iMyanmarHouse.com - Best Property Website for Myanmar
×

ႏိုင္ငံအမ်ားစုတြင္  ကေလးငယ္ကို ေကာ္ဖီတုိက္ျခင္းသည္ ၾကီးၾကီးမားမား ကန္႔ကြက္ေသာ အရာျဖစ္သည္။ ကေလးငယ္ကို ဂဏွာမျငိမ္ျဖစ္ေစသည့္အျပင္ ေကာ္ဖီနွင့္ ကဖင္းပါေသာ အခ်ိဳရည္မ်ားသည္ ကေလးႏွင့္ ဆယ္ေက်ာ္သက္မ်ားအား အျခားေသာ က်န္းမာေရးဆုိင္ရာ ဆုိးက်ိဳးမ်ားစြာလည္း သက္ေရာက္ေစပါသည္။

သြားပုိးေပါက္မ်ား

ေကာ္ဖီသည္ ၎တြင္ ပါ၀င္ေသာ အက္ဆစ္ဓါတ္ေၾကာင့္ ကေလးငယ္၏ သြားမ်ားကို သြားပိုးေပါက္မ်ားျဖစ္ေစသည္။ ကေလးမ်ား၏ သြားမ်ားသည္ လူၾကီးမ်ားထက္ ပိုႏုနယ္ျပီး ခံႏိုင္ရည္အားနည္းေသာေၾကာင့္ ျဖစ္သည္။ ထုိ႔ေၾကာင့္ အက္ဆစ္ဓါတ္ပါေသာ ေကာ္ဖီသည္ သူတုိ႔ေလးေတြ၏ သြားမ်ားကို အလြယ္တကူ အားနည္းေစျပီး သြားေၾကြလႊာမ်ားကို ပ်က္စီးေစကာ သြားပိုးေပါက္မ်ား ျဖစ္ေစသည္။

ငယ္သြား ဆံုးရႈံးျပီး ၾကီးသြားလဲေသာအခါတြင္ ေၾကြလႊာအသစ္ သန္စြမ္းၾကံ ႔ခုိင္ဖုိ႔ ႏွစ္နဲ႔ ခ်ီျပီးၾကာပါသည္။ ေကာ္ဖီေသာက္ေသာကေလးမ်ားသည္ လူၾကီးမ်ားထက္ပုိျပီး သြားပိုးေပါက္ႏွင့္ ေၾကြလႊာဆံုးရႈံးျခင္း ကဲ့သို႔ေသာ ခံတြင္းက်န္းမာေရး ျပႆနာ ပိုအျဖစ္မ်ားပါသည္။

ဂဏွာမျငိမ္ျခင္း

ေကာ္ဖီသည္ ကေလးငယ္ကို ဂဏွာမျငိမ္ျဖစ္ေစသည္မွာ ထင္ရွားပါသည္။ ဂဏွာမျငိမ္ျဖစ္ေစရုံသာမက ၎သည္ လႈပ္လႈပ္ရွားရွားအျငိမ္္မေနဘဲ အာရုံစူးစုိက္ႏိုင္စြမ္း ကင္းေစသည္။ လူၾကီးမ်ားသည္ ေကာ္ဖီ၏ လန္းဆန္းေစေသာ အာနိသင္အက်ဳိးကို ရရွိခိုက္တြင္ ေက်ာင္းေနျပီး စာကို အာရုံစိုက္ရမည့္ ကေလးမ်ားအတြက္ေတာ့ ထိုအာနိသင္သည္ အလြန္အကၽြံ ျဖစ္ေစသည္။

ကေလးတြင္ ကဖင္းဓါတ္ အာနိသင္သည္ နာရီမ်ားစြာ ၾကာရွိျပီး ေက်ာင္းခ်ိန္ေန႔တစ္ပိုင္းလံုး အာနိသင္ျပႏိုင္သည္။ ၎သည္ ကေလးႏွင့္ သူငယ္ခ်င္းမ်ားၾကား ဆက္ဆံေရး၊ ေက်ာင္းစာသင္ၾကားမႈႏွင့္ ေက်ာင္းအဆင့္မ်ားကို ထိခုိက္ေစပါသည္။

