"သင့္ခ်စ္သူနဲ႔ အၿမဲအဆင္ေျပႏုိင္ဖုိ႔ သိသင့္တဲ့အခ်က္မ်ား"
၁။ အကယ္၍ သင္ဟာ သင့္ခ်စ္သူကို တကယ္ခ်စ္မိၿပီဆုိရင္ အရာရာကို ေပးဆပ္ရပါေတာ့မယ္။ ဒါေပမယ့္ ကိုယ္ဟာ မိန္းကေလးဆုိရင္ ခ်စ္သူေတာင္းဆုိတုိင္း မလုိက္ေလ်ာ့သင့္ပါဘူး။ ေယာက္်ားေလးတေယာက္ ဆုိရင္လည္း ခ်စ္သူကို တကယ္ခ်စ္ရင္ ရမၼက္ပါတာမ်ိဳးကို မေတာင္းဆုိသင့္ပါဘူး။ ကိုယ့္ခ်စ္သူကို တန္ဖုိးထားသင့္ပါတယ္။ မိန္းကေလးေတြဘက္ကလည္း ကုိယ့္ကုိကိုယ္မွ တန္ဖုိးမထားရင္ ဘယ္သူကမွ တန္ဖုိးမထားေတာ့ဘူးဆုိတာ သေဘာေပါက္ထားပါ။
၂။ အကယ္၍ သင္ဟာ ခ်စ္သူကို စိတ္ဆုိးေစမယ့္ အရာတစ္ခုခုကို လုပ္မိတယ္ဆုိရင္ ခ်စ္သူ စိတ္ဆုိးေျပတဲ့အထိ ရွင္းျပပါ။ ေျဖရွင္းခ်က္ေပးပါ။ တစ္ေန႔ေန႔ နားလည္လာပါလိမ့္မယ္။ တကယ္ခ်စ္ရင္ ခြင့္လႊတ္မွာေပါ့ဆိုတဲ့ ရူးေၾကာင္ေၾကာင္ အေတြးမ်ိဳးေတြကို ေဖ်ာက္ဖ်က္ထားပါ။
၃။ ကိုယ့္ခ်စ္သူက မွားေၾကာင္း၀န္ခံၿပီး ေျဖရွင္းခ်က္ေပးတာက အက်ိဳးအေၾကာင္း သင့္ေလ်ာ္ရင္ ခြင့္လႊတ္ေပးလုိက္ပါ။ တစ္ခုေတာ့ရွိပါတယ္ သစၥာမရွိတဲ့ လုပ္ရပ္ဆုိရင္ေတာ့ ျပန္စဥ္းစားလုိက္ပါေတာ့။
၄။ သင္ဟာ သင့္ခ်စ္သူကို စိတ္ဆုိးခဲ့ၿပီဆုိရင္လည္း သူ ဘာ့ေၾကာင့္ ဒီလုိျဖစ္တယ္။ သူ႔ကို ဘာေၾကာင့္ စိတ္ဆုိးတယ္ဆုိတာကို ေျပာျပပါ။ သူက အၾကားအျမင္ရေနတဲ့ လူတစ္ေယာက္ မဟုတ္သလို သင့္စိတ္ထဲကိုလည္း သူ အကုန္၀င္ၾကည့္လုိ႔ မရပါဘူး။ သင္မွမေျပာရင္ သူ မသိႏုိင္ပါဘူး။
၅။ စိတ္ဆုိးလုိ႔ ဖုန္းမကိုင္တာ အဆက္အသြယ္ မလုပ္တာမ်ိဳးေတြကို ေရွာင္ပါ။ သူ႔ေျဖရွင္းခ်က္ကို ဆံုးေအာင္နားေထာင္ၿပီးမွ ဆံုးျဖတ္ပါ။ တစ္ခဏ အေတြြးတိမ္ျခင္းဟာ ဘ၀တစ္ခုလံုးအတြက္ ေနာင္တရစရာ ျဖစ္ႏုိင္လုိ႔ပါ။
၆။ ခ်စ္သူကို စိတ္ခ်မ္းသာေအာင္ထားပါ။ သင့္ေၾကာင့္ စိတ္ဆင္းရဲေစမယ္ဆုိရင္ ၾကာရင္ စိတ္ကုန္သြားျပီး ေနာက္ထပ္ အသစ္ရွာသြားႏုိင္လုိ႔ပါပဲ။ စိတ္ခ်မ္းသာေအာင္ဆုိတဲ့ေနရာမွာလည္း သူ႔ေနရာနဲ႔ သူ႔အတုိင္းကို ဆုိလုိျခင္း ျဖစ္ပါတယ္။
၇။ ခ်စ္သူအခ်င္းခ်င္း ကိုယ့္ဘက္က မွားတာရွိရင္ ေတာင္းပန္ဖုိ႔ ၀န္မေလးပါနဲ႔။ မိန္းကေလးမုိ႔ ေယာက္်ားေလးကပဲ ေခ်ာ့ရမယ္ဆုိျပီး မေတာင္းပန္တာမ်ိဳးကို ေရွာင္ပါ။ ေယာက္်ားေလးမုိ႔ သိကၡာက်တယ္ဆုိျပီး မေတာင္းပန္တာမ်ိဳး မလုပ္မိပါေစနဲ႔။ ခ်စ္သူေတြမွာ ကိုယ္နာတာ သူသာတာ မရွိပါဘူး။
