လူတိုင္းကို သဘာဝတရားက အလွတရားတစ္မ်ိဳးစီေလာက္ေတာ့ ေပးထားစျမဲပါ။ အသားျဖဴတဲ့သူကလည္း ျဖဴတဲ့သူအေလ်ာက္ ညိဳတဲ့သူကလည္း ညိဳတဲ့သူအေလ်ာက္ လွၾကတာပါပဲ။ အသားျဖဴတဲ့သူကိုက် ျဖဴေခ်ာလို႔ တင္စားၾကသလို ညိဳတဲ့သူကိုလည္း ညိဳေခ်ာရယ္လို႔ ေခၚၾကတာ ကိုၾကားဖူးၾကမွာပါ။ အသားျဖဴမွလွတယ္၊ အသားညိဳလို႔မလွဘူးဆိုတာမ်ိဳးေတာ့မရွိပါဘူး။ အားလံုးကတစ္ေယာက္တစ္မ်ိဳးစီလွၾကတာပါပဲ။ ယေန႔ေခတ္ပ်ိဳေမေလးေတြက ကိုရီးယား မင္းသမီးေလးေတြကိုၾကည့္ျပီး အသားျဖဴမွလွတယ္လို႔ ယူဆေနၾကျပီး အသားျဖဴဖို႔ကို အဓိကထားလုပ္ေနၾကပါတယ္။ အသားျဖဴတယ္ညိဳတယ္ဆိုတာထက္ တကယ့္ အလွအပက အသားအေရကစိုေျပၾကည္လင္လွပဖို႔ပါပဲ။ က်န္းမာျပီး စိုေျပၾကည္လင္တဲ့ အသားအေရကိုပိုင္ဆိုင္ထားမယ္ဆိုရင္ ဘယ္လိုၾကည့္ၾကည့္ မ်က္စိထဲမွာ ၾကည့္လို႔ေကာင္းျပီး ကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကိုယ္ ဘဝင္က်ေနမယ္ဆိုတာ အေသအခ်ာပါပဲ။
အသားအေရလွပမႈက လူကိုယံုၾကည္မႈ တိုးေစတဲ့အခ်က္ေတြထဲက တစ္ခုပါပဲ။ မွန္ေရွ႕မွာ ရပ္လိုက္လို႔ ကိုယ့္ကိုယ္ကို ၾကည့္ရတာလွေနရင္ ေပ်ာ္လိုက္တာဆိုတဲ့ ခံစားခ်က္မ်ိဳး ကၽြန္မတို႔မိန္းကေလးေတာ္ေတာ္မ်ားမ်ားခံစားဖူးမယ္ထင္ပါတယ္။ ယံုၾကည္မႈလည္း ပိုတိုးသြားသလိုပဲေနာ္ ေလဒီတို႔။ ဒီတစ္ေခါက္ေတာ့ ၾကည္လင္ဝင္းပတဲ့အသားအေရပိုင္ရွင္ ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို ေျပာျပေပးပါရေစေနာ္။
အရိုးစင္းဆံုးေလးေတြကေနစလိုက္ၾကပါစို႔။
ေရလံုေလာက္ေအာင္ေသာက္ေပးပါ။
တစ္ေန႔ကို ေရ ၆ ခြက္ ကေန ၈ ခြက္အထိအထိေသာက္ေပးပါ။ အျမဲေရဓာတ္ျပည့္ဝေနပါေစ။ ေရကအသားအေရကိုၾကည္လင္ေစျပီး စိုေျပဝင္းပေစႏိုင္ပါတယ္။ အလြယ္ကူဆံုး ကိုယ္တြင္း အဆိပ္အေတာက္ကိုဖယ္ရွားႏိုင္တဲ့နည္းလမ္းပါ။ ေငြကုန္ေၾကးက်လည္းမမ်ားပါဘူး။ေရအလြယ္တကူေသာက္ႏိုင္ေစဖို႔ သြားေလရာကို ေရဗူးေလးယူသြားပါ။ ေဆးဖက္ဝက္ေရေႏြးၾကမ္းေတြ နဲ႔ အခ်ိဳဓာတ္မပါတဲ့ အေအးလိုမ်ိဳးလည္း ေသာက္စရာေတြကို လည္းေသာက္ေပးႏိုင္ပါေသးတယ္။
အမွ်င္ဓာတ္ၾကြယ္ဝတဲ့ အစားအစာေတြ စားသံုးေပးပါ။
က်န္းမာေအာင္ေနထိုင္နည္းေတာ္ေတာ္မ်ားမ်ားက က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္စားေသာက္မႈပံုစံကေန စတင္တာကို သတိထားမိရဲ႕လား။ အစာေခ်ျပႆနာေတြက အသားအေရကိုထိခိုက္ေစတဲ့ အဓိက အေၾကာင္းအရင္း ေတြထဲက တစ္ခုပါ။ ေန႔စဥ္စားသံုးတဲ့အစားအေသာက္ေတြထဲမွာ အသားအေရကိုက်န္းမာေစႏိုင္တဲ့ အစားအေသာက္ ေတြကို စားသံုးေပးမယ္ဆိုရင္ အသားအေရကို စိုျပည္ဝင္းပလာေစမွာပါ။ သၾကားေတြ၊ဆားေတြအလြန္အကၽြံ စားတာမ်ိဳး ကိုလည္း ေရွာင္ေပးပါ။ ေန႔စဥ္ စားသံုးတဲ့အစားအေသာက္ထဲမွာ အမွ်င္ဓာတ္ၾကြယ္ဝစြာ ပါဝင္ျပီး လိုအပ္တဲ့ အာဟာရဓာတ္ ေတြျပည့္စံုတဲ့ အစားအေသာက္မ်ိဳးေတြကို စားသံုးေပးၾကပါ။
