iMyanmarHouse.com - Best Property Website for Myanmar
×

ကာဇက္စတန္နိုင္ငံ ၂၀၁၈ ခုႏွစ္ အလွမယ္ၿပိဳင္ပြဲတြင္ ဝင္​ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ အသက္ ၂၂ ႏွစ္အရြယ္အလွမယ္ Arina Aliyeva ဆိုသူသည္ ၿပိဳင္ပြဲ၏ ေနာက္ဆုံးဖိုင္နယ္ေရာက္မွ သူမဟာ အမ်ိဳးသားတစ္ဦးသာျဖစ္ေၾကာင္း ဖြင့္ဟဝန္ခံခဲ့သည္။

အလွမယ္ၿပိဳင္ပြဲကို မိန္းကေလးဟန္ေဆာင္ၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရသည့္ အေၾကာင္းကိုလည္း ရွင္းျပဝန္ခံခဲ့သည္။ အမ်ိဳးသားေမာ္ဒယ္တစ္ဦးျဖစ္သူ Eli Diaghilev က အမ်ိဳးသမီးမ်ားရဲ့ အလွတရားကို သူ၏သူငယ္ခ်င္းမ်ားနဲ႔ အျငင္းပြားခဲ့ရာမွ စတင္ခဲ့သည္။

အမ်ိဳးသမီးမ်ားအေပၚ သူ၏အျမင္က ေရွးတုန္းကအမ်ိဳးသမီးေတြရဲ့ အရည္အေသြးအလွတရားဟာ သိကၡာေစာင့္ထိန္းမွု အိေျႏၵႀကီးမွုေတြကိုသာ အေလးထားခဲ့ေပမယ့္ ယေန႔ေခတ္ မိန္းကေလးေတြကေတာ့ ေပၚျပဴလာျဖစ္ေနတာေတြ လိုက္လုပ္၊ မိပ္ကပ္ေတြ၊ ဆံပင္ပုံစံေတြ ျပဳျပင္လိုက္႐ုံနဲ႔ သူတို႔ကိုယ္သူတို႔ ျပည့္စုံတဲ့အလွတရားရွိေနၿပီလို႔ ထင္ေနေၾကာင္း ေျပာဆိုခဲ့ရာ သူငယ္ခ်င္းမ်ားနဲ႔ သေဘာထားမတိုက္ဆိုင္ျဖစ္ခဲ့ပါတယ္။

ဒါကိုသက္ေသျပဖို႔အတြက္ ၂၀၁၈ ခုႏွစ္အလွမယ္ၿပိဳင္ပြဲမွာ မိန္းကေလးေယာင္ေဆာင္ၿပီး Arina Aliyeva အမည္နဲ႔ စာရင္းေပးသြင္းခဲ့တာျဖစ္ၿပီး အခုလို ဖိုင္နယ္အထိ ေရာက္လာခဲ့ျခင္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ သူအခုလို လုပ္နိုင္ေအာင္ ကူညီေပးခဲ့တဲ့ မိတ္ကပ္ဆရာ၊ ဆံပင္ဆရာေတြကိုလည္း ေက်းဇူးတင္ပါတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

သူ႔ရဲ့သူငယ္ခ်င္းေတြ အံ့ၾသေလာက္ေအာင္ အလွမယ္ၿပိဳင္ပြဲ ဖိုင္နယ္ထိတက္ေရာက္နိုင္ခဲ့ေပမယ့္ သူငယ္ခ်င္းေတြကေတာ့ သူ႔အယူအဆကို အျပည့္အဝလက္မခံေသးေၾကာင္းဆိုပါတယ္။ အလွမယ္ၿပိဳင္ပြဲ ဖိုင္နယ္စာရင္းမွာ သူ႔အမည္ပါလာၿပီးေနာက္ သူကအြန္လိုင္းေပၚကေန ဗီဒီယိုျဖင့္ သူမဟာ အမ်ိဳးသားတစ္ဦးသာျဖစ္ေၾကာင္း ဖြင့္ဟဝန္ခံခဲ့ပါတယ္။

သူဟာ ပရိသတ္ကို လွည့္စားလို၍မဟုတ္ေၾကာင္း၊ အခုလို သဘာဝအတိုင္းမဟုတ္ပဲ ျပဳျပင္ထားတဲ့ အလွတရားဟာ အစစ္မဟုတ္ေၾကာင္း သတိျပဳမိေစခ်င္တဲ့အတြက္သာျဖစ္ၿပီး အခုလို ျပဳျပင္လိုက္မည္ဆိုပါက အမ်ိဳးသားေတာင္ အမ်ိဳးသမီးလို ေခ်ာေမာလွပေနနိုင္တယ္ဆိုတာကို သိေစခ်င္တာသာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