၈။ ဆြယ္ေတာ္ရြက္လို သေဘာထားႏုိင္ပါေစ။ ၂ လႊာ ေပါင္းမွတရြက္ ဆြယ္ေတာ္ရြက္လုိပဲ ခ်စ္သူ ၂ ႏွစ္ကလည္း ၂ ေယာက္ေပါင္းမွ တစ္ဘ၀ဆုိတာ အၿမဲသတိရေနပါ။ စိတ္ညစ္စရာကအစ ေပ်ာ္စရာအဆံုး ဖြင့္ဟႏုိင္ေအာင္ လုပ္ပါ။ မိသားစုအေရးကအစ ႏွစ္ဖက္ ပြင့္ပြင့္လင္းလင္း ေျပာပါ။ ဘာလုိ႔လဲဆုိေတာ့ တစ္ေန႔ ဒီလူႏွစ္ေယာက္ပဲ တစ္သက္လံုး ေပါင္းဖက္မွာ မုိလို႔ပါပဲ။ ရွက္စရာမဟုတ္သလို သေရာ္ ေလွာင္ေျပာင္ရမယ့္ ကိစၥလည္း မဟုတ္ပါဘူး။
၉။ ရုိးသားပြင့္လင္းၾကပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ လွ်ိဳ႕၀ွက္ခ်က္ မထားပါနဲ႔။ အခုမသိလည္း ေနာင္သိမယ့္ ကိစၥေတြပဲဆုိတာ သတိရပါ။
၁၀။ စိတ္ထဲမွာ မတင္မက်ျဖစ္ေနတဲ့ ကိစၥမွန္သမွ်ကို ရွင္းပါ။ အခုရႈပ္မွ ေနာင္ရွင္းမည္ျဖစ္သည္။ (အခုရွင္းမွ ေနာင္မရႈပ္မည္)
မသိခ်င္ေယာင္ေဆာင္မေနပါနဲ႔။ ရင္ထဲက အလံုးေတြမ်ားလာရင္ တစ္ခ်ိန္ခ်ိန္မွာ အစုလုိက္အပံုလုိက္ ေပါက္ကြဲထြက္ၿပီးေတာ့ အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္စရာေတြ ျဖစ္လာပါလိမ့္မယ္။ တစ္ခုကို တစ္ခု ျဖစ္ျဖစ္ခ်င္း ရွင္းတတ္ၾကပါေစ။
၁၁။ ကိုယ့္ရဲ႕ ခ်စ္သူရည္းစားမွာ ေယာက္်ားေလး သူငယ္ခ်င္း မိန္းကေလးသူငယ္ခ်င္းဆုိတာ အနည္းနဲ႔အမ်ား ရွိမွာပဲေလ။ ခ်စ္သူကို ယံုၾကည္တယ္ဆုိရင္ သိပ္မခ်ဳပ္ခ်ယ္ပါနဲ႔။ စိတ္မခ်ဘူးဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ သူ႔ရဲ႕ သစၥာတရားကို အထင္မလြဲမိပါေစနဲ႔။ ပညာရွိနည္းသံုးၿပီး သူ႔သူငယ္ခ်င္းအားလံုးကို ကို္ယ္နဲ႔ ခင္ေအာင္ေပါင္းထားေပါ့။ သူ႔အေၾကာင္းေတာင္ စံုစမ္းလုိ႔ရေသး။
၁၂။ မိမိကုိယ္တုိင္လည္း သစၥာရွိပါေစ။ ခ်စ္သူက ဘယ္ေလာက္ပဲ သစၥာရွိေနပါေစ။ ကုိယ္က ရႈပ္ေနခဲ့မယ္ဆုိရင္ အဲ့လိုအခ်စ္မ်ိဳးက ၾကာၾကာခံမယ္ မထင္ပါနဲ႔။ မင္းတစ္ေယာက္တည္းကိုပဲ ခ်စ္တာပါ က်န္တဲ့ခ်စ္သူေတြက အလကားပါလုိ႔ ေျပာတုိင္း ယံုမိပါေစနဲ႔။ ပါးစပ္ပါရင္ စကားဆုိတာျဖစ္မွာပါ။ ကိုယ္တုိင္သစၥာရွိမွ ခ်စ္သူက သစၥာရွိႏုိင္မယ္ဆုိတာ အၿမဲေတြးထားပါ။