အိပ္မေပ်ာ္ျခင္း

အသက္ ၅ ႏွစ္မွ ၁၂ ႏွစ္ၾကားကေလးမ်ားသည္ အနည္းဆံုး ၁၁ နာရီေလာက္ အိပ္ဖုိ႔လုိအပ္သည္။ ဆယ္ေက်ာ္သက္အရြယ္တြင္ တစ္ရက္ကို ၁၀ နာရီ ေလာက္သာ အိပ္ခ်ိန္လုိုအပ္ေတာ့သည္။ သို႔ေသာ္ ယေန႔ေခတ္ ကေလးေတာ္ေတာ္မ်ားမ်ားသည္ မိဘမ်ား၏ ျပင္းထန္ေသာ အခ်ိန္ဇယားမ်ားေၾကာင့္ လံုေလာက္ေသာ အိပ္ခ်ိန္မရသည္က မ်ားသည္။ ၎သည္ အိပ္ေရးပ်က္ေစျပီး လံုေလာက္ေသာ အိပ္စက္ခ်ိန္မရရွိျခင္းေၾကာင့္ ကုန္ခမ္းသြားေသာ စြမ္းအင္ကို ျပန္ျဖည့္တင္းဖုိ႔ ေကာ္ဖီကို ေသာက္လာၾကသည္။

အိပ္ခ်ိန္မလံုေလာက္လုိ႔ ေကာ္ဖီေသာက္၊ ေကာ္ဖီက ခႏၶာကိုယ္ ဇီ၀နာရီကို ထိခုိက္ေစျပီး အိပ္ေပ်ာ္ဖုိ႔ပို ခက္ခဲေစကာ သံသရာလည္ေနသည္။ အကယ္၍ ကေလးသည္ စိတ္ပူတတ္လြန္းသူဆုိလွ်င္ ေကာ္ဖီ၏ အာနိသင္က ထုိပူပန္မႈကို ပုိဆုိးရြားေစေၾကာင္း သက္ေသအေထာက္အထားမ်ား ေတြ႔ရွိရသည္။

အစားအေသာက္နည္းျခင္း

ကေလးဦးေႏွာက္သည္ လူၾကီးဦးေႏွာက္ထက္ ကဖင္းဓါတ္ အာနိသင္ကို အနည္းငယ္ပုိျပီး တုန္႔ျပန္မႈမ်ားသည္။

ကဖင္း သည္ ပင္မအာရုံေၾကာစနစ္ကို လႈံ ႔ေဆာ္ေပးသည္။ ထုိ႔ေၾကာင့္ ကေလးငယ္၏ စားခ်င္စိတ္ကို ေျပာင္းလဲေပးႏိုင္သည္။ ဆယ္ေက်ာ္သက္မ်ားသည္ လူၾကီး ဘ၀ ကိုယ္အေလးခ်ိန္တစ္၀က္ကို ဆယ္ေက်ာ္သက္ဘ၀အရြယ္တြင္ စျပီး ပုိင္ဆိုင္သည္။ အကယ္၍ ကဖင္းက သူတုိ႔၏ စားခ်င္စိတ္ကို ျဖတ္ေတာက္လုိက္လွ်င္ ၎သည္ သူတို႔ေလးေတြ၏ ၾကီးထြားမႈကို ထိခို္က္ေစပါသည္။

ေခါင္းကိုက္ျခင္း ႏွင့္ ေသြးတုိးျခင္း

ကၽြႏ္ုပ္တုိ႔ အားလံုးသိထားၾကသလုိပင္ ေကာ္ဖီတြင္ ကဖင္းဓါတ္ပါ၀င္သည္။ ကဖင္းသည္ ကေလးေရာ လူၾကီးကိုပါ လႈံ ႔ေဆာ္မႈေပးႏိုင္ေသာ အရာတစ္ခုျဖစ္သည္။ ပမာဏအနည္းငယ္ဆိုလ်ွင္ ကဖင္းသည္ လန္းဆန္းတက္ၾကြေစရန္ ကူညီေပးသည္။ သို႔ေသာ္ ပမာဏမ်ားပါက ဂ်ီက်ျခင္း၊ စိတ္လႈပ္ရွား ဂဏွာမျငိမ္ျခင္း၊ ေခါင္းကိုက္ျခင္း ႏွင့္ ေသြးတုိးျခင္းကို ျဖစ္ေစႏုိင္ပါသည္။