ေနေရာင္နဲ႔တိုက္ရိုက္ ထိေတြ႔တာကိုေရွာင္ၾကဥ္ေပးပါ။
ေနေရာင္က ဗီတာမင္ D ရရွိႏိုင္တဲ့ အဓိကအရင္းအျမစ္ပါ။ မနက္ခင္း ၇နာရီကေန ၉နာရီ အတြင္းရရွိ္တဲ့ေနေရာင္ျခည္က အသားအေရအတြက္ အေကာင္းဆံုးပါပဲ။ မနက္ခင္း ၉ နာရီေနာက္ပိုင္းမွာေတာ့ ေနေရာင္ကိုမထိေတြ႔ေလ ပိုေကာင္း ေလပါ။ မျဖစ္မေနအျပင္သြားရမယ္ဆိုရင္ေတာင္ ေနေလာင္ဒဏ္ကေန ကာကြယ္ေပးႏိုင္တဲ့ ခရင္မ္တစ္ခုခုလူးေပးပါ။ ၁၀ နာရီကေန ၂ နာရီအတြင္းေနေရာင္ျခည္က အေရျပားကိုေတာ္ေတာ္ေလး ထိခိုက္ေစႏိုင္ပါတယ္။ အသားအေရျဖဴဝင္းျပီး ေနေလာင္ဒဏ္ကေနကာကြယ္ႏိုင္ဖို႔အတြက္ L’Oreal Paris ကေနထုတ္တဲ့ White Perfect Day Cream SPF 17 PA++ လိုမ်ိဳး ေနေလာင္ဒဏ္က ကာကြယ္ေပးျပီးအသားေရကိုအစိုဓာတ္ထိန္းေပးတဲ့ သဘာဝပစၥည္းေတြနဲ႔ ထုတ္လုပ္ထားတဲ့ ခရမ္မ်ိဳးကိုလူးေပးလို႔ရပါတယ္။ သြားေလရာကို ထီးယူသြားတာကလည္း အသားအေရထိန္းသိမ္းနည္းေတြထဲကတစ္ခုလို႔ ဆိုလို႔ရပါတယ္။
အစိုဓာတ္ထိန္းေပးပါ။
ခႏၶာကိုယ္ အတြင္းပိုင္းေရာ၊ အျပင္ပိုင္းကိုပါ ေရဓာတ္ျဖည့္ေပးဖို႔လိုပါလိမ့္မယ္။ အသားအေရကို အစိုဓာတ္ထိန္းဖို႔ဆိုရင္ တစ္ေန႔ ႏွစ္ၾကိမ္ မ်က္ႏွာသစ္ေပးရပါမယ္။ မ်က္ႏွာသစ္တဲ့အခါမွာလည္း မ်က္ႏွာျပင္ေပၚရွိ အညစ္အေၾကးေတြ၊ မိတ္ကပ္ အၾကြင္းအက်န္ေတြ၊ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးၿပီး အသားအေရျဖဴစင္ၾကည္လင္ေစႏိုင္တဲ့ l’Oreal Paris White Perfect Purifying & Brightening Milky foam လိုမ်ိဳး မ်က္ႏွာသစ္ေဆးကို အသံုးျပဳျပီးသန္႔စင္ေပးလို႔ရပါတယ္။ မ်က္ႏွာသစ္တဲ့အခါ ေရေအးကိုအသံုးျပဳျပီး သစ္တာက အေကာင္းဆံုးပါပဲ။ မ်က္ႏွာကို ေသြးလွည့္ပတ္မႈ ေကာင္းေအာင္ ျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးတာကလည္း အသားအေရကို စိုျပည္ၾကည္လင္ေစႏိုင္ပါတယ္။
ဝက္ျခံေတြကိုလည္း ေပ်ာက္ကင္းေအာင္လုပ္ေဆာင္ပါ။
သင့္ေတာ္တဲ့ ဝက္ျခံေစာင့္ေရွာက္မႈကလည္း စိုေျပၾကည္လင္တဲ့အသားအေရ ပိုင္ဆိုင္လိုသူေတြ ေမ့မထားသင့္တဲ့ အခ်က္တစ္ခုပါ။ ဝက္ျခံေတြကိုေပ်ာက္ခ်င္ေဇာနဲ႔ ေဆးအျပင္းစားေတြသံုးတာမ်ိဳး၊ ဆိတ္ဆြတာမ်ိဳး၊ ညွစ္တာမ်ိဳးေတြ မလုပ္ပါနဲ႔။ ပိုးဝင္သြားတဲ့အခါ အသားအေရကို ထိခိုက္မႈ ပိုမ်ားသြားေစႏိုင္လို႔ပါ။ ပိုးဝင္တဲ့အခါ အသားအေရကို ပိုမို ေရာင္ရမ္းလာႏိုင္ပါတယ္။ ၀က္ျခံ ျဖစ္တာကို ကာကြယ္ႏိုင္ေအာင္ အဓိက ကေတာ့ တေနကုန္ အျပင္ထြက္ၿပီး အိမ္ျပန္ေရာက္ရင္ မ်က္ႏွာကို ေသခ်ာ Deep Cleansing လုပ္ေပးႏိုင္တဲ့ Scrub မ်ိဳးသံုးၿပီးလဲ သန္႔စင္သင့္ပါတယ္။ L’Oreal Paris ရဲ႕ Anti- Dullness Facial Scrub လိုမ်ိဳး အသားအေရ မညီညာမႈတာမ်ိဳးေတြကို ေခ်ာေမြ႕ေစျပီး အသားမဲတာနဲ႔ အစက္ အေျပာက္ေတြကို ျဖစ္ေစ ႏိုင္တဲ့ Melanin ထုတ္လုပ္မႈပါ ထိန္းခ်ဳပ္ေပးတဲ့ အသားအေရ ထိန္းသိမ္းမႈပစၥည္းကို အသံုးျပဳေပးႏိုင္ပါတယ္။ မ်က္ႏွာ ေပၚက ဆဲလ္ေသေတြကိုဖယ္ရွားတာကလည္း ဝက္ျခံေတြကို သက္သာေစတဲ့ နည္းတစ္ခု ပါပဲ။ မ်က္ႏွာေပၚက ဆဲလ္ေသ ေတြဖယ္ရွားလိုက္တဲ့အခါ မ်က္ႏွာအသားအေရကုိ အစိုဓာတ္နဲ႔ အျခားလိုအပ္တဲ့ အာဟာရဓာတ္ေတြကို ပိုမိုစုပ္ယူနိုင္ သြားျပီး အသားအေရကို စိုေျပၾကည္လင္လာေစမွာပါ။
တိုနာသံုးေပးပါ။
အေျခခံအက်ဆံုး အသားအေရၾကည္လင္ေစတဲ့နည္းလမ္းက အသားအေရကို သန္႔စင္ေပးတာရယ္၊ တိုနာသံုး ေပးတာရယ္၊အစိုဓာတ္ထိန္းေပးတာရယ္ပါ။ မ်က္ႏွာကိုသန္႔စင္ျပီးတာနဲ႔ အသားအေရကိုၾကည္လင္ စိုျပည္ေအာင္ လုပ္ေဆာင္ေပးမယ့္ တိုနာတစ္မ်ိဳးမ်ိဳးလူးေပးပါ။ L’Oreal Paris ကထုတ္ထားတဲ့ White Perfect Whitening & Moisturizing Toner လိုမ်ိဳး အသားအေရကို အစိုဓာတ္ထိန္းေပးျပီး ျဖဴစင္ဝင္းပေအာင္ပါ လုပ္ေဆာင္ေပးတဲ့ တိုနာမ်ိဳး အသံုးျပဳေပးလို႔ လည္းရပါတယ္။ တိုနာပံုမွန္အသံုးျပဳေပးမယ္ဆိုရင္ ဝက္ျခံလည္းကင္းေစျပီး ေခၽြးေပါက္ေတြကို လည္းက်ဥ္းေစမွာပါ။ မ်က္ႏွာသစ္ လိုက္ေပမယ့္ အေရျပားေပၚမွာက်န္ရွိေနတဲ့ အညစ္အေၾကးနဲ႔ဖုန္မႈန္႔ေတြကိုလည္း သန္႔စင္ ေပးႏိုင္မွာ ျဖစ္ပါတယ္။ မ်က္ႏွာရဲ႕ အဆီျပန္တတ္တဲ့ T-zone မွာအေရျပားေျခာက္ေသြ႔တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့အျပင္ အသားအေရကို ၾကည္လင္စိုေျပေစပါလိမ့္မယ္။ မ်က္ႏွာကို တိုနာလူးျပီးတဲ့အခါ မ်က္ႏွာနဲ႔ လည္ပင္းက အသားအေရေတြကို Serum တစ္မ်ိဳးမ်ိဳးလိမ္းေပးတာကလည္း အသားအေရကို က်န္းမာစိုေျပေစမယ့္ အခ်က္တစ္ခုပါ။
ညအိပ္ရာမဝင္ခင္ မိတ္ကပ္ဖ်က္ဖို႔ မပ်င္းပါနဲ႔။
မိတ္ကပ္က ေခတ္သစ္ပ်ိဳေမေလးေတြတိုင္းလိုလိုရဲ႕ မ်က္ႏွာေပၚမွာေနရာယူထားတဲ့ အလွအပ ပစၥည္းေလးတစ္ခုပါ။ တစ္ေန႔တာလံုးလွပေစဖို႔ မိတ္ကပ္လူးရထားတာက ကိစၥမရွိေပမယ့္ အသားအေရမပ်က္စီးခ်င္ရင္ေတာ့ ညအိပ္ရာ မဝင္ေတာ့ မိတ္ကပ္ေတြကိုဖ်က္ပစ္ရပါမယ္။ မိတ္ကပ္ေတြကို မဖ်က္ဘဲထားမယ္ဆိုရင္ ေခၽြးေပါက္ေတြပိတ္ဆို႔ျပီး ဝက္ျခံေတြထြက္လာပါလိမ့္မယ္။ အိပ္ရာမဝင္ခင္မွာ မ်က္ႏွာေပၚက မိတ္ကပ္၊ အိုင္းလိုင္နာ၊ ႏႈတ္ခမ္းနီ၊ ေဖာင္ေဒးရွင္း ေရာ ေပါင္ဒါေတြကိုပါ ဖယ္ရွားေပးဖို႔ လိုပါတယ္။ မ်က္ႏွာေပၚက မိတ္ကပ္ေတြဖယ္ရွားျပီးရင္ေတာ့ မ်က္ႏွာသစ္ေဆး နဲ႕သစ္ေပးျပီး ညလိမ္းခရမ္တစ္မ်ိဳးမ်ိဳးလူးေပးပါ။ L’Oreal Paris ကထုတ္ထားတဲ့ White Perfect Night Cream လိုမ်ိဳး ညဘက္မွာလိမ္းျပီးအိပ္ေပးရံုနဲ႔ အသားအေရကို လိုအပ္တဲ့အာဟာရဓာတ္ေတြျဖည့္ေပးျပီး အသားအေရ ကို ျဖဴဝင္း ေခ်ာေမြ႕ေစမယ့္ ခရင္မ္မ်ိဳးလူးေပးလို႔ရပါတယ္။
စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ပါ။
လူတိုင္းမွာ စိတ္ဖိစီးမႈဆိုတာရွိတတ္ေပမယ့္ စိတ္ညစ္စရာေတြကို အျမဲေတြးေနရင္ေတာ့ အလွအပကို ထိခိုက္လာႏိုင္ ပါတယ္။ စိတ္ဖိစီးမႈလံုး၀မရွိေအာင္ေရွာင္လို႔မရႏုိင္ေပမယ့္ အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာကို အကန္႔အသတ္ေတြထားျပီး စိတ္ဖိစီးမႈေလ်ာ့က်ေအာင္ၾကိဳးပမ္းၾကည့္သင့္ပါတယ္။ တရားထိုင္တာလိုမ်ိဳး၊ ပိတ္ရက္ေတြမွာ ကိုယ္၀ါသနာပါတဲ့အားကစား အပန္းေျဖမႈတစ္ခုခုကိုလုပ္တာမ်ိဳးေတြက စိတ္ဖိစီးမႈကိုေလ်ာ့က်ေစႏုိင္ပါတယ္။ ဒါ့အျပင္ ေယာဂ ေလ့က်င့္တာ။ ထိုက္ခ်ိ ကစားတာလိုမ်ိဳး သင့္ေတာ္တဲ့ ကိုယ္လက္လႈပ္ရွားမႈတစ္ခုခုကို လုပ္ေပးျခင္းကလည္း စိတ္ဖိစီးမႈကိုေလ်ာ့က် ေစႏုိင္ ပါတယ္။
အတြင္းစိတ္ကေလးကိုလည္း လွပေအာင္ထားပါ။
ေနာက္ထပ္ေျပာျပခ်င္တာေလးတစ္ခုက စိတ္ထားေလးေကာင္းေကာင္းထားဖို႔ပါ။ စိတ္လွရင္ ရုပ္လွတယ္ဆိုတာမ်ိဳး လည္းၾကားဖူးမွာပါ။ လူတစ္ေယာက္က စိတ္ထားလွရင္ အရမ္းၾကီးမလွရင္ေတာင္မွ မ်က္ႏွာေလးကလွျပီး ၾကည္ေန တတ္ပါတယ္။ စိတ္ကမလွဘူးဆိုရင္ အေပၚယံမိတ္ကပ္ေတြဘယ္လိုပဲသံုးသံုး ေအးခ်မ္းလွပတဲ့မ်က္ႏွာေလး ရရွိႏုိင္မွာ မဟုတ္ပါဘူး။ မ်က္ႏွာေလးၾကည္ျပီး လွေနေစဖို႔အတြက္ မနက္တိုင္း ဒါမွမဟုတ္ ညတိုင္း ေမတၱာပို႔တာ၊ ပုတီးစိတ္တာ၊ တရားထိုင္တာမ်ိဳးေတြလုပ္ေပးလို႔ရပါတယ္။ သူတစ္ပါးကိုကူညီေပးတာကလည္း စိတ္ေရာ ကိုယ္ပါ က်န္းမာမႈရေစတတ္တဲ့ အေလ့အထတစ္မ်ိဳးပါ။ ေမတၱာထားေပးရင္း စိတ္ေအးခ်မ္းမႈကို ဖန္တီးရယူႏိုင္ပါတယ္။ ေမတၱာပို႔ေပးတာက စိတ္ေရာကိုယ္ပါ ေအးခ်မ္းမႈရရွိေစျပီး မ်က္ႏွာသြင္ျပင္ကို ၾကည္လင္ဝင္းပေစပါတယ္။
ဒီနည္းေလးေတြအတိုင္းလုပ္ေဆာင္ရင္း ပ်ိဳေမတိုင္း စိုျပည္ဝင္းပတဲ့အသားအေရကို ပိုင္ဆိုင္ျပီး ပင္ကိုယ္အလွစစ္ကိုပိုုင္ဆိုုင္ႏိုင္ၾကပါေစေၾကာင္း။
Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်းကို သဘာဝတရားက အလှတရားတစ်မျိုးစီလောက်တော့ ပေးထားစမြဲပါ။ အသားဖြူတဲ့သူကလည်း ဖြူတဲ့သူအလျောက် ညိုတဲ့သူကလည်း ညိုတဲ့သူအလျောက် လှကြတာပါပဲ။ အသားဖြူတဲ့သူကိုကျ ဖြူချောလို့ တင်စားကြသလို ညိုတဲ့သူကိုလည်း ညိုချောရယ်လို့ ခေါ်ကြတာ ကိုကြားဖူးကြမှာပါ။ အသားဖြူမှလှတယ်၊ အသားညိုလို့မလှဘူးဆိုတာမျိုးတော့မရှိပါဘူး။ အားလုံးကတစ်ယောက်တစ်မျိုးစီလှကြတာပါပဲ။ ယနေ့ခေတ်ပျိုမေလေးတွေက ကိုရီးယား မင်းသမီးလေးတွေကိုကြည့်ပြီး အသားဖြူမှလှတယ်လို့ ယူဆနေကြပြီး အသားဖြူဖို့ကို အဓိကထားလုပ်နေကြပါတယ်။ အသားဖြူတယ်ညိုတယ်ဆိုတာထက် တကယ့် အလှအပက အသားအရေကစိုပြေကြည်လင်လှပဖို့ပါပဲ။ ကျန်းမာပြီး စိုပြေကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်ထားမယ်ဆိုရင် ဘယ်လိုကြည့်ကြည့် မျက်စိထဲမှာ ကြည့်လို့ကောင်းပြီး ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ဘဝင်ကျနေမယ်ဆိုတာ အသေအချာပါပဲ။
အသားအရေလှပမှုက လူကိုယုံကြည်မှု တိုးစေတဲ့အချက်တွေထဲက တစ်ခုပါပဲ။ မှန်ရှေ့မှာ ရပ်လိုက်လို့ ကိုယ့်ကိုယ်ကို ကြည့်ရတာလှနေရင် ပျော်လိုက်တာဆိုတဲ့ ခံစားချက်မျိုး ကျွန်မတို့မိန်းကလေးတော်တော်များများခံစားဖူးမယ်ထင်ပါတယ်။ ယုံကြည်မှုလည်း ပိုတိုးသွားသလိုပဲနော် လေဒီတို့။ ဒီတစ်ခေါက်တော့ ကြည်လင်ဝင်းပတဲ့အသားအရေပိုင်ရှင် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးပါရစေနော်။
အရိုးစင်းဆုံးလေးတွေကနေစလိုက်ကြပါစို့။
ရေလုံလောက်အောင်သောက်ပေးပါ။
တစ်နေ့ကို ရေ ၆ ခွက် ကနေ ၈ ခွက်အထိအထိသောက်ပေးပါ။ အမြဲရေဓာတ်ပြည့်ဝနေပါစေ။ ရေကအသားအရေကိုကြည်လင်စေပြီး စိုပြေဝင်းပစေနိုင်ပါတယ်။ အလွယ်ကူဆုံး ကိုယ်တွင်း အဆိပ်အတောက်ကိုဖယ်ရှားနိုင်တဲ့နည်းလမ်းပါ။ ငွေကုန်ကြေးကျလည်းမများပါဘူး။ရေအလွယ်တကူသောက်နိုင်စေဖို့ သွားလေရာကို ရေဗူးလေးယူသွားပါ။ ဆေးဖက်ဝက်ရေနွေးကြမ်းတွေ နဲ့ အချိုဓာတ်မပါတဲ့ အအေးလိုမျိုးလည်း သောက်စရာတွေကို လည်းသောက်ပေးနိုင်ပါသေးတယ်။
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးပါ။
ကျန်းမာအောင်နေထိုင်နည်းတော်တော်များများက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားသောက်မှုပုံစံကနေ စတင်တာကို သတိထားမိရဲ့လား။ အစာချေပြဿနာတွေက အသားအရေကိုထိခိုက်စေတဲ့ အဓိက အကြောင်းအရင်း တွေထဲက တစ်ခုပါ။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အသားအရေကိုကျန်းမာစေနိုင်တဲ့ အစားအသောက် တွေကို စားသုံးပေးမယ်ဆိုရင် အသားအရေကို စိုပြည်ဝင်းပလာစေမှာပါ။ သကြားတွေ၊ဆားတွေအလွန်အကျွံ စားတာမျိုး ကိုလည်း ရှောင်ပေးပါ။ နေ့စဉ် စားသုံးတဲ့အစားအသောက်ထဲမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး လိုအပ်တဲ့ အာဟာရဓာတ် တွေပြည့်စုံတဲ့ အစားအသောက်မျိုးတွေကို စားသုံးပေးကြပါ။
နေရောင်နဲ့တိုက်ရိုက် ထိတွေ့တာကိုရှောင်ကြဉ်ပေးပါ။
