iMyanmarHouse.com - Best Property Website for Myanmar
×

ကာယိေျႏၵပ်က္မႈျဖင့္ အမႈဖြင့္ထားေသာ အမ်ဳိးသမီးတစ္ဦးအား ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ)ျဖင့္ ျပန္လည္အမႈဖြင့္လိုက္ေၾကာင္း ေဗဒင္ဆရာ ေအာင္ခ်စ္ပို၏ ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးစိုးဝင္းေအာင္က မဇၥ်ိမသို႔ေျပာသည္။

လက္ရိွတြင္ ရန္ကုန္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာလမ္း၊ ကိုးထပ္ႀကီးဘုရားတြင္ ေဗဒင္ေဟာခန္းဖြင့္ထားသူ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)ျဖင့္အမႈဖြင့္ထားမႈ ၂ ဦးရွိၿပီ ျဖစ္ေၾကာင္း သိရသည္။

“ ၿဖိဳးေဝဝင္းကို ဖြင့္ထားပါတယ္ ။ ၆၆(ဃ)နဲ႔၊ ေနာက္တစ္ေယာက္က ေကခိုင္ျမင့္ျမတ္ပါ။ သူကိုလည္း စမ္းေခ်ာင္း ရဲစခန္းမွာ ၆၆(ဃ) နဲ႔ ဖြင့္ထားတယ္လို႔ သိရပါတယ္။ ကၽြန္ေတာ္ကိုေတာ့ အမႈဖြင့္ဖို႔အတြက္ တိတိက်က် လႊဲအပ္ ထားတာ မရွိေသးပါဘူး။ သူက လုပ္မယ္ဆိုမွ ကၽြန္ေတာ္ကို ေျပာတာပါ။ ဒါေပမယ့္ သူ႔အေနနဲ႔ သူေျပာတဲ့ ပံု ကေတာ့ သူ ဒီကေလးမေလးေတြကို မစြဲခ်င္ဘူးေပါ့။ ကေလးမေလးက ၃၅၄ နဲ႔ အမႈဖြင့္တယ္ေျပာတယ္။ ေကခိုင္ျမင့္ျမတ္ကေလ။ ကာယိေျႏၵပ်က္တယ္ဆိုၿပီး ဖြင့္တာေပါ့။ အဲ့ဒါေၾကာင့္မို႔ သူဖြင့္လိုက္ရတာေပါ့။ က်န္တဲ့ သူေတြကိုေတာ့ အမႈဖြင့္၊ မဖြင့္ သူမေျပာႏိုင္ေသးဘူးေပါ့။ သူ႔ကို မတိုက္ခိုက္ရင္ သူဘာမွ မလုပ္ပါဘူးလို႔ ေျပာပါတယ္”ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးစိုးဝင္းေအာင္က ေျပာသည္။

ေဗဒင္ဆရာ ေအာင္ခ်စ္ပိုမွာ ၎ထံေဗဒင္လာေမးသည့္ မိန္းကေလးမ်ားအား ယၾတာေခ်ေပးမည္ဟုဆိုကာ မ ဖြယ္မရာျပဳလုပ္ခဲ့ေၾကာင္း အမ်ိဳးသမီးေဖ့ဘုတ္စ္အေကာင့္တစ္ခ်ိဳ႕က လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသား တင္ခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါ ေရးသားမႈမ်ားႏွင့္ပတ္သက္ၿပီး Phyo Wai Win အေကာင့္မွ “ေဗဒင္ေဟာတယ္ဆိုၿပီး မိန္းကေလး ေတြကို ဟိုကိုင္ဒီကိုင္လုပ္တဲ့ ကိုးထပ္ႀကီးဘုရားက ေအာင္ခ်စ္ပိုေဗဒင္ခန္းအေၾကာင္း ဒါမ်ိဳးေတြက်ေတာ့ေရာ ၾကည့္ေကာင္းေနၾကသလား ျပည္သူ႔ရဲ”ဟု ထပ္မံေရးသားတင္ခဲ့သျဖင့္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက ဇန္နဝါရီလ ၂၇ ရက္တြင္ Phyo Wai Win အေကာင့္ပိုင္ရွင္အား ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ) ျဖင့္ စမ္းေခ်ာင္းၿမိဳ႕မရဲ စခန္းတြင္ စတင္ အမႈဖြင့္တိုင္ၾကားခဲ့ျခင္း ျဖစ္သည္။

ေကခိုင္ျမင့္ျမတ္အေကာင့္ပိုင္ရွင္က ေဗဒင္ဆရာေအာင္ခ်စ္ပိုအား စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းတြင္ မိန္းမ၏ ကာယိ ေျႏၵပ်က္စီးေစရန္အၾကံျဖင့္ လက္ေရာက္မႈက်ဴးလြန္ျခင္း ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၅၄ ျဖင့္အမႈဖြင့္ တိုင္ၾကား ခဲ့သျဖင့္ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔တြင္ ေဗဒင္ဆရာေအာင္ခ်စ္ပိုက ေကခိုင္ျမင့္ျမတ္အား စမ္းေခ်ာင္းရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ- ၆၆(ဃ) ျဖင့္ ျပန္လည္အမႈဖြင့္ တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ျပႆနာမ်ားႏွင့္ ပတ္သက္ၿပီး ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက ၿပီးခဲ့သည့္ ဇန္နဝါရီလ ၃၁ ရက္ေန႔တြင္ သတင္းစာရွင္းလင္းပြဲတစ္ရပ္ျပဳလုပ္ၿပီး ၎အေနျဖင့္ အမ်ိဳးသမီးမ်ားအေပၚထိုသို႔ က်ဴးလြန္ခဲ့ျခင္းမရွိေၾကာင္း ျငင္းဆိုခဲ့ေသာ္လည္း အမ်ိဳးသမီးတခ်ိဳ႕မွာ မီဒီယာအင္တာဗ်ဴးမ်ားတြင္ ေဗဒင္ဆရာေအာင္ခ်စ္ပိုမွာ သူမတို႔ အေပၚ ယၾတာေခ်ေပးမည္ဟုဆိုကာ ကိုယ္ထိလက္ေရာက္ မဖြယ္မရာက်ဴးလြန္ခဲ့ေၾကာင္း ေျဖဆိုမႈမ်ားရွိခဲ့ သည္။

