သူတို႔ရဲ႕ေပ့ခ်္ေတြ ထိန္းသိမ္းခံလိုက္ရပါၿပီ။
ေအာင္လရဲ႕ ေဖ့စ္ဘြတ္အေကာင့္နဲ႔အတူ သူနဲ႔ ဝိုင္းစုခိုင္သိန္းတို႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ေတြကို သိမ္းပိုက္လိုက္ၿပီျဖစ္ေၾကာင္း ဟက္ကာအဖြဲ႕က ေအာင္လနဲ႔ ဝိုင္းစုတို႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ေတြကေန ေၾကညာလိုက္တာ ျဖစ္ပါတယ္
“Hello …Bro ေအာင္လ …M4L FamilY ကသင့္ရဲ႕ Acc ႏွင့္တကြ Aung La (Reason) Page & ဝိုင္းဆုခိုင္သိန္း Page တို႔ကို သိမ္းပိုက္လိုက္ၿပီျဖစ္တယ္။ ျပန္လည္ရယူမယ္ဆိုရင္ M4L FamilY ရဲ႕ ထုံးစံအတိုင္း ေတာင္းဆိုမႈ တစ္ခုျပဳလုပ္သြားမယ္။ M4L က Sharing လုပ္တဲ့ မိဘမဲ့ေဂဟာ (သို႔) လူမႈဖူလႈံေရးစခန္း တစ္ခုခုမွာ ပရဟိတအလႉ တစ္ခုသြားလုပ္ေပးရမယ္။ ဆင္းရဲခ်ိဳ႕တဲ့ေနတဲ့ မိဘမဲ့ေက်ာင္း (သို႔) လူမႈဖူလုံေရးစခန္းတစ္ခုခုမွာ ထမင္းတစ္ရက္စာ ကုန္က်စရိတ္ကို တြက္ခ်က္ၿပီး လႉဒါန္းေပးပါ။ လႉဒါန္းရမယ့္ေက်ာင္းကို M4L က ရွာေဖြ Sharing လုပ္ေပးပါ့မယ္။ (M4L_FamilY)” လို႔ ဟက္ကာအဖြဲ႕က ဇန္နဝါရီလ ၂၀ ရက္ ည ၇ နာရီခြဲခန႔္မွာ ေရးသားလိုက္တာ ျဖစ္ပါတယ္။ နာရီဝက္အၾကာမွာေတာ့ လႉဒါန္းရမယ့္ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းတစ္ေက်ာင္းရဲ႕ ဓာတ္ပုံေတြနဲ႔ လိပ္စာေတြပါတဲ့ ပို႔စ္တစ္ခုကို ဟက္ကာအဖြဲ႕က ျပသကာ လႉဒါန္းခိုင္းလိုက္ပါတယ္။
“Hello …Bro ေအာင္လ …ဒီရက္ထဲ ဒီေက်ာင္းေလးမွာ သြားေရာက္လႉဒါန္းေပးမယ္လို႔ ယုံပါတယ္။တစ္ရက္စာ အစာအဟာရအတြက္ အဲ့ဒီေက်ာင္းကဆရာေတာ္ဘုရားကို လႉဒါန္းေပးပါ။မနက္ျဖန္မနက္က်ရင္ သင့္ရဲ႕ Acc password ကိုုေရာ Page ေတြကိုပါ Sis Wine Su Acc ကေန ျပန္လႊဲေပးပါမယ္။ အဓမၼအလႉဆိုတာသိတယ္ …အဓမၼအလႉမို႔ အလႉရွင္ကုသိုလ္ရ/မရေတာ့ မသိဘူး..စိတ္လဲမဝင္စားဘူးခင္ဗ်။ က်ဳပ္တို႔လဲ ကုသိုလ္မလိုခ်င္ဘူး။ ကုသိုလ္လိုခ်င္လို႔ လုပ္ေနတာလဲမဟုတ္တဲ့အတြက္ က်ဳပ္တို႔ရဲ႕အဓမၼအလႉေၾကာင့္ ကေလးေတြ တနပ္စာေကာင္းေကာင္းစားရရင္ပဲ က်ဳပ္တို႔ပီတိျဖစ္ပါတယ္။ (M4L_FamilY)” လို႔လည္း ေရးသားထားပါတယ္။
လႉဒါန္းရမယ့္ ဘုန္းႀကီးေက်ာင္းက မႏၲေလးတိုင္းအတြင္းမွာရွိတဲ့အမွတ္(၁၆)ေနမင္း ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း ျဖစ္ပါတယ္။
ယင္းဟက္ကာအဖြဲ႕ဟာ ဆယ္လီေတြရဲ႕အေကာင့္ေတြကို ဟက္ခ္ၿပီး အခုလို အလႉအတန္းေတြ ျပဳလုပ္ခိုင္းေနတာျဖစ္ၿပီး ဒီလအေစာပိုင္းတုန္းက သ႐ုပ္ေဆာင္ ေဇရဲထက္၊ ဟန္ေလး စတဲ့ အႏုပညာရွင္ေတြလည္း ယခုလိုပဲ ေတာင္းဆိုခံခဲ့ရပါတယ္။ ဟက္ကာအဖြဲ႕ကပုလုပ္ခိုင္းတဲ့အတိုင္း အလႉအတန္း ျပဳလုပ္ၿပီးေနာက္မွာေတာ့ ကတိအတိုင္းပဲ အေကာင့္ေတြကို ျပန္ေပးခဲ့ပါတယ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သူတို့ရဲ့ပေ့ချ်တွေ ထိန်းသိမ်းခံလိုက်ရပါပြီ။
