iMyanmarHouse.com - Best Property Website for Myanmar
×
Credit : My Style
အကယ်၍သင်ဟာ ဆံကေသာတွေ ခြောက်သွေ့ကြမ်းတမ်းနေတာကြောင့် စူပါမားကတ်တွေ၊ ဈေးှဆိုင်တွေမှာ ဘယ်ခေါင်းလျှော်ရည်က ကောင်းသလဲဆိုပြီး သေချာမေးမြန်းပြီး လိုက်ဝယ်နေရပါသလား။ ထိုကဲ့သို့ ခေါင်းလျှော်ရည်တွေဟာ ဆံကေသာကိုအလွန်ပျက်စီးစေနိုင်သည့် ဓာတုဓာတ်ပေါင်းများအင်မတန်ပါဝင်တာကြောင့်  ယခုတခါ ဆံကေသာအတွက် အထူးကောင်းမွန်သော သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
ထိုကဲ့သို့ ဆံကေသာပြဿနာတွေအတွက် သကြားကအကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။ ခေါင်းလျှော်ရည်အထဲကို သကြားတစ်ဇွန်းထည့်ပေးရုံဖြင့် ဆံပင်သန့်ရှင်းစေရုံသာမက ဦးရေပြားကိုပါ ချေးချွတ်ပေးနိုင်ပါတယ်။ သည့်အပြင် ဆံပင်အရင်းကိုကြံ့ခိုင်လာစေပြီး ဆံကေသာကို ကျန်းမာလာစေနိုင်ပါတယ်။ ထိုအခါမှာ conditioner သည်လည်းပိုမိုထိရောက်မှုရှိမှာဖြစ်ပါတယ်။
တစ်ခုသိထားရမှာက ဆံပင်ရှိလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပစ်နိုင်တာကြောင့် ခေါင်းလျှော်တဲ့အခါတိုင်း မလုပ်မိဖို့ပါပဲ။ လေးကြိမ် သို့မဟုတ် ငါးကြိမ်လောက်မှတစ်ခါ လုပ်ပေးပါ။
တကယ်ကိုထိရောက်တဲ့နည်းလမ်းမို့လို့ စာဖတ်ချစ်သူတွေလည်း သေချာပေါက် လိုက်လံလုပ်ဆောင်ပေးစေလိုပါတယ်။ ကိုယ်သာမက သူငယ်ချင်းတွေလည်းသိရအောင် share ပေးလိုက်ပါအုံးနော်။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top