iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔ ပန္းသီး တစ္လံုးစားလွ်င္  ဆရာဝန္ပင္ မလိုဟု အေနာက္တိုင္း ဆို႐ိုးရွိသည္။
သို႔ရာတြင္ ပန္းသီးမွ ရရွိေသာ ေကာင္းက်ိဳးမ်ား ကိုမူ တိက်စြာ မေျပာႏိုင္ေပ။ ေအာက္ေဖာ္ျပပါ အခ်က္မ်ားသည္ ပန္းသီး စားသံုးျခင္း၏ ဆို႐ိုးကို ေထာက္ခံေသာ ရလဒ္မ်ားပင္ျဖစ္သည္။

၁။ အ႐ိုးကို ကာကြယ္ျခင္း

Flavanoid ျဒပ္ေပါင္းသည္  ေသြးဆံုးၿပီး အမ်ိဳးသမီးမ်ား၏ အ႐ိုး သိပ္သည္းဆကို ျမင့္မားေစသည္ဟု ျပင္သစ္ သုေတသီမ်ားက ဆုိသည္။ အဆုိပါ ျဒပ္ေပါင္းသည္ ပန္းသီး၌သာ ပါရွိသည္။ ထုိ႔အျပင္ ပန္းသီးတြင္ ပါသည့္ Boron ျဒပ္ေပါင္း သည္လည္း အ႐ိုးမ်ားကို ခိုင္မာေစသည္။

၂။ ပန္းနာရင္က်ပ္ ေရာဂါမွ ကာကြယ္ျခင္း

မၾကာေသးမီက ေလ့လာ စမ္းသပ္ခ်က္ အရ ပန္းသီး ေဖ်ာ္ရည္ကို ေန႔စဥ္ ေသာက္သံုးေသာ ကေလးမ်ားသည္ တစ္လ တစ္ႀကိမ္သာ ေသာက္ေသာ ကေလးမ်ားထက္ ပန္းနာေဝဒနာ ခံစားရမႈမွ ေလ်ာ့နည္းေစသည္ဟု သိရသည္။ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းမ်ား၌ ပန္းသီးမ်ားမ်ား စားသံုးသူမ်ားႏွင့္ ပန္းသီး မစားေသာသူမ်ားကို ႏႈိင္းယွဥ္ၾကည့္ပါက ေမြးဖြားလာေသာ ကေလးမ်ားတြင္ ပန္းသီး စားသံုးမႈမ်ားေသာ မိခင္၏ ကေလး၌ ပန္းနာရင္က်ပ္ ေရာဂါျဖစ္ပြားမႈ နည္းပါးေၾကာင္း ေတြ႕ရသည္ဟုဆိုသည္။

၃။ အယ္လ္ဇုိင္းမား ေရာဂါမွ ကာကြယ္ျခင္း

အေမရိကန္ႏုိင္ငံ Cornell တကၠသိုလ္မွ သိပၸံပညာရွင္ မ်ား၏ ၾကြက္မ်ား ႏွင့္စမ္းသပ္ခ်က္ အရ ပန္းသီးတြင္ ပါဝင္ေသာ quercetin ျဒပ္ေပါင္းသည္ ဦးေႏွာက္ဆဲလ္ မ်ားရွိ Free radical မ်ား ပ်က္စီးျခင္းမွ ကာကြယ္ေပးသည္။ ယင္းသည္ အယ္လ္ဇုိင္းမား ေရာဂါျဖစ္ပြားမႈ ေလ်ာ့က်ေစသည္ဟု ဆိုသည္။

၄။ ကိုလက္စထေရာ က်ဆင္းေစျခင္း

တစ္ေန႔လွ်င္ ပန္းသီးႏွစ္လံုး စားသံုးပါက ေသြးတြင္း အဆီဓာတ္ကုိ ၁၆ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္း ေစႏိုင္ေၾကာင္း သိရသည္။

၅။ အဆုတ္ကင္ဆာ ျဖစ္ပြားျခင္းမွ ကာကြယ္ျခင္း

သုေတသီမ်ား၏ ေလ့လာခ်က္ အရ ပန္းသီး စားသံုးေသာသူ ၁ဝဝဝဝ တြင္ အဆုတ္ကင္ဆာ ျဖစ္ပြားမႈ ၅ဝ ရာခိုင္ႏႈန္း ေလ်ာ့က်ေစသည္။

၆။ ရင္သားကင္ဆာ ျဖစ္ပြားမႈမွ ကာကြယ္ေပးျခင္း

Cornell တကၠသိုလ္မွ စမ္းသပ္ခ်က္ အရ တစ္ေန႔ ပန္းသီးတစ္လံုးႏႈန္း  အေကြၽးခံရေသာ ၾကြက္မ်ားတြင္ ရင္သားကင္ဆာ ျဖစ္ပြားမႈ ၁၆ ရာခုိင္ႏႈန္း ကာကြယ္ေၾကာင္း ေတြ႕ရသည္ဟု ဆိုသည္။ အဆိုပါ ၾကြက္မ်ားကို တစ္ေန႔ ပန္းသီးသံုးလံုး ေကြၽးေသာအခါ ၃၉ ရာခိုင္ႏႈန္း အထိ ကာကြယ္ေၾကာင္း၊ တစ္ေန႔ ေျခာက္လံုးအထိ ေကြၽးလွ်င္ ၄၄ ရာခိုင္ႏႈန္း ကာကြယ္ေစေၾကာင္း စမ္းသပ္ ေတြ႕ရွိရေၾကာင္း သိရသည္။