အရိုုးဆံုးရႈံးျခင္း

ကဖင္းဓါတ္ပါေသာ ေဖ်ာ္ရည္မ်ားသည္ ကယ္လုိရီတန္ဖုိး မပါရွိတာမ်ားသည္။ (ကယ္လုိရီဆုိိသည္မွာ အာဟာရ ေထာက္ပံ့ေပးေသာ အရာျဖစ္သည္။) ေကာ္ဖီေသာက္ေသာ ကေလးမ်ားသည္ က်န္းမာေရးႏွင့္ ညီညႊတ္ေသာ အစားအေသာက္မ်ားမွ လုိအပ္ေသာ ဗီတာမင္ႏွင့္ သတၱဳဓါတ္မ်ား မရရွိႏုိင္ကာ အာဟာရခ်ိဳ ႔တဲ့မႈ အႏၱရာယ္မ်ားသည္။

ထုိ႔ျပင္ ေကာ္ဖီသည္ ဆီးေဆးအာနိသင္ရွိသည္။  ၎သည္ ဆီးသြားမႈမ်ားေစသည္။ ဆီးသြားမ်ားျခင္းသည္ ခႏၶာကိုယ္မွ ကယ္လ္စီယမ္ဓါတ္ကိုိ ဆံုးရႈံးေစျပီး အရိုးဆံုးရႈံးမႈကို ျဖစ္ေစသည္။ ေကာ္ဖီတြင္ ဆီးေဆးအာနိသင္ရွိသည့္အျပင္ ခႏၶာကိုယ္မွ ကယ္လ္စီယမ္ဆံုးရႈံးေစေသာ ကဖင္းဓါတ္အေျမာက္အျမားပါရွိပါသည္။ ကဖင္း ၁၀၀ မီလီဂရမ္စားတုိင္း ၆ မီလီဂရမ္ေသာ ကယ္လ္စီယမ္ဓါတ္ကို ခႏၶာကိုယ္မွ ဆံုးရႈံးလ်က္ရွိသည္။ ကေလးမ်ားအတြက္ အရုိးၾကီးထြားသန္မာဖုိ႔ ကယ္လ္စီယမ္ မျဖစ္မေနလုိအပ္သည္။

ကေလးငယ္ ေကာ္ဖီဘယ္ေလာက္ ေသာက္လုိ႔ရသလဲ။

ကန္႔သတ္ခ်က္မရွိေသာ္လည္း သင့္ကေလးကို အထက္ေဖာ္ျပပါ က်န္းမာေရးဆိုးက်ိဳးမ်ား မျဖစ္ေစရန္ ေကာ္ဖီတုိက္မည္ဆုိလွ်င္ ေသခ်ာ ဂရုျပဳ စဥ္းစားသင့္သည္။ ကဖင္းဓါတ္ခံႏိုင္ရည္အားသည္ လူတစ္ေယာက္ႏွင့္ တစ္ေယာက္ကြဲျပားၾကသည္။ မ်ားေသာအားျဖင့္ လူၾကီးတစ္ေယာက္အတြက္ ေဘးထြက္ဆုိးက်ိဳးမ်ားကို ေရွာင္ဖုိ႔ ေထာက္ခံထားေသာ ပမာဏမွာ တစ္ရက္ကို ကဖင္းဓါတ္ ၂၀၀ မွ ၃၀၀ မီလီဂရမ္သာ ျဖစ္သည္။ ဖြံ႔ျဖိဳးေနေသာ ကေလးမ်ားအတြက္မူ ေဘးကင္းစိတ္ခ်ေစဖုိ႔ ထုိပမာဏ၏ တစ္၀က္ေလာက္ကိုသာ ေပးဖုိ႔ သင့္ပါသည္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နိုင်ငံအများစုတွင်  ကလေးငယ်ကို ကော်ဖီတိုက်ခြင်းသည် ကြီးကြီးမားမား ကန့်ကွက်သော အရာဖြစ်သည်။ ကလေးငယ်ကို ဂဏှာမငြိမ်ဖြစ်စေသည့်အပြင် ကော်ဖီနှင့် ကဖင်းပါသော အချိုရည်များသည် ကလေးနှင့် ဆယ်ကျော်သက်များအား အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာလည်း သက်ရောက်စေပါသည်။

သွားပိုးပေါက်များ

ကော်ဖီသည် ၎င်းတွင် ပါဝင်သော အက်ဆစ်ဓါတ်ကြောင့် ကလေးငယ်၏ သွားများကို သွားပိုးပေါက်များဖြစ်စေသည်။ ကလေးများ၏ သွားများသည် လူကြီးများထက် ပိုနုနယ်ပြီး ခံနိုင်ရည်အားနည်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အက်ဆစ်ဓါတ်ပါသော ကော်ဖီသည် သူတို့လေးတွေ၏ သွားများကို အလွယ်တကူ အားနည်းစေပြီး သွားကြွေလွှာများကို ပျက်စီးစေကာ သွားပိုးပေါက်များ ဖြစ်စေသည်။

