iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြ ရွာေဖြေနၾကတဲ့ Soul mate ဆုိတဲ့ ဘဝလက္တြဲေဖာ္ကို သင္ရွာေတြ႕ၿပီလို႔ ထင္ေနခ်ိန္မွာ သူနဲ႔ လမ္းခြဲလုိက္ရတဲ့အတြက္ သင္ ဝမ္းနည္းတသ ယူက်ဳံးမရ ျဖစ္ေနမွာ အမွန္ပါ။ ဒါေပမဲ့ သင္ခံစားေနရတာေတြ သက္သေစဖို႔ ဒီအခ်က္ေလးေတြကို ေတြးၾကည့္ပါ။

၁။ သူဟာ သင့္ဘဝလက္တြဲေဖာ္ဆုိတာ မျဖစ္ႏိုင္ပါဘူး

သင္ သူ႔ကို အရမ္းခ်စ္ၿပီး သူသည္သာ သင့္ဘဝလက္တြဲေဖာ္ ျဖစ္ေစခ်င္တဲ့ စိတ္က မွားယြင္းေနနတယ္ဆုိတာ လက္ခံလိုက္ပါ။ အခု သင္က သင့္အနားမွာ မရွိမွေတာ့ သူဟာ သင့္လက္တြဲေဖာ္ မဟုတ္လို႔ေပါ့။ သူဟာ သင္နဲ႔ လက္တြဲၿပီး ဘဝခရီးလမ္းကို မဆက္ခ်င္လို႔ေပါ့။ သင့္ရဲ႕ ဘဝလက္တြဲေဖာ္ အစစ္အမွန္ဟာ တစ္ေနရာရာမွာ ရွိေနပါတယ္။ သူ႔ထက္ေကာင္းၿပီး သူ႔ထက္ သင့္အေပၚ နားလည္ႏုိင္တဲ့သူကို သင္ေတြ႕ဦးမွာပါ။

၂။ သူ႔ဘဝ အဆင္ေျပပါေစလို႔ ဆုေတာင္းေပးလိုက္ပါ

သင့္ကို အသည္းခြဲသြားသူဟာ သင္ခံစားသလို ခံစားခ်င္မွ ခံစားရမယ္။ သင့္ကို ေမ့ေပ်ာက္ၿပီး ခ်စ္သူသစ္ ေတြ႕ခ်င္လည္း ေတြ႕ေနမယ္။ ဒါမွမဟုတ္ သင့္ကို အခုထိ လြမ္းဆြတ္သတိရေနတုန္းလည္း ျဖစ္ခ်င္ျဖစ္မယ္။ ဘာပဲျဖစ္ေနေန သင္တုိ႔ႏွစ္ေယာက္ လက္မတြဲႏိုင္တဲ့အေၾကာင္းတရားရွိလို႔ လမ္းခြဲလုိက္ၿပီပဲ။ အဲဒါကို လက္ခံၿပီး ၿပီးခဲ့တာေတြ ၿပီးေစေတာ့လို႔ ထားလုိက္ပါ။

ညတုိင္း ခံစားငိုေၾကြးေနရခ်ိန္္မွာ ဘယ္လိုလုပ္ ေမ့ေပ်ာက္ႏုိင္မလဲလုိ႔ သင္ေျပာခ်င္တာ မဟုတ္လား။ သူကို အဆင္ေျပပါေစလို႔သာ ဆုေတာင္းေပးလုိက္ပါ။ ဘာပဲျဖစ္ျဖစ္ သူဟာ တစ္ခ်ိန္္က သင္ခ်စ္ခဲ့သူပဲေလ။ သူ႔ကို သင္ ေပ်ာ္ရႊင္ေစခ်င္တာ မေပ်ာ္ရႊင္ေစခ်င္တာ အပထား၊ သင္ေပ်ာ္ရႊင္ဖုိ႔က အေရးႀကီးပါတယ္။ အဲဒီလို ေပ်ာ္ရႊင္ဖုိ႔အတြက္က အမုန္းတရားကို ရင္ဝယ္ပိုက္ထားရင္ ျဖစ္မွာ မဟုတ္ပါဘူး။ အဲဒီေတာ့ အရာအားလံုးကို ေမတၱာနဲ႔ အႏုိင္ယူၿပီး ရွိပါေစေတာ့လို႔ ထားလိုက္ပါ။

၃။ သင့္ရဲ႕ဘဝလက္တြဲေဖာ္ အစစ္အမွန္ကို ေတြ႕ဦးမယ္ဆုိတာ ယံုၾကည္ပါ

တစ္ေန႔ေန႔မွာ သင္နဲ႔ စိတ္တူကိုယ္တူ ဘဝလက္တြဲေဖာ္ကို ေတြ႕မွာ အမွန္ပဲဆုိတာ ယံုၾကည္ခ်က္နဲ႔ ေစာင့္ေနပါ။ အဲဒီလို ေစာင့္ေနခ်ိန္မွာ သင့္ႏွလံုးသားက ၾကည္လင္ေနဖို႔ လိုပါတယ္။ အဲဒီေတာ့ ကိုယ့္ကိုကိုယ္ အျပစ္တင္ေနတာေတြ ရပ္ပါ။ အတိတ္ကို လြမ္းေဆြးတမ္းတေနတာေတြ မလုပ္ပါနဲ႔ေတာ့။ သင္ဟာ အခ်စ္စစ္နဲ႔ ထုိက္တန္္သူျဖစ္တယ္၊ ဘဝလက္တြဲေဖာ္အစစ္အမွန္ကို ေတြ႕မယ့္သူျဖစ္တယ္ဆုိတာ ယံုၾကည္ပါ။ ႐ိုမန္႔တစ္ျဖစ္တဲ့ ႐ုပ္ရွင္ေတြၾကည့္ပါ၊ သီခ်င္းေတြ နားေထာင္ပါ။ သင့္ရဲ႕ ႏွလံုးသားကို တဖန္ ႏုပ်ဳိလန္းဆန္းေစမယ့္အရာေတြကို လုပ္ပါ။