နေရောင်က ဗီတာမင် D ရရှိနိုင်တဲ့ အဓိကအရင်းအမြစ်ပါ။ မနက်ခင်း ၇နာရီကနေ ၉နာရီ အတွင်းရရှိတဲ့နေရောင်ခြည်က အသားအရေအတွက် အကောင်းဆုံးပါပဲ။ မနက်ခင်း ၉ နာရီနောက်ပိုင်းမှာတော့ နေရောင်ကိုမထိတွေ့လေ ပိုကောင်း လေပါ။ မဖြစ်မနေအပြင်သွားရမယ်ဆိုရင်တောင် နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ ခရင်မ်တစ်ခုခုလူးပေးပါ။ ၁၀ နာရီကနေ ၂ နာရီအတွင်းနေရောင်ခြည်က အရေပြားကိုတော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ အသားအရေဖြူဝင်းပြီး နေလောင်ဒဏ်ကနေကာကွယ်နိုင်ဖို့အတွက် L’Oreal Paris ကနေထုတ်တဲ့ White Perfect Day Cream SPF 17 PA++ လိုမျိုး နေလောင်ဒဏ်က ကာကွယ်ပေးပြီးအသားရေကိုအစိုဓာတ်ထိန်းပေးတဲ့ သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ခရမ်မျိုးကိုလူးပေးလို့ရပါတယ်။ သွားလေရာကို ထီးယူသွားတာကလည်း အသားအရေထိန်းသိမ်းနည်းတွေထဲကတစ်ခုလို့ ဆိုလို့ရပါတယ်။
အစိုဓာတ်ထိန်းပေးပါ။
ခန္ဓာကိုယ် အတွင်းပိုင်းရော၊ အပြင်ပိုင်းကိုပါ ရေဓာတ်ဖြည့်ပေးဖို့လိုပါလိမ့်မယ်။ အသားအရေကို အစိုဓာတ်ထိန်းဖို့ဆိုရင် တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပေးရပါမယ်။ မျက်နှာသစ်တဲ့အခါမှာလည်း မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးတွေ၊ မိတ်ကပ် အကြွင်းအကျန်တွေ၊ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေဖြူစင်ကြည်လင်စေနိုင်တဲ့ l’Oreal Paris White Perfect Purifying & Brightening Milky foam လိုမျိုး မျက်နှာသစ်ဆေးကို အသုံးပြုပြီးသန့်စင်ပေးလို့ရပါတယ်။ မျက်နှာသစ်တဲ့အခါ ရေအေးကိုအသုံးပြုပြီး သစ်တာက အကောင်းဆုံးပါပဲ။ မျက်နှာကို သွေးလှည့်ပတ်မှု ကောင်းအောင် ဖြည်းဖြည်းချင်း နှိပ်နယ်ပေးတာကလည်း အသားအရေကို စိုပြည်ကြည်လင်စေနိုင်ပါတယ်။
ဝက်ခြံတွေကိုလည်း ပျောက်ကင်းအောင်လုပ်ဆောင်ပါ။
သင့်တော်တဲ့ ဝက်ခြံစောင့်ရှောက်မှုကလည်း စိုပြေကြည်လင်တဲ့အသားအရေ ပိုင်ဆိုင်လိုသူတွေ မေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဝက်ခြံတွေကိုပျောက်ချင်ဇောနဲ့ ဆေးအပြင်းစားတွေသုံးတာမျိုး၊ ဆိတ်ဆွတာမျိုး၊ ညှစ်တာမျိုးတွေ မလုပ်ပါနဲ့။ ပိုးဝင်သွားတဲ့အခါ အသားအရေကို ထိခိုက်မှု ပိုများသွားစေနိုင်လို့ပါ။ ပိုးဝင်တဲ့အခါ အသားအရေကို ပိုမို ရောင်ရမ်းလာနိုင်ပါတယ်။ ဝက်ခြံ ဖြစ်တာကို ကာကွယ်နိုင်အောင် အဓိက ကတော့ တနေကုန် အပြင်ထွက်ပြီး အိမ်ပြန်ရောက်ရင် မျက်နှာကို သေချာ Deep Cleansing လုပ်ပေးနိုင်တဲ့ Scrub မျိုးသုံးပြီးလဲ သန့်စင်သင့်ပါတယ်။ L’Oreal Paris ရဲ့ Anti- Dullness Facial Scrub လိုမျိုး အသားအရေ မညီညာမှုတာမျိုးတွေကို ချောမွေ့စေပြီး အသားမဲတာနဲ့ အစက် အပြောက်တွေကို ဖြစ်စေ နိုင်တဲ့ Melanin ထုတ်လုပ်မှုပါ ထိန်းချုပ်ပေးတဲ့ အသားအရေ ထိန်းသိမ်းမှုပစ္စည်းကို အသုံးပြုပေးနိုင်ပါတယ်။ မျက်နှာ ပေါ်က ဆဲလ်သေတွေကိုဖယ်ရှားတာကလည်း ဝက်ခြံတွေကို သက်သာစေတဲ့ နည်းတစ်ခု ပါပဲ။ မျက်နှာပေါ်က ဆဲလ်သေ တွေဖယ်ရှားလိုက်တဲ့အခါ မျက်နှာအသားအရေကို အစိုဓာတ်နဲ့ အခြားလိုအပ်တဲ့ အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင် သွားပြီး အသားအရေကို စိုပြေကြည်လင်လာစေမှာပါ။
တိုနာသုံးပေးပါ။
အခြေခံအကျဆုံး အသားအရေကြည်လင်စေတဲ့နည်းလမ်းက အသားအရေကို သန့်စင်ပေးတာရယ်၊ တိုနာသုံး ပေးတာရယ်၊အစိုဓာတ်ထိန်းပေးတာရယ်ပါ။ မျက်နှာကိုသန့်စင်ပြီးတာနဲ့ အသားအရေကိုကြည်လင် စိုပြည်အောင် လုပ်ဆောင်ပေးမယ့် တိုနာတစ်မျိုးမျိုးလူးပေးပါ။ L’Oreal Paris ကထုတ်ထားတဲ့ White Perfect Whitening & Moisturizing Toner လိုမျိုး အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ဖြူစင်ဝင်းပအောင်ပါ လုပ်ဆောင်ပေးတဲ့ တိုနာမျိုး အသုံးပြုပေးလို့ လည်းရပါတယ်။ တိုနာပုံမှန်အသုံးပြုပေးမယ်ဆိုရင် ဝက်ခြံလည်းကင်းစေပြီး ချွေးပေါက်တွေကို လည်းကျဉ်းစေမှာပါ။ မျက်နှာသစ် လိုက်ပေမယ့် အရေပြားပေါ်မှာကျန်ရှိနေတဲ့ အညစ်အကြေးနဲ့ဖုန်မှုန့်တွေကိုလည်း သန့်စင် ပေးနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာရဲ့ အဆီပြန်တတ်တဲ့ T-zone မှာအရေပြားခြောက်သွေ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရေကို ကြည်လင်စိုပြေစေပါလိမ့်မယ်။ မျက်နှာကို တိုနာလူးပြီးတဲ့အခါ မျက်နှာနဲ့ လည်ပင်းက အသားအရေတွေကို Serum တစ်မျိုးမျိုးလိမ်းပေးတာကလည်း အသားအရေကို ကျန်းမာစိုပြေစေမယ့် အချက်တစ်ခုပါ။
ညအိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်ဖို့ မပျင်းပါနဲ့။
မိတ်ကပ်က ခေတ်သစ်ပျိုမေလေးတွေတိုင်းလိုလိုရဲ့ မျက်နှာပေါ်မှာနေရာယူထားတဲ့ အလှအပ ပစ္စည်းလေးတစ်ခုပါ။ တစ်နေ့တာလုံးလှပစေဖို့ မိတ်ကပ်လူးရထားတာက ကိစ္စမရှိပေမယ့် အသားအရေမပျက်စီးချင်ရင်တော့ ညအိပ်ရာ မဝင်တော့ မိတ်ကပ်တွေကိုဖျက်ပစ်ရပါမယ်။ မိတ်ကပ်တွေကို မဖျက်ဘဲထားမယ်ဆိုရင် ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေထွက်လာပါလိမ့်မယ်။ အိပ်ရာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်၊ အိုင်းလိုင်နာ၊ နှုတ်ခမ်းနီ၊ ဖောင်ဒေးရှင်း ရော ပေါင်ဒါတွေကိုပါ ဖယ်ရှားပေးဖို့ လိုပါတယ်။ မျက်နှာပေါ်က မိတ်ကပ်တွေဖယ်ရှားပြီးရင်တော့ မျက်နှာသစ်ဆေး နဲ့သစ်ပေးပြီး ညလိမ်းခရမ်တစ်မျိုးမျိုးလူးပေးပါ။ L’Oreal Paris ကထုတ်ထားတဲ့ White Perfect Night Cream လိုမျိုး ညဘက်မှာလိမ်းပြီးအိပ်ပေးရုံနဲ့ အသားအရေကို လိုအပ်တဲ့အာဟာရဓာတ်တွေဖြည့်ပေးပြီး အသားအရေ ကို ဖြူဝင်း ချောမွေ့စေမယ့် ခရင်မ်မျိုးလူးပေးလို့ရပါတယ်။
စိတ်ဖိစီးမှုကိုလျှော့ချပါ။
လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာရှိတတ်ပေမယ့် စိတ်ညစ်စရာတွေကို အမြဲတွေးနေရင်တော့ အလှအပကို ထိခိုက်လာနိုင် ပါတယ်။ စိတ်ဖိစီးမှုလုံးဝမရှိအောင်ရှောင်လို့မရနိုင်ပေမယ့် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို အကန့်အသတ်တွေထားပြီး စိတ်ဖိစီးမှုလျော့ကျအောင်ကြိုးပမ်းကြည့်သင့်ပါတယ်။ တရားထိုင်တာလိုမျိုး၊ ပိတ်ရက်တွေမှာ ကိုယ်ဝါသနာပါတဲ့အားကစား အပန်းဖြေမှုတစ်ခုခုကိုလုပ်တာမျိုးတွေက စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် ယောဂ လေ့ကျင့်တာ။ ထိုက်ချိ ကစားတာလိုမျိုး သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို လုပ်ပေးခြင်းကလည်း စိတ်ဖိစီးမှုကိုလျော့ကျ စေနိုင် ပါတယ်။
အတွင်းစိတ်ကလေးကိုလည်း လှပအောင်ထားပါ။
နောက်ထပ်ပြောပြချင်တာလေးတစ်ခုက စိတ်ထားလေးကောင်းကောင်းထားဖို့ပါ။ စိတ်လှရင် ရုပ်လှတယ်ဆိုတာမျိုး လည်းကြားဖူးမှာပါ။ လူတစ်ယောက်က စိတ်ထားလှရင် အရမ်းကြီးမလှရင်တောင်မှ မျက်နှာလေးကလှပြီး ကြည်နေ တတ်ပါတယ်။ စိတ်ကမလှဘူးဆိုရင် အပေါ်ယံမိတ်ကပ်တွေဘယ်လိုပဲသုံးသုံး အေးချမ်းလှပတဲ့မျက်နှာလေး ရရှိနိုင်မှာ မဟုတ်ပါဘူး။ မျက်နှာလေးကြည်ပြီး လှနေစေဖို့အတွက် မနက်တိုင်း ဒါမှမဟုတ် ညတိုင်း မေတ္တာပို့တာ၊ ပုတီးစိတ်တာ၊ တရားထိုင်တာမျိုးတွေလုပ်ပေးလို့ရပါတယ်။ သူတစ်ပါးကိုကူညီပေးတာကလည်း စိတ်ရော ကိုယ်ပါ ကျန်းမာမှုရစေတတ်တဲ့ အလေ့အထတစ်မျိုးပါ။ မေတ္တာထားပေးရင်း စိတ်အေးချမ်းမှုကို ဖန်တီးရယူနိုင်ပါတယ်။ မေတ္တာပို့ပေးတာက စိတ်ရောကိုယ်ပါ အေးချမ်းမှုရရှိစေပြီး မျက်နှာသွင်ပြင်ကို ကြည်လင်ဝင်းပစေပါတယ်။
ဒီနည်းလေးတွေအတိုင်းလုပ်ဆောင်ရင်း ပျိုမေတိုင်း စိုပြည်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်ပြီး ပင်ကိုယ်အလှစစ်ကိုပိုုင်ဆိုုင်နိုင်ကြပါစေကြောင်း။
Credit : Hellosayarwon
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
လူတိုင္းမွာ ပင္ကိုအလွတရားကိုယ္စီပိုင္ဆိုင္ထားၾကတယ္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။