Relationship တစ္ခုမွာ စိုးရိမ္ေၾကာင့္ၾကမႈေတြဆုိတာ ႐ွိစၿမဲ... အထူးသျဖင့္ ခ်စ္သူျဖစ္စ အေျခအေနမ်ိဳးမွာေပါ့။ အခ်စ္ေၾကာင့္ စိုးရိမ္ပူပန္မႈေတြဟာ မၾကာခဏဆိုသလို အျငင္းပြားစရာေလးေတြဆီ ဦးတည္လာတတ္တယ္။ ".... ဆိုရင္" ဆိုတဲ့ အေတြးေတြနဲ႔ တစ္ေယာက္တည္း ေသာကေတြမ်ားေနၿပီး ခ်စ္ရမွာ ေၾကာက္ေနသူတစ္ဦးနဲ႔ ခ်စ္သူျဖစ္ႏိုင္ပါ့မလား။
၁။ ဘယ္လိုသိႏိုင္မလဲ
ပါးစပ္ကထုတ္မေျပာေပမဲ့ အခ်စ္ကို ေၾကာက္ေနသူမွန္း သိရေအာင္ သူ႔ရဲ႕အျပဳအမူေတြကိုၾကည့္ပါ။ ခ်စ္ေနတယ္ဆုိတာ သူကိုယ္တုိင္ သိရဲ႕သားနဲ႔ အတင္းတြန္းထုတ္ေနမိတယ္။ အေၾကာင္းျပခ်က္မရွိဘဲနဲ႔လည္း စိတ္ဆိုး စိတ္တိုေနတာမ်ိဳး။ ဒါေပမဲ့ ေပ်ာ္စရာ ၊ ဝမ္းနည္းစရာ တစ္ခုခု ရွိလာၿပီဆုိရင္ေတာ့ ခ်စ္ေနတဲ့သူကို ေျပာျဖစ္တယ္။ ခ်စ္ေနတယ္ဆုိတာကို ဘယ္ေတာ့မွထုတ္ေျပာဖုိ႔ မႀကိဳးစားဘူး။ သူ႔ကိုယ္သူ သိမ္ငယ္ေနတယ္။
၂။ သူနဲ႔ ခ်စ္သူျဖစ္ရင္ ၿမဲပါ့မလား
ၿမဲႏိုင္ပါတယ္။ ကိုယ့္ဘက္က တကယ္လည္းခ်စ္တယ္ ၊ တည္ၿမဲဖုိ႔အတြက္လည္း အားထုတ္မယ္ဆုိရင္ေပါ့။ ကိုယ့္ဘက္က ခံစားရတာကို သူ႔ကိုေျပာပါ။ သူက သိမ္ငယ္တတ္သူဆုိေပမဲ့ ကိုယ့္ကို ကူညီေထာက္ပံ့ေပးတတ္သူ ျဖစ္လာေအာင္ သူ႔ကိုအားကိုးပါ။ သူတတ္ႏိုင္တဲ့၊ လုပ္ေပးႏိုင္တဲ့ အေနအထားမ်ိဳးမွာေပါ့။ သူ႔ဘက္က တတ္ႏုိင္သမွ် ကူညီေဆာင္ရြက္ေပးေပမဲ့ အဆင္မေျပရင္လည္း အျပစ္မေျပာနဲ႔ေနာ္။ သူ႔မွာ စိုးရိမ္ေၾကာင့္ၾကစိတ္ ရွိေနတယ္ဆုိတာ မေမ့လိုက္နဲ႔ဦး။ ကိုယ့္အေနနဲ႔လည္း အေကာင္းဆံုး ႀကိဳးစားေနတယ္ဆိုတာလည္း သူသိပါေစ။
ကိုယ့္ကိုယ္ကိုယ္ အၿမဲတမ္း သတိေပးရမွာကေတာ့ ကိုယ္ဟာ အခ်စ္ခံရဖုိ႔ ထိုက္တန္သူတစ္ေယာက္ဆိုတာပါပဲ။ အခ်စ္ခံရမယ့္သူ၊ အဖိုးတန္တဲ့သူ ျဖစ္ပါတယ္။ ကိုယ္တိုင္လည္း အခ်စ္ေၾကာင့္ ဒဏ္ရာေတြ ရဖူးတယ္ဆိုရင္ သူ႔ဘက္က ခံစားေနရတဲ့ စိုးရြံ႕ပူပန္မႈေတြကိုလည္း နားလည္ေပးၾကည့္ဖုိ႔ ႀကိဳးစားပါ။ ဒါက လြယ္မွာေတာ့ မဟုတ္ဘူး။ အခ်ိန္လည္း ယူရပါလိမ့္မယ္။ ကိုယ္ခ်စ္တဲ့၊ တန္ဖိုးထားတဲ့လူတစ္ေယာက္ကို ဂ႐ုစိုက္ေပးရတာက ရင့္က်က္သူေတြမွပဲ လုပ္ႏုိင္မယ့္အရာ ဆိုေပမဲ့ ကိုယ့္ရဲ႕တန္ဖိုးကို ပိုၿပီး ျမင့္တက္လာေစပါလိမ့္မယ္ေနာ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Relationship တစ်ခုမှာ စိုးရိမ်ကြောင့်ကြမှုတွေဆိုတာ ရှိစမြဲ... အထူးသဖြင့် ချစ်သူဖြစ်စ အခြေအနေမျိုးမှာပေါ့။ အချစ်ကြောင့် စိုးရိမ်ပူပန်မှုတွေဟာ မကြာခဏဆိုသလို အငြင်းပွားစရာလေးတွေဆီ ဦးတည်လာတတ်တယ်။ ".... ဆိုရင်" ဆိုတဲ့ အတွေးတွေနဲ့ တစ်ယောက်တည်း သောကတွေများနေပြီး ချစ်ရမှာ ကြောက်နေသူတစ်ဦးနဲ့ ချစ်သူဖြစ်နိုင်ပါ့မလား။