၁၃။ ၾကားစကားမ်ားကို တတ္ႏုိင္သေလာက္ မယံုမိေအာင္ၾကိဳးစားပါ။ ပတ္၀န္းက်င္ဆုိတာ လုိတဲ့လူေတြ ရွိသလို မလိုတဲ့လူေတြ၊ မနာလိုတဲ့လူေတြ ဆုိတာကလည္း ရုိက္သတ္လုိ႔ ကုန္မယ္မထင္ပါဘူး။ ဒီေတာ့ ကိုယ္႔ကုိကုိယ္ ခ်င့္ခ်ိန္စဥ္းစားၿပီးမွ ယံုေပါ့။ မ်က္စိနဲ႔ တပ္အပ္ ျမင္တာမ်ိဳးျဖစ္ျဖစ္ သက္ေသအေထာက္အထား ခုိင္ခုိင္မာမာ ျပႏုိင္တာမ်ိဳးပဲျဖစ္ျဖစ္ ကိုယ္တကယ္ ကိုယ့္အေပၚေကာင္းေစခ်င္တဲ့ လူမ်ိဳးက ေျပာမွ ယံုသင့္ပါတယ္။ ၾကားေလေသြးလို႔ ေ၀းသြားရတာမ်ိဳး မျဖစ္ေစရေအာင္ ကိုယ့္ဦးေႏွာက္နဲ႔ ေသခ်ာစဥ္းစားၿပီး ယံုသင့္ပါတယ္.။
၁၄။ နားလည္မႈရွိတတ္ၾကပါေစ။ ခ်စ္သူေတြၾကားမွာ အေရးၾကီးဆံုးက နားလည္မႈပါပဲ။ နားလည္မႈနဲ႔ အရာရာကို တည္ေဆာင္ႏုိင္လုိ႔ပါပဲ။ ကိုယ့္ခ်စ္သူကို အခ်စ္စစ္နဲ႔ခ်စ္တယ္ဆုိရင္ နားလည္မႈ တတ္ႏုိင္သေလာက္ေပးၿပီး အစစ အရာရာအတြက္ ညွိႏႈိင္း ေျဖရွင္းႏုိင္ၾကပါတယ္။
၁၅။ အေကာင္းျမင္တတ္ပါေစ။ ကိုယ္က ခ်စ္ေနတဲ့လူဆုိရင္ ကိုယ့္ခ်စ္သူ ဘာပဲလုပ္လုပ္ ေကာင္းတယ္လုိ႔ ျဖစ္တတ္ၾကတာ သဘာ၀ပါပဲ။ ခ်စ္သူရဲ႕ အျပဳအမူတုိင္းဟာ ကိုယ့္အတြက္ ခ်စ္ဖုိ႔ေကာင္းျပီး လုပ္သမွ် အေကာင္းျမင္လုိ႔ ရေနရင္ ေသခ်ာပါၿပီ ကုိယ္ဟာ သူ႔အေပၚ အေကာင္းျမင္၀ါဒီစြဲ တစ္ေယာက္ ျဖစ္ျခင္းမသိ ျဖစ္ေနပါၿပီ။
၁၆။ ကိုယ့္ခ်စ္သူနဲ႔ပတ္သတ္ျပီး အရာရာ အေလးအနက္ထားတတ္ပါေစ။ သင္ဟာ ေယာက္်ားေလးျဖစ္ေစ မိန္းကေလးျဖစ္ေစ သင့္ခ်စ္သူနဲ႔ ပတ္သတ္တဲ့ အရာတုိင္းကို အေလးအနက္ထားပါ။ ဥပမာ- ခ်စ္သူရဲ႕ ေမြးေန႔၊ အမွတ္တရ ရက္စြဲမ်ား၊ ႏွစ္ပတ္လည္မ်ားကို တတ္ႏုိင္သေလာက္ မေမ့ပါေစနဲ႔။ ခ်စ္သူရဲ႕ အေလးအနက္ထားတတ္ျခင္းက ခ်စ္ခံရသူရဲ႕ စိတ္ကို 90% ေလာက္အထိ အခ်စ္ေတြ တုိးတက္လာေစပါတယ္။
Credit : လက္တြဲေဖာ္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"သင့်ချစ်သူနဲ့ အမြဲအဆင်ပြေနိုင်ဖို့ သိသင့်တဲ့အချက်များ"
