မဒီတုိ႔ မိန္းကေလးေတြဟာ ငယ္စဥ္တည္းက လိမၼာေရးျခား႐ွိဖုိ႔၊ သိမ္ေမြ႕ဖုိ႔ သြန္သင္ဆံုးမခံရၿပီး ႀကီးျပင္းလာၾကတယ္။ ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ၿပီး ေျပာဆုိဆက္ဆံမွပဲ လူေတြက သေဘာက်မယ္လို႔လည္း ယံုၾကည္ေနၾကတယ္။ အမွားအယြင္း တစ္ခုခုလုပ္မိလို႔ ေတာင္းပန္တဲ့အေနနဲ႔ ေဆာရီးလို႔လည္း ေျပာျဖစ္ၾကတယ္။ Sorry ဆုိတာေလာက္ေလးေတာ့ ေျပာရမွာေပါ့။ ဒါေပမဲ့ ခဏခဏ sorry ေတြ မ်ားေနရင္ေတာ့ မေကာင္းေတာ့ပါဘူး။
ဘာေၾကာင့္လဲ? Sorry ဆိုတဲ့စကားလံုးကို အက္ေၾကာင္းထပ္ေအာင္ အထပ္ထပ္အခါခါ ေျပာေနတာက ကိုယ့္ပံုရိပ္ကို က်ဆင္းေစပါတယ္။ ၆ ႀကိမ္ေလာက္ ေဆာရီးေျပာၿပီးၿပီဆုိရင္ေတာ့ တစ္ဖက္သားက ကိုယ့္ကို အထင္ေသးသြားေတာ့မွာပါပဲ။ ေျပာေတာ့ေျပာပါ။ အရမ္းမေျပာသင့္ဘူးဆိုတာေလးကိုလည္း မွတ္ထားေစခ်င္ပါတယ္။
ေနာက္တစ္ခုကေတာ့ ကိုယ့္ဘက္က ေဆာရီးကို ခဏခဏေျပာေနတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ပါ အလြန္အမင္း ႏွိမ့္ခ်ရာေရာက္တယ္။ ကိုယ့္တန္ဖိုးကို ကိုယ္ခ်ပစ္ေနတာ။ ေဆာရီးလို႔ ေျပာမယ့္အစား ကိုယ့္ဘက္က တာဝန္ယူေပးဖုိ႔ကသာ ထိေရာက္တဲ့နည္းျဖစ္ပါတယ္။ မိန္းကေလးတစ္ေယာက္ဟာ ကိုယ့္တန္ဖုိးကို ကိုယ္တိုင္ျမႇင့္တင္ေနဖုိ႔ အေရးႀကီးပါတယ္။
ဒါဆိုရင္ ေဆာရီးဆိုတဲ့စကားကို ဘယ္လိုအေျခအေနမ်ိဳးမွာ ေျပာၾကမလဲ။ ကိုယ္မွားသြားရင္ေတာ့ ေျပာကိုေျပာရမွာေပါ့။ ကိုယ္လုပ္ရမယ့္အရာကို မလုပ္လုိက္ႏိုင္ရင္လည္း ေျပာရမွာပဲ။ တခ်ိဳ႕ေတြက ေဆာရီးကို ခဏခဏေျပာတာဟာ ယဥ္ေက်းတဲ့အျပဳအမူလို႔ ထင္ေနၾကတယ္။ ကိုယ့္ရဲ႕အမွားအတြက္ တာဝန္ယူၿပီး အေကာင္းဆံုးလုပ္ေပးတာကသာလွ်င္ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးျမႇင့္တင္ရာေရာက္ပါတယ္။ တစ္ဖက္သားကို ေလးစားသမႈနဲ႔ ေဆာရီးေတာ့ေျပာပါ။ ဒါေပမဲ့ ခဏခဏ မေျပာပါနဲ႔လို႔ မဒီေလးတို႔ကို တုိက္တြန္းလိုက္ပါရေစ။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မဒီတို့ မိန်းကလေးတွေဟာ ငယ်စဉ်တည်းက လိမ္မာရေးခြားရှိဖို့၊ သိမ်မွေ့ဖို့ သွန်သင်ဆုံးမခံရပြီး ကြီးပြင်းလာကြတယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ပြောဆိုဆက်ဆံမှပဲ လူတွေက သဘောကျမယ်လို့လည်း ယုံကြည်နေကြတယ်။ အမှားအယွင်း တစ်ခုခုလုပ်မိလို့ တောင်းပန်တဲ့အနေနဲ့ ဆောရီးလို့လည်း ပြောဖြစ်ကြတယ်။ Sorry ဆိုတာလောက်လေးတော့ ပြောရမှာပေါ့။ ဒါပေမဲ့ ခဏခဏ sorry တွေ များနေရင်တော့ မကောင်းတော့ပါဘူး။
ဘာကြောင့်လဲ? Sorry ဆိုတဲ့စကားလုံးကို အက်ကြောင်းထပ်အောင် အထပ်ထပ်အခါခါ ပြောနေတာက ကိုယ့်ပုံရိပ်ကို ကျဆင်းစေပါတယ်။ ၆ ကြိမ်လောက် ဆောရီးပြောပြီးပြီဆိုရင်တော့ တစ်ဖက်သားက ကိုယ့်ကို အထင်သေးသွားတော့မှာပါပဲ။ ပြောတော့ပြောပါ။ အရမ်းမပြောသင့်ဘူးဆိုတာလေးကိုလည်း မှတ်ထားစေချင်ပါတယ်။
နောက်တစ်ခုကတော့ ကိုယ့်ဘက်က ဆောရီးကို ခဏခဏပြောနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပါ အလွန်အမင်း နှိမ့်ချရာရောက်တယ်။ ကိုယ့်တန်ဖိုးကို ကိုယ်ချပစ်နေတာ။ ဆောရီးလို့ ပြောမယ့်အစား ကိုယ့်ဘက်က တာဝန်ယူပေးဖို့ကသာ ထိရောက်တဲ့နည်းဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်နေဖို့ အရေးကြီးပါတယ်။
ဒါဆိုရင် ဆောရီးဆိုတဲ့စကားကို ဘယ်လိုအခြေအနေမျိုးမှာ ပြောကြမလဲ။ ကိုယ်မှားသွားရင်တော့ ပြောကိုပြောရမှာပေါ့။ ကိုယ်လုပ်ရမယ့်အရာကို မလုပ်လိုက်နိုင်ရင်လည်း ပြောရမှာပဲ။ တချို့တွေက ဆောရီးကို ခဏခဏပြောတာဟာ ယဉ်ကျေးတဲ့အပြုအမူလို့ ထင်နေကြတယ်။ ကိုယ့်ရဲ့အမှားအတွက် တာဝန်ယူပြီး အကောင်းဆုံးလုပ်ပေးတာကသာလျှင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြှင့်တင်ရာရောက်ပါတယ်။ တစ်ဖက်သားကို လေးစားသမှုနဲ့ ဆောရီးတော့ပြောပါ။ ဒါပေမဲ့ ခဏခဏ မပြောပါနဲ့လို့ မဒီလေးတို့ကို တိုက်တွန်းလိုက်ပါရစေ။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မိန္းကေလးေတြက ေဆာရီးလို႔ ခဏခဏေျပာစရာလိုသလား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။