ငယ်သွား ဆုံးရှုံးပြီး ကြီးသွားလဲသောအခါတွင် ကြွေလွှာအသစ် သန်စွမ်းကြံ့ခိုင်ဖို့ နှစ်နဲ့ ချီပြီးကြာပါသည်။ ကော်ဖီသောက်သောကလေးများသည် လူကြီးများထက်ပိုပြီး သွားပိုးပေါက်နှင့် ကြွေလွှာဆုံးရှုံးခြင်း ကဲ့သို့သော ခံတွင်းကျန်းမာရေး ပြဿနာ ပိုအဖြစ်များပါသည်။

ဂဏှာမငြိမ်ခြင်း

ကော်ဖီသည် ကလေးငယ်ကို ဂဏှာမငြိမ်ဖြစ်စေသည်မှာ ထင်ရှားပါသည်။ ဂဏှာမငြိမ်ဖြစ်စေရုံသာမက ၎င်းသည် လှုပ်လှုပ်ရှားရှားအငြိမ်မနေဘဲ အာရုံစူးစိုက်နိုင်စွမ်း ကင်းစေသည်။ လူကြီးများသည် ကော်ဖီ၏ လန်းဆန်းစေသော အာနိသင်အကျိုးကို ရရှိခိုက်တွင် ကျောင်းနေပြီး စာကို အာရုံစိုက်ရမည့် ကလေးများအတွက်တော့ ထိုအာနိသင်သည် အလွန်အကျွံ ဖြစ်စေသည်။

ကလေးတွင် ကဖင်းဓါတ် အာနိသင်သည် နာရီများစွာ ကြာရှိပြီး ကျောင်းချိန်နေ့တစ်ပိုင်းလုံး အာနိသင်ပြနိုင်သည်။ ၎င်းသည် ကလေးနှင့် သူငယ်ချင်းများကြား ဆက်ဆံရေး၊ ကျောင်းစာသင်ကြားမှုနှင့် ကျောင်းအဆင့်များကို ထိခိုက်စေပါသည်။

အိပ်မပျော်ခြင်း

အသက် ၅ နှစ်မှ ၁၂ နှစ်ကြားကလေးများသည် အနည်းဆုံး ၁၁ နာရီလောက် အိပ်ဖို့လိုအပ်သည်။ ဆယ်ကျော်သက်အရွယ်တွင် တစ်ရက်ကို ၁၀ နာရီ လောက်သာ အိပ်ချိန်လိုအပ်တော့သည်။ သို့သော် ယနေ့ခေတ် ကလေးတော်တော်များများသည် မိဘများ၏ ပြင်းထန်သော အချိန်ဇယားများကြောင့် လုံလောက်သော အိပ်ချိန်မရသည်က များသည်။ ၎င်းသည် အိပ်ရေးပျက်စေပြီး လုံလောက်သော အိပ်စက်ချိန်မရရှိခြင်းကြောင့် ကုန်ခမ်းသွားသော စွမ်းအင်ကို ပြန်ဖြည့်တင်းဖို့ ကော်ဖီကို သောက်လာကြသည်။

အိပ်ချိန်မလုံလောက်လို့ ကော်ဖီသောက်၊ ကော်ဖီက ခန္ဓာကိုယ် ဇီဝနာရီကို ထိခိုက်စေပြီး အိပ်ပျော်ဖို့ပို ခက်ခဲစေကာ သံသရာလည်နေသည်။ အကယ်၍ ကလေးသည် စိတ်ပူတတ်လွန်းသူဆိုလျှင် ကော်ဖီ၏ အာနိသင်က ထိုပူပန်မှုကို ပိုဆိုးရွားစေကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။

အစားအသောက်နည်းခြင်း

ကလေးဦးနှောက်သည် လူကြီးဦးနှောက်ထက် ကဖင်းဓါတ် အာနိသင်ကို အနည်းငယ်ပိုပြီး တုန့်ပြန်မှုများသည်။

