iMyanmarHouse.com - Best Property Website for Myanmar
×

 ေႏြရာသီရဲ႕အပူဒဏ္ခံစားေနရခ်ိန္မွာ ေအးျမလန္းဆန္းတဲ့ သခြားသီးရဲ႕အရသာကို လူတိုင္းႏွစ္သက္ၾကပါ တယ္။ သခြားသီးမွာ ဗီတာမင္ K ၊ ဗီတာမင္ C ၊ မဂၢနီဆီယမ္၊ ရစ္ဘိုဖလာဗင္၊ ဘီ 6 ၊ပန္တိုသမ္နစ္အက္ဆစ္၊ ကယ္လ္စီယမ္၊ သံဓာတ္၊ေဖာ့စဖရပ္စ္၊ ဇင့္နဲ႔ ဆီလီကာ တို႔လို အာဟာရဓာတ္ေတြ ပါဝင္ပါတယ္။ သည္စြယ္စံုအာနိသင္ပါတဲ့အသီးမွာ ေရဓာတ္က ၉၅ ရာခိုင္ႏႈန္းပါဝင္ျပီး ကယ္လိုရီ၊အဆီဓာတ္နဲ႔ ကိုလက္စထေရာတို႔ ပါဝင္မႈနည္းပါးပါတယ္။ သခြားသီး ၁၀၀ ဂရမ္မွာ ကာဘိုဟိုက္ဒရိတ္အျဖစ္နဲ႔ ၁၂ ကယ္လိုရီသာ ပါဝင္တာျဖစ္ပါတယ္။

၁။ ခႏၶာကိုယ္မွာ အယ္ကာလိုင္းထုတ္လုပ္နိုင္စြမ္းတိုးေစ

သခြားသီးေတြဟာ အထူးသျဖင့္ မွားယြင္းတဲ့စားေသာက္ပံုအမူအက်င့္ေတြေၾကာင့္ ခႏၶာကိုယ္မွာအက္ဆစ္ဓာတ္ မ်ားေနတဲ့သူေတြအတြက္ အယ္ကာလိုင္းထုတ္လုပ္ေပးနိုင္စြမ္းရွိပါတယ္။ခႏၶာကိုယ္ က်န္းမာခ်င္တယ္ဆိုရင္ေတာ့ အယ္ကာလိုင္းအနည္းငယ္ေတာ့ရွိေနရမွာျဖစ္ပါတယ္။

၂။ အသားအေရအတြက္ အေကာင္းဆံုးအလွကုန္ပစၥည္း

သခြားသီးကို မ်က္ကြင္းညိဳျခင္း၊မ်က္ခံြမို႔အစ္ျခင္းနဲ႔ ေနေလာင္ျခင္းတို႔အပါအဝင္ အေရျပားျပႆနာအမ်ိဳးမ်ိဳး အတြက္ အသံုးျပဳေလ့ရွိပါတယ္။ သခြားသီးမွာပါတဲ့ ျဒပ္ေပါင္းႏွစ္မ်ိဳး ျဖစ္တဲ့ ascorbic acid နဲ႔ caffeic acid တို႔က ခႏၶာကိုယ္ထဲမွာ အရည္ဓာတ္ေတြ လိုအပ္တာထက္ပိုမစုလာေအာင္ တားဆီးေပးပါတယ္။

၃ ။ ဆီလီကာ ရရွိနိုင္တဲ့အေကာင္းဆံုးအရင္းအျမစ္

ဆီလီကာဆိုတာ တြယ္ဆက္တစ္ရွဴးေတြကို သန္မာအားေကာင္းေစနိုင္တဲ့ အလွအပဆိုင္ရာဓာတ္ပစၥည္းတစ္မ်ိဳး ျဖစ္ပါတယ္။ တြယ္ဆက္တစ္ရွဴးေတြက ခႏၶာကိုယ္တစ္ခုလံုးကို တြဲဆက္ေပးထားတဲ့အရာပါ။ တြယ္ဆက္တစ္ရွဴးေတြက ၾကြက္သား၊ အရြတ္၊အရိုးႏုနဲ႔ အရိုးတို႔မွာ ရွိပါတယ္။

၄ ။ ဆံပင္သန္ျခင္း

ဆီလီကြန္နဲ႔ဆာလဖာက ဆံပန္သန္စြမ္းမႈကို အားေပးပါတယ္။ သခြားသီးကို မုန္လာဥနီနဲ႔ ေဖ်ာ္ရည္လုပ္ေသာက္ျခင္းက သည္လုပ္ေဆာင္ခ်က္ကို အားေပးပါတယ္။