၁။ ဘယ်လိုသိနိုင်မလဲ
ပါးစပ်ကထုတ်မပြောပေမဲ့ အချစ်ကို ကြောက်နေသူမှန်း သိရအောင် သူ့ရဲ့အပြုအမူတွေကိုကြည့်ပါ။ ချစ်နေတယ်ဆိုတာ သူကိုယ်တိုင် သိရဲ့သားနဲ့ အတင်းတွန်းထုတ်နေမိတယ်။ အကြောင်းပြချက်မရှိဘဲနဲ့လည်း စိတ်ဆိုး စိတ်တိုနေတာမျိုး။ ဒါပေမဲ့ ပျော်စရာ ၊ ဝမ်းနည်းစရာ တစ်ခုခု ရှိလာပြီဆိုရင်တော့ ချစ်နေတဲ့သူကို ပြောဖြစ်တယ်။ ချစ်နေတယ်ဆိုတာကို ဘယ်တော့မှထုတ်ပြောဖို့ မကြိုးစားဘူး။ သူ့ကိုယ်သူ သိမ်ငယ်နေတယ်။
၂။ သူနဲ့ ချစ်သူဖြစ်ရင် မြဲပါ့မလား
မြဲနိုင်ပါတယ်။ ကိုယ့်ဘက်က တကယ်လည်းချစ်တယ် ၊ တည်မြဲဖို့အတွက်လည်း အားထုတ်မယ်ဆိုရင်ပေါ့။ ကိုယ့်ဘက်က ခံစားရတာကို သူ့ကိုပြောပါ။ သူက သိမ်ငယ်တတ်သူဆိုပေမဲ့ ကိုယ့်ကို ကူညီထောက်ပံ့ပေးတတ်သူ ဖြစ်လာအောင် သူ့ကိုအားကိုးပါ။ သူတတ်နိုင်တဲ့၊ လုပ်ပေးနိုင်တဲ့ အနေအထားမျိုးမှာပေါ့။ သူ့ဘက်က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးပေမဲ့ အဆင်မပြေရင်လည်း အပြစ်မပြောနဲ့နော်။ သူ့မှာ စိုးရိမ်ကြောင့်ကြစိတ် ရှိနေတယ်ဆိုတာ မမေ့လိုက်နဲ့ဦး။ ကိုယ့်အနေနဲ့လည်း အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာလည်း သူသိပါစေ။
ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေးရမှာကတော့ ကိုယ်ဟာ အချစ်ခံရဖို့ ထိုက်တန်သူတစ်ယောက်ဆိုတာပါပဲ။ အချစ်ခံရမယ့်သူ၊ အဖိုးတန်တဲ့သူ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အချစ်ကြောင့် ဒဏ်ရာတွေ ရဖူးတယ်ဆိုရင် သူ့ဘက်က ခံစားနေရတဲ့ စိုးရွံ့ပူပန်မှုတွေကိုလည်း နားလည်ပေးကြည့်ဖို့ ကြိုးစားပါ။ ဒါက လွယ်မှာတော့ မဟုတ်ဘူး။ အချိန်လည်း ယူရပါလိမ့်မယ်။ ကိုယ်ချစ်တဲ့၊ တန်ဖိုးထားတဲ့လူတစ်ယောက်ကို ဂရုစိုက်ပေးရတာက ရင့်ကျက်သူတွေမှပဲ လုပ်နိုင်မယ့်အရာ ဆိုပေမဲ့ ကိုယ့်ရဲ့တန်ဖိုးကို ပိုပြီး မြင့်တက်လာစေပါလိမ့်မယ်နော်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အခ်စ္ကိုေၾကာက္ေနသူနဲ႔ ခ်စ္သူေတြ ျဖစ္ႏိုင္ပါ့မလား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။