၁။ အကယ်၍ သင်ဟာ သင့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် အရာရာကို ပေးဆပ်ရပါတော့မယ်။ ဒါပေမယ့် ကိုယ်ဟာ မိန်းကလေးဆိုရင် ချစ်သူတောင်းဆိုတိုင်း မလိုက်လျော့သင့်ပါဘူး။ ယောက်ျားလေးတယောက် ဆိုရင်လည်း ချစ်သူကို တကယ်ချစ်ရင် ရမ္မက်ပါတာမျိုးကို မတောင်းဆိုသင့်ပါဘူး။ ကိုယ့်ချစ်သူကို တန်ဖိုးထားသင့်ပါတယ်။ မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးမထားတော့ဘူးဆိုတာ သဘောပေါက်ထားပါ။
၂။ အကယ်၍ သင်ဟာ ချစ်သူကို စိတ်ဆိုးစေမယ့် အရာတစ်ခုခုကို လုပ်မိတယ်ဆိုရင် ချစ်သူ စိတ်ဆိုးပြေတဲ့အထိ ရှင်းပြပါ။ ဖြေရှင်းချက်ပေးပါ။ တစ်နေ့နေ့ နားလည်လာပါလိမ့်မယ်။ တကယ်ချစ်ရင် ခွင့်လွှတ်မှာပေါ့ဆိုတဲ့ ရူးကြောင်ကြောင် အတွေးမျိုးတွေကို ဖျောက်ဖျက်ထားပါ။
၃။ ကိုယ့်ချစ်သူက မှားကြောင်းဝန်ခံပြီး ဖြေရှင်းချက်ပေးတာက အကျိုးအကြောင်း သင့်လျော်ရင် ခွင့်လွှတ်ပေးလိုက်ပါ။ တစ်ခုတော့ရှိပါတယ် သစ္စာမရှိတဲ့ လုပ်ရပ်ဆိုရင်တော့ ပြန်စဉ်းစားလိုက်ပါတော့။
၄။ သင်ဟာ သင့်ချစ်သူကို စိတ်ဆိုးခဲ့ပြီဆိုရင်လည်း သူ ဘာ့ကြောင့် ဒီလိုဖြစ်တယ်။ သူ့ကို ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာကို ပြောပြပါ။ သူက အကြားအမြင်ရနေတဲ့ လူတစ်ယောက် မဟုတ်သလို သင့်စိတ်ထဲကိုလည်း သူ အကုန်ဝင်ကြည့်လို့ မရပါဘူး။ သင်မှမပြောရင် သူ မသိနိုင်ပါဘူး။
၅။ စိတ်ဆိုးလို့ ဖုန်းမကိုင်တာ အဆက်အသွယ် မလုပ်တာမျိုးတွေကို ရှောင်ပါ။ သူ့ဖြေရှင်းချက်ကို ဆုံးအောင်နားထောင်ပြီးမှ ဆုံးဖြတ်ပါ။ တစ်ခဏ အတွေးတိမ်ခြင်းဟာ ဘဝတစ်ခုလုံးအတွက် နောင်တရစရာ ဖြစ်နိုင်လို့ပါ။
၆။ ချစ်သူကို စိတ်ချမ်းသာအောင်ထားပါ။ သင့်ကြောင့် စိတ်ဆင်းရဲစေမယ်ဆိုရင် ကြာရင် စိတ်ကုန်သွားပြီး နောက်ထပ် အသစ်ရှာသွားနိုင်လို့ပါပဲ။ စိတ်ချမ်းသာအောင်ဆိုတဲ့နေရာမှာလည်း သူ့နေရာနဲ့ သူ့အတိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။
၇။ ချစ်သူအချင်းချင်း ကိုယ့်ဘက်က မှားတာရှိရင် တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ မိန်းကလေးမို့ ယောက်ျားလေးကပဲ ချော့ရမယ်ဆိုပြီး မတောင်းပန်တာမျိုးကို ရှောင်ပါ။ ယောက်ျားလေးမို့ သိက္ခာကျတယ်ဆိုပြီး မတောင်းပန်တာမျိုး မလုပ်မိပါစေနဲ့။ ချစ်သူတွေမှာ ကိုယ်နာတာ သူသာတာ မရှိပါဘူး။