၇။ အူမႀကီးကင္ဆာ ျဖစ္ပြားမႈမွ ကာကြယ္ေပးျခင္း

အဆုိပါ တကၠသိုလ္၏ ေလ့လာခ်က္ အရ ပန္းသီးေဖ်ာ္ရည္ တိုက္ေကြၽးခဲ့ေသာ ၾကြက္မ်ား၌ အူမႀကီးကင္ဆာ ျဖစ္ပြားမႈမွ ၄၃ ရာခုိင္ႏႈန္း အထိ ကာကြယ္မႈ ေပးေၾကာင္း ေလ့လာ ေတြ႕ရွိရသည္။ ပန္းသီးရွိ Pectin ျဒပ္ေပါင္းသည္ အူလမ္းေၾကာင္း တစ္ေလွ်ာက္ရွိ အစာေျခစနစ္ကို အေထာက္အကူ ျပဳ႐ုံမက အူမႀကီးကင္ဆာ ျဖစ္ပြားမႈကို ထိန္းခ်ဳပ္ေပးသည္။

၈။ အသည္းကင္ဆာ ျဖစ္ပြားမႈ ေလ်ာ့နည္းေစျခင္း

ပန္းသီးအခြံပါ ေရာႀကိတ္ ထားသည့္ ေဖ်ာ္ရည္ ေသာက္သံုးပါက အသည္းကင္ဆာ ျဖစ္ပြားမႈကို ၅၇ ရာခိုင္ႏႈန္း အထိ ကာကြယ္ေပးသည္။

၉။ ဆီးခ်ဳိေသြးခ်ဳိကို ထိန္းညိႇေပးျခင္း

လူ႕ခႏၶာကိုယ္ရွိ ဂလာက်ဴတိုးနစ္ အက္စစ္ကို ပန္းသီးတြင္ ပါဝင္သည့္ Pectin ျဒပ္ေပါင္းက အေထာက္အပံ့ ေပးျခင္းျဖင့္ ဆီးခ်ိဳေသြးခ်ိဳကို ထိန္းညိႇေပးသည္။

၁ဝ။ ကိုယ္အေလးခ်ိန္ တက္မလာေအာင္ ကာကြယ္ႏုိင္ျခင္း

ကိုယ္အေလးခ်ိန္ ေလွ်ာ့ေနစဥ္  အခ်ိန္အတြင္း  ပန္းသီး သို႔မဟုတ္ သစ္ေတာ္သီး သုံးလံုးစားေသာ အမ်ိဳးသမီး မ်ားသည္ မစားေသာ အမ်ိဳးသမီး မ်ားထက္ ကိုယ္အေလးခ်ိန္ က်ႏႈန္း ပို၍ ျမန္ဆန္ေၾကာင္းကို ဘရာဇီး သုေတသီတို႔က ေလ့လာခ်က္ အေနျဖင့္ ေဖာ္ျပထားသည္။

Source : NPE

Credit : +HealthPlusMm
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်နေ့ ပန်းသီး တစ်လုံးစားလျှင်  ဆရာဝန်ပင် မလိုဟု အနောက်တိုင်း ဆိုရိုးရှိသည်။
သို့ရာတွင် ပန်းသီးမှ ရရှိသော ကောင်းကျိုးများ ကိုမူ တိကျစွာ မပြောနိုင်ပေ။ အောက်ဖော်ပြပါ အချက်များသည် ပန်းသီး စားသုံးခြင်း၏ ဆိုရိုးကို ထောက်ခံသော ရလဒ်များပင်ဖြစ်သည်။

၁။ အရိုးကို ကာကွယ်ခြင်း

Flavanoid ဒြပ်ပေါင်းသည်  သွေးဆုံးပြီး အမျိုးသမီးများ၏ အရိုး သိပ်သည်းဆကို မြင့်မားစေသည်ဟု ပြင်သစ် သုတေသီများက ဆိုသည်။ အဆိုပါ ဒြပ်ပေါင်းသည် ပန်းသီး၌သာ ပါရှိသည်။ ထို့အပြင် ပန်းသီးတွင် ပါသည့် Boron ဒြပ်ပေါင်း သည်လည်း အရိုးများကို ခိုင်မာစေသည်။