၅ ။ ဆီးရႊင္ေစျခင္း

ေရဓာတ္ပါဝင္မႈမ်ားတာေၾကာင့္လည္း ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္နဲ႔ အညစ္အေၾကးေတြကို သန္႔စင္ေပးနိုင္ပါတယ္။ သခြားသီးေတြက ယူရစ္အက္ဆစ္ကို ဖယ္ထုတ္ေပးနုိင္တာေၾကာင့္ အဆစ္ေရာင္ ေလးဖက္နာေရာဂါနဲ႔ အဆစ္အျမစ္နာက်င္မႈေတြခံစားရတဲ့သူေတြအတြက္ ေကာင္းက်ိဳးျပဳတဲ့အသီးအႏွံ တစ္ခုျဖစ္ပါတယ္။ မဂၢနီဆီယမ္ ပါဝင္တာေၾကာင့္ အာရံုေၾကာနဲ႔ၾကြက္သားေတြကို ေျပေလ်ာ့ေစျပီး ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။

၆ ။ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာ စားသံုးနုိင္

သခြားသီးမွာ ေရဓာတ္ ၉၅ ရာခိုင္ႏႈန္းပါဝင္တာေၾကာင့္ ထမင္းစားတဲ့အခါ သူ႔ကိုပုိစားေပးတာက ဗိုက္ျပည့္မႈကိုခံစားရေစနိုင္လို႔ ဝိတ္ေလွ်ာ့ရာမွာ ပိုထိေရာက္ေစပါတယ္။ ေဖ်ာ္ရည္တစ္ခြက္မွာမွ ၁၆ ကယ္လိုရီပါတဲ့ သခြားသီးေတြဟာ အာဟာရဓာတ္ၾကြယ္ဝျပီး စားရတာ တင္းတိမ္မႈခံစားရေစပါတယ္။

၇ ။ ႏွလံုးက်န္းမာေရးကို အေထာက္အကူျပဳ

သခြားသီးမွာေတြ႔ရတဲ့ lignan ေတြက ကိုယ္ခံအားကို ျမွင့္တင္ေပးျပီး ေရာင္ရမ္းမႈေလ်ာ့က်ေစနုိင္တဲ့ အစြမ္းသတၱိေၾကာင့္ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ ကိုရင္ဆိုင္ရာမွာ အက်ိဳးရွိေစပါတယ္။သခြားသီးဟာ ပိုတက္စီယမ္နဲ႔ မဂၢနီဆီယမ္တို႔လို အေရးပါတဲ့သတၱဳဓာတ္ေတြပါဝင္တာေၾကာင့္ ေသြးဖိအားအေနအထား ပံုမွန္ေကာင္းမြန္ ေစဖို႔ အရမ္းကို အေထာက္အကူေပးပါတယ္။

Credit : Kumudra
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 နွေရာသီရဲ့အပူဒဏ်ခံစားနေရချိန်မှာ အေးမြလန်းဆန်းတဲ့ သခွားသီးရဲ့အရသာကို လူတိုင်းနှစ်သက်ကြပါ တယ်။ သခွားသီးမှာ ဗီတာမင် K ၊ ဗီတာမင် C ၊ မဂ္ဂနီဆီယမ်၊ ရစ်ဘိုဖလာဗင်၊ ဘီ 6 ၊ပန်တိုသမ်နစ်အက်ဆစ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ဖော့စဖရပ်စ်၊ ဇင့်နဲ့ ဆီလီကာ တို့လို အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ သည်စွယ်စုံအာနိသင်ပါတဲ့အသီးမှာ ရေဓာတ်က ၉၅ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လိုရီ၊အဆီဓာတ်နဲ့ ကိုလက်စထရောတို့ ပါဝင်မှုနည်းပါးပါတယ်။ သခွားသီး ၁၀၀ ဂရမ်မှာ ကာဘိုဟိုက်ဒရိတ်အဖြစ်နဲ့ ၁၂ ကယ်လိုရီသာ ပါဝင်တာဖြစ်ပါတယ်။