၈။ ဆွယ်တော်ရွက်လို သဘောထားနိုင်ပါစေ။ ၂ လွှာ ပေါင်းမှတရွက် ဆွယ်တော်ရွက်လိုပဲ ချစ်သူ ၂ နှစ်ကလည်း ၂ ယောက်ပေါင်းမှ တစ်ဘဝဆိုတာ အမြဲသတိရနေပါ။ စိတ်ညစ်စရာကအစ ပျော်စရာအဆုံး ဖွင့်ဟနိုင်အောင် လုပ်ပါ။ မိသားစုအရေးကအစ နှစ်ဖက် ပွင့်ပွင့်လင်းလင်း ပြောပါ။ ဘာလို့လဲဆိုတော့ တစ်နေ့ ဒီလူနှစ်ယောက်ပဲ တစ်သက်လုံး ပေါင်းဖက်မှာ မိုလို့ပါပဲ။ ရှက်စရာမဟုတ်သလို သရော် လှောင်ပြောင်ရမယ့် ကိစ္စလည်း မဟုတ်ပါဘူး။
၉။ ရိုးသားပွင့်လင်းကြပါ။ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက် မထားပါနဲ့။ အခုမသိလည်း နောင်သိမယ့် ကိစ္စတွေပဲဆိုတာ သတိရပါ။
၁၀။ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ကိစ္စမှန်သမျှကို ရှင်းပါ။ အခုရှုပ်မှ နောင်ရှင်းမည်ဖြစ်သည်။ (အခုရှင်းမှ နောင်မရှုပ်မည်)
မသိချင်ယောင်ဆောင်မနေပါနဲ့။ ရင်ထဲက အလုံးတွေများလာရင် တစ်ချိန်ချိန်မှာ အစုလိုက်အပုံလိုက် ပေါက်ကွဲထွက်ပြီးတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်စရာတွေ ဖြစ်လာပါလိမ့်မယ်။ တစ်ခုကို တစ်ခု ဖြစ်ဖြစ်ချင်း ရှင်းတတ်ကြပါစေ။
၁၁။ ကိုယ့်ရဲ့ ချစ်သူရည်းစားမှာ ယောက်ျားလေး သူငယ်ချင်း မိန်းကလေးသူငယ်ချင်းဆိုတာ အနည်းနဲ့အများ ရှိမှာပဲလေ။ ချစ်သူကို ယုံကြည်တယ်ဆိုရင် သိပ်မချုပ်ချယ်ပါနဲ့။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ သစ္စာတရားကို အထင်မလွဲမိပါစေနဲ့။ ပညာရှိနည်းသုံးပြီး သူ့သူငယ်ချင်းအားလုံးကို ကိုယ်နဲ့ ခင်အောင်ပေါင်းထားပေါ့။ သူ့အကြောင်းတောင် စုံစမ်းလို့ရသေး။
၁၂။ မိမိကိုယ်တိုင်လည်း သစ္စာရှိပါစေ။ ချစ်သူက ဘယ်လောက်ပဲ သစ္စာရှိနေပါစေ။ ကိုယ်က ရှုပ်နေခဲ့မယ်ဆိုရင် အဲ့လိုအချစ်မျိုးက ကြာကြာခံမယ် မထင်ပါနဲ့။ မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ ကျန်တဲ့ချစ်သူတွေက အလကားပါလို့ ပြောတိုင်း ယုံမိပါစေနဲ့။ ပါးစပ်ပါရင် စကားဆိုတာဖြစ်မှာပါ။ ကိုယ်တိုင်သစ္စာရှိမှ ချစ်သူက သစ္စာရှိနိုင်မယ်ဆိုတာ အမြဲတွေးထားပါ။
