစနိုင္ေလာက္တဲ့အထိ အႏၱရာယ္ၾကီးပါတယ္။

ဘာပဲျဖစ္ျဖစ္ အေရးပါတဲ့တစ္ခ်က္က်န္ေနပါေသးတယ္။ အဲဒါကေတာ့ အလွအပအတြက္ေရာ က်န္းမာေရးအတြက္ပါ အေရးၾကိီးတဲ့ ကိုယ္အေလးခ်ိန္ထိန္းသိမ္းေရးပါပဲ။ အမ်ိဳးသမီးေတြအေနနဲ႔ ခႏၶာကိုယ္ထုထည္ညႊန္းကိန္း  (BMI) ကို အျမဲစစ္ေဆးေနဖို႔လိုပါတယ္။ ရွိသင့္တာထက္ ကိုယ္အေလးခ်ိန္မ်ားေနတာ ၊အဝလြန္ေနတာဆိုရင္ ဆီးခ်ိဳ၊ေသြးတိုး၊ႏွလံုးစတဲ့ ေရာဂါၾကီးေတြျဖစ္လာနုိင္ဖို႔ လမ္းဖြင့္ေပးသလိုျဖစ္ေနနိုင္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးတွေဟာ အလုပ်အတွက်၊ အိမ်အတွက်၊ မိသားစုအတွက်၊ ကိုယ့်ရဲ့အလှအပအတွက် စတဲ့ ဘာကြောင့် ညာကြောင့် အကြောင်းရင်းတွေအတွက် အမျိုးသားတွေထက် အလုပ်ပိုများပါတယ်။ ဒါပေမယ့် ဘယ်လိုပဲအလုပ်များပါစေ ကိုယ့်ကျန်းမာရေးအတွက်အရေးပါတဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ စိတ်ဖိစီးမှုဖြေရှင်းတာတွေအပြင် မှန်ကန်တဲ့အစားအစာတွေကိုရွေးချယ်ဖို့ အလေ့အကျင့်လုပ်သင့်ပါတယ်။ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစောသိရှိထားနိုင်ဖို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူဖို့လည်း လိုအပ်ပါတယ်။

ဘာအတွက်ပဲ အလုပ်တွေများများ ကိုယ့်ကျန်းမာရေး ကိုယ်ပဲဂရုစိုက်မှ အသက်ရှည်နိုင်မှာပါ။ ရောဂါတစ်ခုခုကို စောစောသိလိုက်ရရင် နောက်ဆက်တွဲပြဿနာတွေကိုကြိုတင်ကာကွယ်နိုင်ပြီး ဘဝနေထိုင်မှုအနေအထားကို ပိုကောင်းမွန်စေပါလိမ့်မယ်။ ကိုယ့်မှာ ဘာကျန်းမာရေးပြဿနာတွေရှိနေလဲ၊ ဘာတွေဆင်ခြင်ဂရုစိုက်ရတော့မလဲ သိထားတဲ့သူတစ်ယောက်က တခြားသူတွေထက်အန္တရာယ်တွေကို ရှောင်ကွင်းနိုင်တဲ့အခွင့်အလမ်းပိုများပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေထဲက အရေးကြီးဆုံး ၅ ခုကို ဖော်ပြလိုက်ပါတယ်။
(၁) သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု

အသက် ၂၁ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေဟာ Pap Test (သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း)ကို သုံးနှစ်တစ်ကြိမ်ခံယူသင့်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးစဉ်အတွင်း ဆရာဝန်တွေက သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေကို ညင်သာစွာခြစ်ထုတ်ယူပြီး ပုံမှန်မဟုတ်တဲ့ကြီးထွားမှုရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။ အသက် ၃၀ နဲ့အထက်ဆိုရင် HPV စစ်ဆေးမှုနဲ့ပေါင်းပြီး ငါးနှစ်တစ်ကြိမ်စစ်ဆေးလို့ရပါတယ်။ HPV ဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်လာစေနိုင်တဲ့ ရောဂါပိုးဖြစ်ပါတယ်။
(၂) ရင်သားကင်ဆာစစ်ဆေးမှု

အသက် ၄၀ကနေ ၇၅နှစ်အတွင်း အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် ဒီစစ်ဆေးမှုခံယူသင့်ပါတယ်။ မိသားစုထဲမှာ မျိုးဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာရှိသူ မျိုးရိုးရှိတယ်ဆိုရင် မမ်မိုဂရမ်စစ်ဆေးမှုကို အကြိမ်ရေပိုများများ ခံယူသင့်ပါတယ်။
(၃) အရိုးပွရောဂါ စစ်ဆေးမှု

အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးတွေ စစ်ဆေးမှုခံယူသင့်ပါတယ်။ မိသားစုမှာ အရိုးပွရောဂါ သို့မဟုတ် အရင်ကအရိုးကျိုးအက်မှု ဖြစ်ခဲ့ဖူးတဲ့ မျိုးရိုးရှိတယ်ဆိုရင် တစ်နှစ်တစ်ကြိမ်စစ်ဆေးဖို့ ဆရာဝန်က အကြံပြုလာနိုင်ပါတယ်။

အရိုးကျိုးအက်ဖူးတဲ့ မိသားစုမျိုးရိုးရှိတယ်ဆိုရင်၊ သွေးဆုံးပြီးအမျိုးသမီးဆိုရင်၊ အရိုးသေးတဲ့ အရိုးပါးတဲ့သူတွေဖြစ်ရင်၊ ဆေးလိပ်သောက်တာ၊ ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီချို့တဲ့တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ အမျိုးသမီးတွေဆိုရင် အရိုးပွရောဂါဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများလို့ ပိုပြီးစောစောစစ်ဆေးသင့်ပါတယ်။
(၄) အူမကြီးကင်ဆာ စစ်ဆေးမှု

အူမကြီးကင်ဆာစစ်ဆေးမှုကို အသက် ၅၀ မှာ စတင်ခံယူသင့်ပါတယ်။ အူမကြီးအတွင်းကိုစစ်ဆေးဖို့ စအိုကနေ ပြွန်ထည့်ပြီး မှန်ပြောင်းစစ်ဆေးမှုဖြစ်ပါတယ်။ အူမကြီးမှန်ပြောင်းစစ်ဆေးမှုမှာ sigmoidoscopy ကို ၅ နှစ်တစ်ကြိမ် နဲ့ colonoscopy ကို ၁၀ နှစ်တစ်ကြိမ် စစ်ဆေးမှုခံယူသင့်ပါတယ်။ အသက် ၅၀ အထက် အသက်ကြီးသူတွေမှာ အများဆုံးတွေ့ရတဲ့ရောဂါဖြစ်ပေမယ့် လူငယ်တွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဖြစ်နိုင်ခြေများစေတဲ့အန္တရာယ်အချက်တွေကတော့ အသက်ကြီးသူတွေ၊ အူမကြီးကင်ဆာမျိုးရိုးရှိတာ၊အူရောင်ရောဂါ၊အမျှင်ဓာတ်နည်းပြီးအဆီများတဲ့စားသောက်မှုပုံစံ၊ အထိုင်များခြင်း၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ ဝမ်းဗိုက်ပိုင်းမှာ  ဓာတ်ရောင်ခြည်ကုထုံးထိတွေ့မိခြင်းတို့ ဖြစ်ပါတယ်။
(၅) ဆီးချိုသွေးချိုစစ်ဆေးခြင်း

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါရှိမရှိကို ဆီး သို့မဟုတ် သွေးနမူနာ နဲ့ သွေးတွင်းသကြားဓာတ်စစ်ဆေးသင့်ပါတယ်။ ကိုယ်အလေးချိန်များနေတာ သို့မဟုတ် အဝလွန်နေတဲ့ အသက် ၄၀ နဲ့ ၇၀ ကြားအမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးအစား၂ ဆီးချိုရောဂါဟာ နှလုံးရောဂါဖြစ်စေနိုင်ဖို့အန္တရာယ်အများဆုံးအကြောင်းရင်းခံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆိးချိုရောဂါဟာ စိတ်ကျရောဂါနဲ့ စားသောက်မှုမူမှန်ခြင်းကိုဖြစ်နိုင်ခြေပိုများစေနိုင်ပြီး ဒီနှစ်မျိုးလုံးဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာပိုအဖြစ်များတာတွေ့ရပါတယ်။ ကံကောင်းတာတစ်ခုက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပြီး ပုံမှန်အတိုင်းနေထိုင်လို့ရနိုင်သလို ဆီးချိုအကြိုလက္ခဏာအဆင့်မှာပဲ ထိန်းလို့ရနိုင်ပါတယ်။ ဒါပေမယ့် မဆင်ခြင်ရင်တော့ ခြေလက်ဖြတ်တောက်ကုသရတာ၊ မျက်စိကွယ်တာ၊ အသက်ဆုံးရှုံးရတာတွေအထိ ဖြစ်စေနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

ဘာပဲဖြစ်ဖြစ် အရေးပါတဲ့တစ်ချက်ကျန်နေပါသေးတယ်။ အဲဒါကတော့ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းရေးပါပဲ။ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း  (BMI) ကို အမြဲစစ်ဆေးနေဖို့လိုပါတယ်။ ရှိသင့်တာထက် ကိုယ်အလေးချိန်များနေတာ ၊အဝလွန်နေတာဆိုရင် ဆီးချို၊သွေးတိုး၊နှလုံးစတဲ့ ရောဂါကြီးတွေဖြစ်လာနိုင်ဖို့ လမ်းဖွင့်ပေးသလိုဖြစ်နေနိုင်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top