နည်းလမ်း ၁
ပြုလုပ်နည်း
နည်းလမ်း ၂
ထောပတ်သီး မှည့် ၁ လုံး
ပြုလုပ်နည်း
Credit : My Style
မင်္ဂလာပါနော်။ ဆံပင်ခြောက်သွေ့ပြီး ဆံပင်ဖွာနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်းကိုမျှဝေပေးချင်ပါတယ်။
ဆံပင်ခြောက်သွေ့တာ၊ အဖျားနှစ်ခွဖြစ်တာ ဆံပင်ထိခိုက်ပျက်စီးတာတွေကြောင့် ဆံပင်ကို ပိုပြီးဖွာလန်ကြဲစေပါတယ်။ ဒါ့ကြောင့် သင်အမြဲစိတ်ညစ်နေရရင်တော့ ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။
နည်းလမ်း ၁
အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ဗီတာမင် E အဆီ စားပွဲတင်ဇွန်း တစ်ဝက်
ပြုလုပ်နည်း
ပါဝင်ပစ္စည်း နှစ်မျိုးကို ရောလိုက်ပါ။
ပြီးရင်တော့ ဆံပင်အရင်းကနေ အဖျားအထိ လိမ်းပေးလိုက်ပါ။
၁ နာရီလောက်ထားပြီး ခေါင်းလျှော်ချပါ။ တစ်ညလုံးလည်းထားနိုင်ပါတယ်နော်။
တစ်ပတ်ကို ၁ ကြိမ် ၂ ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။
နည်းလမ်း ၂
ထောပတ်သီး မှည့် ၁ လုံး
အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
Mayonnaise စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ထောပတ်သီးကို ခွက်တစ်လုံးထဲထည့်ပြီးသေချာချေပေးလိုက်ပါ။
ပြီးရင်တော့ အုန်းဆီနဲ့Mayonnaise ကိုထည့်လိုက်ပါ။
ပြီးရင် ဆံပင်အရင်းကနေ အဖျားအထိ သေချာလိမ်းပေးပြီး နာရီဝက်ထားပါ။
အဲဒီနောက် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှော်ချလိုက်ပါနော်။ တစ်ပတ်ကို ၁ ကြိမ် မှ ၂ ကြိမ်အထိလုပ်ပေါ်နိုင်ပါတယ်။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...