မိန္းမ၏ကာယိ ေျႏၵပ်က္စီးေစရန္အၾကံျဖင့္ လက္ေရာက္မႈက်ဴးလြန္ျခင္း ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃၅၄ မွာ အျမင့္ဆံုး ေထာင္ဒဏ္ ၂ ႏွစ္ အထိခ်မွတ္ႏိုင္သည့္အျပင္ ေငြဒဏ္ပါခ်မွတ္ႏိုင္သည္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကာယိနြေ္ဒပျက်မှုဖြင့် အမှုဖွင့်ထားသော အမျိုးသမီးတစ်ဦးအား ဗေဒင်ဆရာ အောင်ချစ်ပိုက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ပြန်လည်အမှုဖွင့်လိုက်ကြောင်း ဗေဒင်ဆရာ အောင်ချစ်ပို၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟောခန်းဖွင့်ထားသူ ဗေဒင်ဆရာ အောင်ချစ်ပိုက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့်အမှုဖွင့်ထားမှု ၂ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

“ ဖြိုးဝေဝင်းကို ဖွင့်ထားပါတယ် ။ ၆၆(ဃ)နဲ့၊ နောက်တစ်ယောက်က ကေခိုင်မြင့်မြတ်ပါ။ သူကိုလည်း စမ်းချောင်း ရဲစခန်းမှာ ၆၆(ဃ) နဲ့ ဖွင့်ထားတယ်လို့ သိရပါတယ်။ ကျွန်တော်ကိုတော့ အမှုဖွင့်ဖို့အတွက် တိတိကျကျ လွှဲအပ် ထားတာ မရှိသေးပါဘူး။ သူက လုပ်မယ်ဆိုမှ ကျွန်တော်ကို ပြောတာပါ။ ဒါပေမယ့် သူ့အနေနဲ့ သူပြောတဲ့ ပုံ ကတော့ သူ ဒီကလေးမလေးတွေကို မစွဲချင်ဘူးပေါ့။ ကလေးမလေးက ၃၅၄ နဲ့ အမှုဖွင့်တယ်ပြောတယ်။ ကေခိုင်မြင့်မြတ်ကလေ။ ကာယိနြေ္ဒပျက်တယ်ဆိုပြီး ဖွင့်တာပေါ့။ အဲ့ဒါကြောင့်မို့ သူဖွင့်လိုက်ရတာပေါ့။ ကျန်တဲ့ သူတွေကိုတော့ အမှုဖွင့်၊ မဖွင့် သူမပြောနိုင်သေးဘူးပေါ့။ သူ့ကို မတိုက်ခိုက်ရင် သူဘာမှ မလုပ်ပါဘူးလို့ ပြောပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်က ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုမှာ ၎င်းထံဗေဒင်လာမေးသည့် မိန်းကလေးများအား ယတြာချေပေးမည်ဟုဆိုကာ မ ဖွယ်မရာပြုလုပ်ခဲ့ကြောင်း အမျိုးသမီးဖေ့ဘုတ်စ်အကောင့်တစ်ချို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား တင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ရေးသားမှုများနှင့်ပတ်သက်ပြီး Phyo Wai Win အကောင့်မှ “ဗေဒင်ဟောတယ်ဆိုပြီး မိန်းကလေး တွေကို ဟိုကိုင်ဒီကိုင်လုပ်တဲ့ ကိုးထပ်ကြီးဘုရားက အောင်ချစ်ပိုဗေဒင်ခန်းအကြောင်း ဒါမျိုးတွေကျတော့ရော ကြည့်ကောင်းနေကြသလား ပြည်သူ့ရဲ”ဟု ထပ်မံရေးသားတင်ခဲ့သဖြင့် ဗေဒင်ဆရာ အောင်ချစ်ပိုက ဇန်နဝါရီလ ၂၇ ရက်တွင် Phyo Wai Win အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စမ်းချောင်းမြို့မရဲ စခန်းတွင် စတင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်က ဗေဒင်ဆရာအောင်ချစ်ပိုအား စမ်းချောင်းမြို့မရဲစခန်းတွင် မိန်းမ၏ ကာယိ နြေ္ဒပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၄ ဖြင့်အမှုဖွင့် တိုင်ကြား ခဲ့သဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဗေဒင်ဆရာအောင်ချစ်ပိုက ကေခိုင်မြင့်မြတ်အား စမ်းချောင်းရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) ဖြင့် ပြန်လည်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြဿနာများနှင့် ပတ်သက်ပြီး ဗေဒင်ဆရာ အောင်ချစ်ပိုက ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ၎င်းအနေဖြင့် အမျိုးသမီးများအပေါ်ထိုသို့ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း အမျိုးသမီးတချို့မှာ မီဒီယာအင်တာဗျူးများတွင် ဗေဒင်ဆရာအောင်ချစ်ပိုမှာ သူမတို့ အပေါ် ယတြာချေပေးမည်ဟုဆိုကာ ကိုယ်ထိလက်ရောက် မဖွယ်မရာကျူးလွန်ခဲ့ကြောင်း ဖြေဆိုမှုများရှိခဲ့ သည်။

မိန်းမ၏ကာယိ နြေ္ဒပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄ မှာ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် အထိချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်သည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top