Source & Photos : Finerminds

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတွေ ရှာဖွေနေကြတဲ့ Soul mate ဆိုတဲ့ ဘဝလက်တွဲဖော်ကို သင်ရှာတွေ့ပြီလို့ ထင်နေချိန်မှာ သူနဲ့ လမ်းခွဲလိုက်ရတဲ့အတွက် သင် ဝမ်းနည်းတသ ယူကျုံးမရ ဖြစ်နေမှာ အမှန်ပါ။ ဒါပေမဲ့ သင်ခံစားနေရတာတွေ သက်သစေဖို့ ဒီအချက်လေးတွေကို တွေးကြည့်ပါ။

၁။ သူဟာ သင့်ဘဝလက်တွဲဖော်ဆိုတာ မဖြစ်နိုင်ပါဘူး

သင် သူ့ကို အရမ်းချစ်ပြီး သူသည်သာ သင့်ဘဝလက်တွဲဖော် ဖြစ်စေချင်တဲ့ စိတ်က မှားယွင်းနေနတယ်ဆိုတာ လက်ခံလိုက်ပါ။ အခု သင်က သင့်အနားမှာ မရှိမှတော့ သူဟာ သင့်လက်တွဲဖော် မဟုတ်လို့ပေါ့။ သူဟာ သင်နဲ့ လက်တွဲပြီး ဘဝခရီးလမ်းကို မဆက်ချင်လို့ပေါ့။ သင့်ရဲ့ ဘဝလက်တွဲဖော် အစစ်အမှန်ဟာ တစ်နေရာရာမှာ ရှိနေပါတယ်။ သူ့ထက်ကောင်းပြီး သူ့ထက် သင့်အပေါ် နားလည်နိုင်တဲ့သူကို သင်တွေ့ဦးမှာပါ။

၂။ သူ့ဘဝ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါ

သင့်ကို အသည်းခွဲသွားသူဟာ သင်ခံစားသလို ခံစားချင်မှ ခံစားရမယ်။ သင့်ကို မေ့ပျောက်ပြီး ချစ်သူသစ် တွေ့ချင်လည်း တွေ့နေမယ်။ ဒါမှမဟုတ် သင့်ကို အခုထိ လွမ်းဆွတ်သတိရနေတုန်းလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်နေနေ သင်တို့နှစ်ယောက် လက်မတွဲနိုင်တဲ့အကြောင်းတရားရှိလို့ လမ်းခွဲလိုက်ပြီပဲ။ အဲဒါကို လက်ခံပြီး ပြီးခဲ့တာတွေ ပြီးစေတော့လို့ ထားလိုက်ပါ။

ညတိုင်း ခံစားငိုကြွေးနေရချိန်မှာ ဘယ်လိုလုပ် မေ့ပျောက်နိုင်မလဲလို့ သင်ပြောချင်တာ မဟုတ်လား။ သူကို အဆင်ပြေပါစေလို့သာ ဆုတောင်းပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူဟာ တစ်ချိန်က သင်ချစ်ခဲ့သူပဲလေ။ သူ့ကို သင် ပျော်ရွှင်စေချင်တာ မပျော်ရွှင်စေချင်တာ အပထား၊ သင်ပျော်ရွှင်ဖို့က အရေးကြီးပါတယ်။ အဲဒီလို ပျော်ရွှင်ဖို့အတွက်က အမုန်းတရားကို ရင်ဝယ်ပိုက်ထားရင် ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အရာအားလုံးကို မေတ္တာနဲ့ အနိုင်ယူပြီး ရှိပါစေတော့လို့ ထားလိုက်ပါ။

၃။ သင့်ရဲ့ဘဝလက်တွဲဖော် အစစ်အမှန်ကို တွေ့ဦးမယ်ဆိုတာ ယုံကြည်ပါ

တစ်နေ့နေ့မှာ သင်နဲ့ စိတ်တူကိုယ်တူ ဘဝလက်တွဲဖော်ကို တွေ့မှာ အမှန်ပဲဆိုတာ ယုံကြည်ချက်နဲ့ စောင့်နေပါ။ အဲဒီလို စောင့်နေချိန်မှာ သင့်နှလုံးသားက ကြည်လင်နေဖို့ လိုပါတယ်။ အဲဒီတော့ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာတွေ ရပ်ပါ။ အတိတ်ကို လွမ်းဆွေးတမ်းတနေတာတွေ မလုပ်ပါနဲ့တော့။ သင်ဟာ အချစ်စစ်နဲ့ ထိုက်တန်သူဖြစ်တယ်၊ ဘဝလက်တွဲဖော်အစစ်အမှန်ကို တွေ့မယ့်သူဖြစ်တယ်ဆိုတာ ယုံကြည်ပါ။ ရိုမန့်တစ်ဖြစ်တဲ့ ရုပ်ရှင်တွေကြည့်ပါ၊ သီချင်းတွေ နားထောင်ပါ။ သင့်ရဲ့ နှလုံးသားကို တဖန် နုပျိုလန်းဆန်းစေမယ့်အရာတွေကို လုပ်ပါ။

Source & Photos : Finerminds

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top