iMyanmarHouse.com - Best Property Website for Myanmar
×

လက္ဖက္ရည္ဟာ ကမၻာေပၚမွာ (ေကာ္ဖီၿပီးရင္) လူႀကိဳက္အမ်ားဆံုး ေသာက္စရာတစ္မ်ိဳးျဖစ္ၿပီး ကမၻာ့ေနရာ အႏွံ႔အျပားမွာ လက္ဖက္ရည္အမ်ိဳးမ်ိဳးကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေသာက္သံုးတတ္ၾကပါတယ္။ တကယ္ေတာ့ ဘယ္လိုစိတ္ခံစားခ်က္မ်ိဳး ျဖစ္ေနရင္ ဘယ္လိုလက္ဖက္ရည္မ်ိဳးကို ေသာက္ရမယ္ဆိုတာကို သိဖို႔ပဲ လိုတာပါ။ ဒီဗဟုသုတေလးကို လက္ဖက္ရည္ခ်စ္သူတိုင္း သိထားႏိုင္ဖို႔အတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ အိပ္ေရးပ်က္ေနရင္

တစ္ခါတေလမွာ စိတ္ဖိစီးမႈမ်ားၿပီး အိပ္မရရင္ေတာ့ (အိပ္ေရးပ်က္ေနရင္ေတာ့) လာဗင္ဒါလက္ဖက္ရည္ကို ေသာက္ေပးသင့္ပါတယ္။ လာဗင္ဒါလက္ဖက္ရည္က ေသြးလည္ပတ္မႈ ပိုမိုေကာင္းမြန္ေအာင္ ကူညီေပးႏိုင္ၿပီး အာ႐ံုေၾကာကိုလည္း တည္ၿငိမ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏုိင္ၿပီး ေကာင္းမြန္စြာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။

၂။ စိတ္မသက္မသာ ခံစားေနရရင္

ပူစီနံလက္ဖက္ရည္ကေတာ့ စိတ္နဲ႔ခႏၶာကို တည္ၿငိမ္ေအာင္ ကူညီေပးႏုိင္ပါတယ္။ တကယ္ေတာ့ ရည္းစားနဲ႔ ျပတ္တာတို႔၊ စိတ္ဓာတ္က်တာတို႔၊ ဝမ္းနည္းတာတို႔လို စိတ္ခံစားခ်က္နဲ႔ဆိုင္တဲ့ ေဝဒနာေတြ ခံစားေနရၿပီဆိုရင္ ပူစီနံလက္ဖက္ရည္ေလးက ေသာက္သံုးေပးဖို႔ အသင့္ေတာ္ဆံုးပါပဲ။ စိတ္မသက္မသာ ခံစားေနရခ်ိန္မွာ ပူစီနံလက္ဖက္ရည္ေလးတစ္ခြက္က အေကာင္းဆံုးအေဖာ္မြန္ပါပဲ။

၃။ အားနည္းသလို ခံစားေနရရင္

လက္ဖက္ေျခာက္ (Black tea) နဲ႔ ျပဳလုပ္ထားတဲ့ လက္ဖက္ရည္ကေတာ့ ကဖင္းဓာတ္ကို ျဖည့္စြမ္းေပးႏုိင္ၿပီး တစ္ေန႔တာလံုး လန္းဆန္းေနေအာင္ ကူညီေပးႏိုင္ပါတယ္။ ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳး အမ်ားစုကေတာ့ ထမင္းၾကမ္းစားရင္ (မနက္စာစားရင္) လက္ဖက္ရည္ၾကမ္း (black tea) ေလးတစ္ခြက္ကိုေတာ့ ပံုမွန္ေသာက္သံုးတတ္ၾကပါတယ္။

၄။ ေဒါသထြက္ေနရင္

တစ္ခါတေလမွာ အလုပ္အဆင္မေျပတာပဲျဖစ္ျဖစ္၊ ရည္းစားနဲ႔ စကားမ်ားတာပဲျဖစ္ျဖစ္ လူကိုေဒါသျဖစ္ေစတဲ့ အခိုက္အတန္႔ေလးေတြ ႐ွိတတ္ပါတယ္။ ေဒါသအရမ္းထြက္ေနၿပီး ေပါက္ကြဲထြက္ေတာ့မယ္လို႔ ခံစားရတဲ့အခ်ိန္တိုင္းမွာ လီမြန္တီး (lemon tea) လက္ဖက္ရည္ေလးတစ္ခြက္ကို ေသာက္ေပးလိုက္ပါ။ စိတ္ၾကည္လင္ၿပီး ေဒါသေလ်ာ့ပါးသြားတာကို ေတြ႔႐ွိရပါလိမ့္မယ္။