၁။ ခန္ဓာကိုယ်မှာ အယ်ကာလိုင်းထုတ်လုပ်နိုင်စွမ်းတိုးစေ

သခွားသီးတွေဟာ အထူးသဖြင့် မှားယွင်းတဲ့စားသောက်ပုံအမူအကျင့်တွေကြောင့် ခန္ဓာကိုယ်မှာအက်ဆစ်ဓာတ် များနေတဲ့သူတွေအတွက် အယ်ကာလိုင်းထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ခန္ဓာကိုယ် ကျန်းမာချင်တယ်ဆိုရင်တော့ အယ်ကာလိုင်းအနည်းငယ်တော့ရှိနေရမှာဖြစ်ပါတယ်။

၂။ အသားအရေအတွက် အကောင်းဆုံးအလှကုန်ပစ္စည်း

သခွားသီးကို မျက်ကွင်းညိုခြင်း၊မျက်ခွံမို့အစ်ခြင်းနဲ့ နေလောင်ခြင်းတို့အပါအဝင် အရေပြားပြဿနာအမျိုးမျိုး အတွက် အသုံးပြုလေ့ရှိပါတယ်။ သခွားသီးမှာပါတဲ့ ဒြပ်ပေါင်းနှစ်မျိုး ဖြစ်တဲ့ ascorbic acid နဲ့ caffeic acid တို့က ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်တွေ လိုအပ်တာထက်ပိုမစုလာအောင် တားဆီးပေးပါတယ်။

၃ ။ ဆီလီကာ ရရှိနိုင်တဲ့အကောင်းဆုံးအရင်းအမြစ်

ဆီလီကာဆိုတာ တွယ်ဆက်တစ်ရှူးတွေကို သန်မာအားကောင်းစေနိုင်တဲ့ အလှအပဆိုင်ရာဓာတ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ တွယ်ဆက်တစ်ရှူးတွေက ခန္ဓာကိုယ်တစ်ခုလုံးကို တွဲဆက်ပေးထားတဲ့အရာပါ။ တွယ်ဆက်တစ်ရှူးတွေက ကြွက်သား၊ အရွတ်၊အရိုးနုနဲ့ အရိုးတို့မှာ ရှိပါတယ်။

၄ ။ ဆံပင်သန်ခြင်း

ဆီလီကွန်နဲ့ဆာလဖာက ဆံပန်သန်စွမ်းမှုကို အားပေးပါတယ်။ သခွားသီးကို မုန်လာဥနီနဲ့ ဖျော်ရည်လုပ်သောက်ခြင်းက သည်လုပ်ဆောင်ချက်ကို အားပေးပါတယ်။

၅ ။ ဆီးရွှင်စေခြင်း

ရေဓာတ်ပါဝင်မှုများတာကြောင့်လည်း ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ သခွားသီးတွေက ယူရစ်အက်ဆစ်ကို ဖယ်ထုတ်ပေးနိုင်တာကြောင့် အဆစ်ရောင် လေးဖက်နာရောဂါနဲ့ အဆစ်အမြစ်နာကျင်မှုတွေခံစားရတဲ့သူတွေအတွက် ကောင်းကျိုးပြုတဲ့အသီးအနှံ တစ်ခုဖြစ်ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် အာရုံကြောနဲ့ကြွက်သားတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၆ ။ ကိုယ်အလေးချိန်လျှော့ချရာမှာ စားသုံးနိုင်

သခွားသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်တာကြောင့် ထမင်းစားတဲ့အခါ သူ့ကိုပိုစားပေးတာက ဗိုက်ပြည့်မှုကိုခံစားရစေနိုင်လို့ ဝိတ်လျှော့ရာမှာ ပိုထိရောက်စေပါတယ်။ ဖျော်ရည်တစ်ခွက်မှာမှ ၁၆ ကယ်လိုရီပါတဲ့ သခွားသီးတွေဟာ အာဟာရဓာတ်ကြွယ်ဝပြီး စားရတာ တင်းတိမ်မှုခံစားရစေပါတယ်။

၇ ။ နှလုံးကျန်းမာရေးကို အထောက်အကူပြု

သခွားသီးမှာတွေ့ရတဲ့ lignan တွေက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ကိုရင်ဆိုင်ရာမှာ အကျိုးရှိစေပါတယ်။သခွားသီးဟာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို အရေးပါတဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့် သွေးဖိအားအနေအထား ပုံမှန်ကောင်းမွန် စေဖို့ အရမ်းကို အထောက်အကူပေးပါတယ်။

Credit : Kumudra

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top