၂၁.၁.၂၀၁၈ ေန႔ ညေန ၀၄း၄၅အခ်ိန္ခန္႔က ဧရာ၀တီတုိင္းေဒသၾကီး မအူပင္ၿမိဳ႕နယ္ ၊ ဝါးေတာေက်း႐ြာအုပ္စု ၊ ေရနံေခ်ာင္းေက်း႐ြာ ၊ မအူပင္-ဆားမေလာက္ကားလမ္း မိုင္တိုင္ ၁၀/၁ ႏွင့္ ၁၀/၂ၾကား၌ ေညာင္တုန္းၿမိဳ႕နယ္ ၊ ဂဇန္းေက်း႐ြာဘက္မွ ေမာင္းႏွင္လာေသာ Toyota PROBOX အျဖဴေရာင္ ကိုယ္ပိုင္ယာဥ္က ေရနံေခ်ာင္းေက်း႐ြာတြင္းမွ ထြက္၍ လမ္းေလွ်ာက္လာေသာ မိန္းကေလးငယ္တစ္ဦးအား ဝင္ေရာက္ တိုက္မိသျဖင့္ မဇင္မာေဝ ၊ အသက္(၁၀)ႏွစ္ မွာ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားပါသည္ ။
" ျဖစ္တဲ့ကားက ပရိုေဘာက္ကားပါ ၊ ပရိုေဘာက္ ဆိုေပမဲဲ့ နံပါတ္အနီနဲ႔ တကၠစီကားေတာ့ မဟုတ္ပါဘူး ၊ ကိုယ္ပိုင္ကား နံပါတ္က ---- ၊ အဲ့ဒီကားက ရန္ကုန္ဘက္က လာတယ္ ၊ မအူပင္ဘက္ မ်က္ႏွာခ်င္းဆိုင္ကလာတဲ့ ကုန္ကားတစ္စီးကို ေရွာင္ရင္း လမ္းေဘးက ေလွ်ာက္လာတဲ့ ေကာင္မေလးကို တိုက္မိသြားတာ ၊ ေကာင္မေလးကလည္း ေရနံေခ်ာင္း႐ြာထဲက ထြက္လာၿပီး လမ္းေဘးကေန ေလွ်ာက္လာတာ မအူပင္ဘက္ကလာတဲ့ ကုန္ကားလိုပဲ ၊ အဲ့ဒီေတာ့ ပရိုေဘာက္ကားက မဆင္မခ်င္ေမာင္းလာၿပီး မ်က္ႏွာခ်င္းဆိုင္ကလာတဲ့ ကုန္ကားနဲ႔ ထိပ္တိုက္ေတြ႕လို႔ ေကြ႕ေရွာင္တိမ္းရင္း လမ္းေဘးက ဒီကေလးကို တိုက္မိသြားပံု ရတယ္လို႔ " ေရနံေခ်ာင္းေက်း႐ြာသား တစ္ဦးက ေျပာပါသည္ ။
လူေသဆံုးမႈျဖစ္သည့္ ယာဥ္ေပၚတြင္ ဖ်ာပံုၿမိဳ႕နယ္ေနသူ ၊ လြင္ကိုဇင္ ၊ အသက္ (၂၃) က ေမာင္းႏွင္ၿပီး ႏွစ္ဦးသာ လိုက္ပါရွိေၾကာင္း သိရသည္။
Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၂၁.၁.၂၀၁၈ နေ့ ညနေ ၀၄း၄၅အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ၊ ဝါးတောကျေးရွာအုပ်စု ၊ ရေနံချောင်းကျေးရွာ ၊ မအူပင်-ဆားမလောက်ကားလမ်း မိုင်တိုင် ၁၀/၁ နှင့် ၁၀/၂ကြား၌ ညောင်တုန်းမြို့နယ် ၊ ဂဇန်းကျေးရွာဘက်မှ မောင်းနှင်လာသော Toyota PROBOX အဖြူရောင် ကိုယ်ပိုင်ယာဉ်က ရေနံချောင်းကျေးရွာတွင်းမှ ထွက်၍ လမ်းလျှောက်လာသော မိန်းကလေးငယ်တစ်ဦးအား ဝင်ရောက် တိုက်မိသဖြင့် မဇင်မာဝေ ၊ အသက်(၁၀)နှစ် မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပါသည် ။
" ဖြစ်တဲ့ကားက ပရိုဘောက်ကားပါ ၊ ပရိုဘောက် ဆိုပေမဲ့ နံပါတ်အနီနဲ့ တက္ကစီကားတော့ မဟုတ်ပါဘူး ၊ ကိုယ်ပိုင်ကား နံပါတ်က ---- ၊ အဲ့ဒီကားက ရန်ကုန်ဘက်က လာတယ် ၊ မအူပင်ဘက် မျက်နှာချင်းဆိုင်ကလာတဲ့ ကုန်ကားတစ်စီးကို ရှောင်ရင်း လမ်းဘေးက လျှောက်လာတဲ့ ကောင်မလေးကို တိုက်မိသွားတာ ၊ ကောင်မလေးကလည်း ရေနံချောင်းရွာထဲက ထွက်လာပြီး လမ်းဘေးကနေ လျှောက်လာတာ မအူပင်ဘက်ကလာတဲ့ ကုန်ကားလိုပဲ ၊ အဲ့ဒီတော့ ပရိုဘောက်ကားက မဆင်မချင်မောင်းလာပြီး မျက်နှာချင်းဆိုင်ကလာတဲ့ ကုန်ကားနဲ့ ထိပ်တိုက်တွေ့လို့ ကွေ့ရှောင်တိမ်းရင်း လမ်းဘေးက ဒီကလေးကို တိုက်မိသွားပုံ ရတယ်လို့ " ရေနံချောင်းကျေးရွာသား တစ်ဦးက ပြောပါသည် ။
လူသေဆုံးမှုဖြစ်သည့် ယာဉ်ပေါ်တွင် ဖျာပုံမြို့နယ်နေသူ ၊ လွင်ကိုဇင် ၊ အသက် (၂၃) က မောင်းနှင်ပြီး နှစ်ဦးသာ လိုက်ပါရှိကြောင်း သိရသည်။
Credit : Thithtoolwin
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...