Eli Diaghilev ဟာ အသက္ ၁၇ ႏွစ္အရြယ္ထဲက ေမာ္ဒယ္အလုပ္ကို လုပ္ကိုင္ခဲ့တဲ့ အမ်ိဳးသားတစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ့ ဝန္ခံခ်က္ ဗီဒီယို ထြက္ေပၚလာၿပီးေနာက္ အလွမယ္ၿပိဳင္ပြဲက အရည္အေသြးမျပည့္မီဟုဆိုကာ ထုတ္ပယ္ခဲ့ၿပီး အျခားအလွမယ္တစ္ဦးကို သူ႔ေနရာမွာ အစားထိုးခဲ့ပါတယ္။
မည္သို႔ပင္ဆိုေစကာမူ Eli Diaghilev ရဲ့ ဆိုလိုရင္းကိုေတာ့ အားလုံးက သေဘာေပါက္နားလည္ခဲ့ၿပီး ျဖစ္ပါလိမ့္မယ္။

Credit : Popolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကာဇက်စတန်နိုင်ငံ ၂၀၁၈ ခုနှစ် အလှမယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အသက် ၂၂ နှစ်အရွယ်အလှမယ် Arina Aliyeva ဆိုသူသည် ပြိုင်ပွဲ၏ နောက်ဆုံးဖိုင်နယ်ရောက်မှ သူမဟာ အမျိုးသားတစ်ဦးသာဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။

အလှမယ်ပြိုင်ပွဲကို မိန်းကလေးဟန်ဆောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသည့် အကြောင်းကိုလည်း ရှင်းပြဝန်ခံခဲ့သည်။ အမျိုးသားမော်ဒယ်တစ်ဦးဖြစ်သူ Eli Diaghilev က အမျိုးသမီးများရဲ့ အလှတရားကို သူ၏သူငယ်ချင်းများနဲ့ အငြင်းပွားခဲ့ရာမှ စတင်ခဲ့သည်။

အမျိုးသမီးများအပေါ် သူ၏အမြင်က ရှေးတုန်းကအမျိုးသမီးတွေရဲ့ အရည်အသွေးအလှတရားဟာ သိက္ခာစောင့်ထိန်းမှု အိနြေ္ဒကြီးမှုတွေကိုသာ အလေးထားခဲ့ပေမယ့် ယနေ့ခေတ် မိန်းကလေးတွေကတော့ ပေါ်ပြူလာဖြစ်နေတာတွေ လိုက်လုပ်၊ မိပ်ကပ်တွေ၊ ဆံပင်ပုံစံတွေ ပြုပြင်လိုက်ရုံနဲ့ သူတို့ကိုယ်သူတို့ ပြည့်စုံတဲ့အလှတရားရှိနေပြီလို့ ထင်နေကြောင်း ပြောဆိုခဲ့ရာ သူငယ်ချင်းများနဲ့ သဘောထားမတိုက်ဆိုင်ဖြစ်ခဲ့ပါတယ်။

ဒါကိုသက်သေပြဖို့အတွက် ၂၀၁၈ ခုနှစ်အလှမယ်ပြိုင်ပွဲမှာ မိန်းကလေးယောင်ဆောင်ပြီး Arina Aliyeva အမည်နဲ့ စာရင်းပေးသွင်းခဲ့တာဖြစ်ပြီး အခုလို ဖိုင်နယ်အထိ ရောက်လာခဲ့ခြင်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူအခုလို လုပ်နိုင်အောင် ကူညီပေးခဲ့တဲ့ မိတ်ကပ်ဆရာ၊ ဆံပင်ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့သူငယ်ချင်းတွေ အံ့သြလောက်အောင် အလှမယ်ပြိုင်ပွဲ ဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ပေမယ့် သူငယ်ချင်းတွေကတော့ သူ့အယူအဆကို အပြည့်အဝလက်မခံသေးကြောင်းဆိုပါတယ်။ အလှမယ်ပြိုင်ပွဲ ဖိုင်နယ်စာရင်းမှာ သူ့အမည်ပါလာပြီးနောက် သူကအွန်လိုင်းပေါ်ကနေ ဗီဒီယိုဖြင့် သူမဟာ အမျိုးသားတစ်ဦးသာဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

သူဟာ ပရိသတ်ကို လှည့်စားလို၍မဟုတ်ကြောင်း၊ အခုလို သဘာဝအတိုင်းမဟုတ်ပဲ ပြုပြင်ထားတဲ့ အလှတရားဟာ အစစ်မဟုတ်ကြောင်း သတိပြုမိစေချင်တဲ့အတွက်သာဖြစ်ပြီး အခုလို ပြုပြင်လိုက်မည်ဆိုပါက အမျိုးသားတောင် အမျိုးသမီးလို ချောမောလှပနေနိုင်တယ်ဆိုတာကို သိစေချင်တာသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Eli Diaghilev ဟာ အသက် ၁၇ နှစ်အရွယ်ထဲက မော်ဒယ်အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဝန်ခံချက် ဗီဒီယို ထွက်ပေါ်လာပြီးနောက် အလှမယ်ပြိုင်ပွဲက အရည်အသွေးမပြည့်မီဟုဆိုကာ ထုတ်ပယ်ခဲ့ပြီး အခြားအလှမယ်တစ်ဦးကို သူ့နေရာမှာ အစားထိုးခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ Eli Diaghilev ရဲ့ ဆိုလိုရင်းကိုတော့ အားလုံးက သဘောပေါက်နားလည်ခဲ့ပြီး ဖြစ်ပါလိမ့်မယ်။

Credit : Popolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top