၂။ ပန်းနာရင်ကျပ် ရောဂါမှ ကာကွယ်ခြင်း

မကြာသေးမီက လေ့လာ စမ်းသပ်ချက် အရ ပန်းသီး ဖျော်ရည်ကို နေ့စဉ် သောက်သုံးသော ကလေးများသည် တစ်လ တစ်ကြိမ်သာ သောက်သော ကလေးများထက် ပန်းနာဝေဒနာ ခံစားရမှုမှ လျော့နည်းစေသည်ဟု သိရသည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၌ ပန်းသီးများများ စားသုံးသူများနှင့် ပန်းသီး မစားသောသူများကို နှိုင်းယှဉ်ကြည့်ပါက မွေးဖွားလာသော ကလေးများတွင် ပန်းသီး စားသုံးမှုများသော မိခင်၏ ကလေး၌ ပန်းနာရင်ကျပ် ရောဂါဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရသည်ဟုဆိုသည်။

၃။ အယ်လ်ဇိုင်းမား ရောဂါမှ ကာကွယ်ခြင်း

အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်မှ သိပ္ပံပညာရှင် များ၏ ကြွက်များ နှင့်စမ်းသပ်ချက် အရ ပန်းသီးတွင် ပါဝင်သော quercetin ဒြပ်ပေါင်းသည် ဦးနှောက်ဆဲလ် များရှိ Free radical များ ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ယင်းသည် အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားမှု လျော့ကျစေသည်ဟု ဆိုသည်။

၄။ ကိုလက်စထရော ကျဆင်းစေခြင်း

တစ်နေ့လျှင် ပန်းသီးနှစ်လုံး စားသုံးပါက သွေးတွင်း အဆီဓာတ်ကို ၁၆ ရာခိုင်နှုန်းအထိ လျော့နည်း စေနိုင်ကြောင်း သိရသည်။

၅။ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း

သုတေသီများ၏ လေ့လာချက် အရ ပန်းသီး စားသုံးသောသူ ၁ဝဝဝဝ တွင် အဆုတ်ကင်ဆာ ဖြစ်ပွားမှု ၅ဝ ရာခိုင်နှုန်း လျော့ကျစေသည်။

၆။ ရင်သားကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း

Cornell တက္ကသိုလ်မှ စမ်းသပ်ချက် အရ တစ်နေ့ ပန်းသီးတစ်လုံးနှုန်း  အကျွေးခံရသော ကြွက်များတွင် ရင်သားကင်ဆာ ဖြစ်ပွားမှု ၁၆ ရာခိုင်နှုန်း ကာကွယ်ကြောင်း တွေ့ရသည်ဟု ဆိုသည်။ အဆိုပါ ကြွက်များကို တစ်နေ့ ပန်းသီးသုံးလုံး ကျွေးသောအခါ ၃၉ ရာခိုင်နှုန်း အထိ ကာကွယ်ကြောင်း၊ တစ်နေ့ ခြောက်လုံးအထိ ကျွေးလျှင် ၄၄ ရာခိုင်နှုန်း ကာကွယ်စေကြောင်း စမ်းသပ် တွေ့ရှိရကြောင်း သိရသည်။

၇။ အူမကြီးကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း

အဆိုပါ တက္ကသိုလ်၏ လေ့လာချက် အရ ပန်းသီးဖျော်ရည် တိုက်ကျွေးခဲ့သော ကြွက်များ၌ အူမကြီးကင်ဆာ ဖြစ်ပွားမှုမှ ၄၃ ရာခိုင်နှုန်း အထိ ကာကွယ်မှု ပေးကြောင်း လေ့လာ တွေ့ရှိရသည်။ ပန်းသီးရှိ Pectin ဒြပ်ပေါင်းသည် အူလမ်းကြောင်း တစ်လျှောက်ရှိ အစာခြေစနစ်ကို အထောက်အကူ ပြုရုံမက အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ထိန်းချုပ်ပေးသည်။

၈။ အသည်းကင်ဆာ ဖြစ်ပွားမှု လျော့နည်းစေခြင်း

ပန်းသီးအခွံပါ ရောကြိတ် ထားသည့် ဖျော်ရည် သောက်သုံးပါက အသည်းကင်ဆာ ဖြစ်ပွားမှုကို ၅၇ ရာခိုင်နှုန်း အထိ ကာကွယ်ပေးသည်။

၉။ ဆီးချိုသွေးချိုကို ထိန်းညှိပေးခြင်း

လူ့ခန္ဓာကိုယ်ရှိ ဂလာကျူတိုးနစ် အက်စစ်ကို ပန်းသီးတွင် ပါဝင်သည့် Pectin ဒြပ်ပေါင်းက အထောက်အပံ့ ပေးခြင်းဖြင့် ဆီးချိုသွေးချိုကို ထိန်းညှိပေးသည်။

၁ဝ။ ကိုယ်အလေးချိန် တက်မလာအောင် ကာကွယ်နိုင်ခြင်း

ကိုယ်အလေးချိန် လျှော့နေစဉ်  အချိန်အတွင်း  ပန်းသီး သို့မဟုတ် သစ်တော်သီး သုံးလုံးစားသော အမျိုးသမီး များသည် မစားသော အမျိုးသမီး များထက် ကိုယ်အလေးချိန် ကျနှုန်း ပို၍ မြန်ဆန်ကြောင်းကို ဘရာဇီး သုတေသီတို့က လေ့လာချက် အနေဖြင့် ဖော်ပြထားသည်။

Source : NPE

Credit : +HealthPlusMm

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top