၅။ စိတ္ေသာကေရာက္ေနရင္

ေလာကဓံ (၈) ပါးရဲ႕ လွည့္ကြက္ေတြၾကားမွာ စိတ္ေသာကေဝဒနာဆိုတာ လူတိုင္းနဲ႔ မကင္းကြာႏိုင္ပါဘူး။ စိတ္ေသာကေရာက္ၿပီး စိတ္ဆင္းရဲေနရၿပီဆိုရင္ ခ်ယ္ရီ႐ိုင္းလက္ဖက္ရည္ (Tart Cherry Tea) ေလးတစ္ခြက္ေသာက္ၿပီး စိတ္ေသာကေဝဒနာကို ေျဖေဖ်ာက္လိုက္ပါ။ အာ႐ံုေၾကာေတြကို တည္ၿငိမ္ေစၿပီး ေသာကေဝဒနာကို ဖယ္႐ွားေပးႏိုင္ပါတယ္။

Source: upcominghealth

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်ဖက်ရည်ဟာ ကမ္ဘာပေါ်မှာ (ကော်ဖီပြီးရင်) လူကြိုက်အများဆုံး သောက်စရာတစ်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာ အနှံ့အပြားမှာ လက်ဖက်ရည်အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ သောက်သုံးတတ်ကြပါတယ်။ တကယ်တော့ ဘယ်လိုစိတ်ခံစားချက်မျိုး ဖြစ်နေရင် ဘယ်လိုလက်ဖက်ရည်မျိုးကို သောက်ရမယ်ဆိုတာကို သိဖို့ပဲ လိုတာပါ။ ဒီဗဟုသုတလေးကို လက်ဖက်ရည်ချစ်သူတိုင်း သိထားနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။

၁။ အိပ်ရေးပျက်နေရင်

တစ်ခါတလေမှာ စိတ်ဖိစီးမှုများပြီး အိပ်မရရင်တော့ (အိပ်ရေးပျက်နေရင်တော့) လာဗင်ဒါလက်ဖက်ရည်ကို သောက်ပေးသင့်ပါတယ်။ လာဗင်ဒါလက်ဖက်ရည်က သွေးလည်ပတ်မှု ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပြီး အာရုံကြောကိုလည်း တည်ငြိမ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

၂။ စိတ်မသက်မသာ ခံစားနေရရင်

ပူစီနံလက်ဖက်ရည်ကတော့ စိတ်နဲ့ခန္ဓာကို တည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ တကယ်တော့ ရည်းစားနဲ့ ပြတ်တာတို့၊ စိတ်ဓာတ်ကျတာတို့၊ ဝမ်းနည်းတာတို့လို စိတ်ခံစားချက်နဲ့ဆိုင်တဲ့ ဝေဒနာတွေ ခံစားနေရပြီဆိုရင် ပူစီနံလက်ဖက်ရည်လေးက သောက်သုံးပေးဖို့ အသင့်တော်ဆုံးပါပဲ။ စိတ်မသက်မသာ ခံစားနေရချိန်မှာ ပူစီနံလက်ဖက်ရည်လေးတစ်ခွက်က အကောင်းဆုံးအဖော်မွန်ပါပဲ။

၃။ အားနည်းသလို ခံစားနေရရင်

လက်ဖက်ခြောက် (Black tea) နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကတော့ ကဖင်းဓာတ်ကို ဖြည့်စွမ်းပေးနိုင်ပြီး တစ်နေ့တာလုံး လန်းဆန်းနေအောင် ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး အများစုကတော့ ထမင်းကြမ်းစားရင် (မနက်စာစားရင်) လက်ဖက်ရည်ကြမ်း (black tea) လေးတစ်ခွက်ကိုတော့ ပုံမှန်သောက်သုံးတတ်ကြပါတယ်။

၄။ ဒေါသထွက်နေရင်

တစ်ခါတလေမှာ အလုပ်အဆင်မပြေတာပဲဖြစ်ဖြစ်၊ ရည်းစားနဲ့ စကားများတာပဲဖြစ်ဖြစ် လူကိုဒေါသဖြစ်စေတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်ပါတယ်။ ဒေါသအရမ်းထွက်နေပြီး ပေါက်ကွဲထွက်တော့မယ်လို့ ခံစားရတဲ့အချိန်တိုင်းမှာ လီမွန်တီး (lemon tea) လက်ဖက်ရည်လေးတစ်ခွက်ကို သောက်ပေးလိုက်ပါ။ စိတ်ကြည်လင်ပြီး ဒေါသလျော့ပါးသွားတာကို တွေ့ရှိရပါလိမ့်မယ်။

၅။ စိတ်သောကရောက်နေရင်

လောကဓံ (၈) ပါးရဲ့ လှည့်ကွက်တွေကြားမှာ စိတ်သောကဝေဒနာဆိုတာ လူတိုင်းနဲ့ မကင်းကွာနိုင်ပါဘူး။ စိတ်သောကရောက်ပြီး စိတ်ဆင်းရဲနေရပြီဆိုရင် ချယ်ရီရိုင်းလက်ဖက်ရည် (Tart Cherry Tea) လေးတစ်ခွက်သောက်ပြီး စိတ်သောကဝေဒနာကို ဖြေဖျောက်လိုက်ပါ။ အာရုံကြောတွေကို တည်ငြိမ်စေပြီး သောကဝေဒနာကို ဖယ်ရှားပေးနိုင်ပါတယ်။

Source: upcominghealth

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top