ကဖင်း သည် ပင်မအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသည်။ ထို့ကြောင့် ကလေးငယ်၏ စားချင်စိတ်ကို ပြောင်းလဲပေးနိုင်သည်။ ဆယ်ကျော်သက်များသည် လူကြီး ဘ၀ ကိုယ်အလေးချိန်တစ်ဝက်ကို ဆယ်ကျော်သက်ဘဝအရွယ်တွင် စပြီး ပိုင်ဆိုင်သည်။ အကယ်၍ ကဖင်းက သူတို့၏ စားချင်စိတ်ကို ဖြတ်တောက်လိုက်လျှင် ၎င်းသည် သူတို့လေးတွေ၏ ကြီးထွားမှုကို ထိခိုက်စေပါသည်။

ခေါင်းကိုက်ခြင်း နှင့် သွေးတိုးခြင်း

ကျွန်ုပ်တို့ အားလုံးသိထားကြသလိုပင် ကော်ဖီတွင် ကဖင်းဓါတ်ပါဝင်သည်။ ကဖင်းသည် ကလေးရော လူကြီးကိုပါ လှုံ့ဆော်မှုပေးနိုင်သော အရာတစ်ခုဖြစ်သည်။ ပမာဏအနည်းငယ်ဆိုလျှင် ကဖင်းသည် လန်းဆန်းတက်ကြွစေရန် ကူညီပေးသည်။ သို့သော် ပမာဏများပါက ဂျီကျခြင်း၊ စိတ်လှုပ်ရှား ဂဏှာမငြိမ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် သွေးတိုးခြင်းကို ဖြစ်စေနိုင်ပါသည်။

အရိုုးဆုံးရှုံးခြင်း

ကဖင်းဓါတ်ပါသော ဖျော်ရည်များသည် ကယ်လိုရီတန်ဖိုး မပါရှိတာများသည်။ (ကယ်လိုရီဆိိုသည်မှာ အာဟာရ ထောက်ပံ့ပေးသော အရာဖြစ်သည်။) ကော်ဖီသောက်သော ကလေးများသည် ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များမှ လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ်များ မရရှိနိုင်ကာ အာဟာရချို့တဲ့မှု အန္တရာယ်များသည်။

ထို့ပြင် ကော်ဖီသည် ဆီးဆေးအာနိသင်ရှိသည်။  ၎င်းသည် ဆီးသွားမှုများစေသည်။ ဆီးသွားများခြင်းသည် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်ဓါတ်ကို ဆုံးရှုံးစေပြီး အရိုးဆုံးရှုံးမှုကို ဖြစ်စေသည်။ ကော်ဖီတွင် ဆီးဆေးအာနိသင်ရှိသည့်အပြင် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်ဆုံးရှုံးစေသော ကဖင်းဓါတ်အမြောက်အမြားပါရှိပါသည်။ ကဖင်း ၁၀၀ မီလီဂရမ်စားတိုင်း ၆ မီလီဂရမ်သော ကယ်လ်စီယမ်ဓါတ်ကို ခန္ဓာကိုယ်မှ ဆုံးရှုံးလျက်ရှိသည်။ ကလေးများအတွက် အရိုးကြီးထွားသန်မာဖို့ ကယ်လ်စီယမ် မဖြစ်မနေလိုအပ်သည်။

ကလေးငယ် ကော်ဖီဘယ်လောက် သောက်လို့ရသလဲ။

ကန့်သတ်ချက်မရှိသော်လည်း သင့်ကလေးကို အထက်ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးများ မဖြစ်စေရန် ကော်ဖီတိုက်မည်ဆိုလျှင် သေချာ ဂရုပြု စဉ်းစားသင့်သည်။ ကဖင်းဓါတ်ခံနိုင်ရည်အားသည် လူတစ်ယောက်နှင့် တစ်ယောက်ကွဲပြားကြသည်။ များသောအားဖြင့် လူကြီးတစ်ယောက်အတွက် ဘေးထွက်ဆိုးကျိုးများကို ရှောင်ဖို့ ထောက်ခံထားသော ပမာဏမှာ တစ်ရက်ကို ကဖင်းဓါတ် ၂၀၀ မှ ၃၀၀ မီလီဂရမ်သာ ဖြစ်သည်။ ဖွံ့ဖြိုးနေသော ကလေးများအတွက်မူ ဘေးကင်းစိတ်ချစေဖို့ ထိုပမာဏ၏ တစ်ဝက်လောက်ကိုသာ ပေးဖို့ သင့်ပါသည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top