အောင်လရဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့အတူ သူနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဟက်ကာအဖွဲ့က အောင်လနဲ့ ဝိုင်းစုတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကနေ ကြေညာလိုက်တာ ဖြစ်ပါတယ်
“Hello …Bro အောင်လ …M4L FamilY ကသင့်ရဲ့ Acc နှင့်တကွ Aung La (Reason) Page & ဝိုင်းဆုခိုင်သိန်း Page တို့ကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်။ ပြန်လည်ရယူမယ်ဆိုရင် M4L FamilY ရဲ့ ထုံးစံအတိုင်း တောင်းဆိုမှု တစ်ခုပြုလုပ်သွားမယ်။ M4L က Sharing လုပ်တဲ့ မိဘမဲ့ဂေဟာ (သို့) လူမှုဖူလှုံရေးစခန်း တစ်ခုခုမှာ ပရဟိတအလှူ တစ်ခုသွားလုပ်ပေးရမယ်။ ဆင်းရဲချို့တဲ့နေတဲ့ မိဘမဲ့ကျောင်း (သို့) လူမှုဖူလုံရေးစခန်းတစ်ခုခုမှာ ထမင်းတစ်ရက်စာ ကုန်ကျစရိတ်ကို တွက်ချက်ပြီး လှူဒါန်းပေးပါ။ လှူဒါန်းရမယ့်ကျောင်းကို M4L က ရှာဖွေ Sharing လုပ်ပေးပါ့မယ်။ (M4L_FamilY)” လို့ ဟက်ကာအဖွဲ့က ဇန်နဝါရီလ ၂၀ ရက် ည ၇ နာရီခွဲခန့်မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။ နာရီဝက်အကြာမှာတော့ လှူဒါန်းရမယ့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်းရဲ့ ဓာတ်ပုံတွေနဲ့ လိပ်စာတွေပါတဲ့ ပို့စ်တစ်ခုကို ဟက်ကာအဖွဲ့က ပြသကာ လှူဒါန်းခိုင်းလိုက်ပါတယ်။
“Hello …Bro အောင်လ …ဒီရက်ထဲ ဒီကျောင်းလေးမှာ သွားရောက်လှူဒါန်းပေးမယ်လို့ ယုံပါတယ်။တစ်ရက်စာ အစာအဟာရအတွက် အဲ့ဒီကျောင်းကဆရာတော်ဘုရားကို လှူဒါန်းပေးပါ။မနက်ဖြန်မနက်ကျရင် သင့်ရဲ့ Acc password ကိုုရော Page တွေကိုပါ Sis Wine Su Acc ကနေ ပြန်လွှဲပေးပါမယ်။ အဓမ္မအလှူဆိုတာသိတယ် …အဓမ္မအလှူမို့ အလှူရှင်ကုသိုလ်ရ/မရတော့ မသိဘူး..စိတ်လဲမဝင်စားဘူးခင်ဗျ။ ကျုပ်တို့လဲ ကုသိုလ်မလိုချင်ဘူး။ ကုသိုလ်လိုချင်လို့ လုပ်နေတာလဲမဟုတ်တဲ့အတွက် ကျုပ်တို့ရဲ့အဓမ္မအလှူကြောင့် ကလေးတွေ တနပ်စာကောင်းကောင်းစားရရင်ပဲ ကျုပ်တို့ပီတိဖြစ်ပါတယ်။ (M4L_FamilY)” လို့လည်း ရေးသားထားပါတယ်။
လှူဒါန်းရမယ့် ဘုန်းကြီးကျောင်းက မန္တလေးတိုင်းအတွင်းမှာရှိတဲ့အမှတ်(၁၆)နေမင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖြစ်ပါတယ်။
ယင်းဟက်ကာအဖွဲ့ဟာ ဆယ်လီတွေရဲ့အကောင့်တွေကို ဟက်ခ်ပြီး အခုလို အလှူအတန်းတွေ ပြုလုပ်ခိုင်းနေတာဖြစ်ပြီး ဒီလအစောပိုင်းတုန်းက သရုပ်ဆောင် ဇေရဲထက်၊ ဟန်လေး စတဲ့ အနုပညာရှင်တွေလည်း ယခုလိုပဲ တောင်းဆိုခံခဲ့ရပါတယ်။ ဟက်ကာအဖွဲ့ကပုလုပ်ခိုင်းတဲ့အတိုင်း အလှူအတန်း ပြုလုပ်ပြီးနောက်မှာတော့ ကတိအတိုင်းပဲ အကောင့်တွေကို ပြန်ပေးခဲ့ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...