၁၃။ ကြားစကားများကို တတ်နိုင်သလောက် မယုံမိအောင်ကြိုးစားပါ။ ပတ်ဝန်းကျင်ဆိုတာ လိုတဲ့လူတွေ ရှိသလို မလိုတဲ့လူတွေ၊ မနာလိုတဲ့လူတွေ ဆိုတာကလည်း ရိုက်သတ်လို့ ကုန်မယ်မထင်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် ချင့်ချိန်စဉ်းစားပြီးမှ ယုံပေါ့။ မျက်စိနဲ့ တပ်အပ် မြင်တာမျိုးဖြစ်ဖြစ် သက်သေအထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်တာမျိုးပဲဖြစ်ဖြစ် ကိုယ်တကယ် ကိုယ့်အပေါ်ကောင်းစေချင်တဲ့ လူမျိုးက ပြောမှ ယုံသင့်ပါတယ်။ ကြားလေသွေးလို့ ဝေးသွားရတာမျိုး မဖြစ်စေရအောင် ကိုယ့်ဦးနှောက်နဲ့ သေချာစဉ်းစားပြီး ယုံသင့်ပါတယ်.။
၁၄။ နားလည်မှုရှိတတ်ကြပါစေ။ ချစ်သူတွေကြားမှာ အရေးကြီးဆုံးက နားလည်မှုပါပဲ။ နားလည်မှုနဲ့ အရာရာကို တည်ဆောင်နိုင်လို့ပါပဲ။ ကိုယ့်ချစ်သူကို အချစ်စစ်နဲ့ချစ်တယ်ဆိုရင် နားလည်မှု တတ်နိုင်သလောက်ပေးပြီး အစစ အရာရာအတွက် ညှိနှိုင်း ဖြေရှင်းနိုင်ကြပါတယ်။
၁၅။ အကောင်းမြင်တတ်ပါစေ။ ကိုယ်က ချစ်နေတဲ့လူဆိုရင် ကိုယ့်ချစ်သူ ဘာပဲလုပ်လုပ် ကောင်းတယ်လို့ ဖြစ်တတ်ကြတာ သဘာဝပါပဲ။ ချစ်သူရဲ့ အပြုအမူတိုင်းဟာ ကိုယ့်အတွက် ချစ်ဖို့ကောင်းပြီး လုပ်သမျှ အကောင်းမြင်လို့ ရနေရင် သေချာပါပြီ ကိုယ်ဟာ သူ့အပေါ် အကောင်းမြင်ဝါဒီစွဲ တစ်ယောက် ဖြစ်ခြင်းမသိ ဖြစ်နေပါပြီ။
၁၆။ ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး အရာရာ အလေးအနက်ထားတတ်ပါစေ။ သင်ဟာ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ သင့်ချစ်သူနဲ့ ပတ်သတ်တဲ့ အရာတိုင်းကို အလေးအနက်ထားပါ။ ဥပမာ- ချစ်သူရဲ့ မွေးနေ့၊ အမှတ်တရ ရက်စွဲများ၊ နှစ်ပတ်လည်များကို တတ်နိုင်သလောက် မမေ့ပါစေနဲ့။ ချစ်သူရဲ့ အလေးအနက်ထားတတ်ခြင်းက ချစ်ခံရသူရဲ့ စိတ်ကို 90% လောက်အထိ အချစ်တွေ တိုးတက်လာစေပါတယ်။
Credit : လက်တွဲဖော်
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» "သင့္ခ်စ္သူနဲ႔ အၿမဲအဆင္ေျပႏုိင္ဖုိ႔ သိသင့္တဲ့အခ်က္မ်ား"
"သင့္ခ်စ္သူနဲ႔ အၿမဲအဆင္ေျပႏုိင္ဖုိ႔ သိသင့္တဲ့အခ်က္မ်ား"
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။