iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းသားေလးေတြဆိုတာက ေျခာက္ေသြ႕ကြဲအက္တာေတြမရွိပဲ စိုေျပၿပီးႏူးညံ့ေနမွလည္း လွပတဲ့ႏႈတ္ခမ္းလို႔ ဆိုလို႔ရမွာပါ။ တကယ္လို႔ သင့္ႏႈတ္ခမ္းေတြက ကြဲအက္ၿပီးေျခာက္ေသြ႕ေနမယ္ဆိုရင္ ႏႈတ္ခမ္းလွလွေလးေတြဆိုးထားလည္း သင့္ႏႈတ္ခမ္းက လွပေနမွာမဟုတ္ပါဘူးေနာ္။ ဒီေတာ့ဘာေတြလုပ္သင့္လဲ။

ေကာ္ဖီေလ်ာ့ေသာက္ဖို႔လိုလာပါၿပီ။ သင္ကေကာ္ဖီႀကိဳက္တတ္တဲ့သူဆိုရင္ တစ္ေန႔တစ္ခြက္ေလာက္ဆိုရင္ လံုေလာက္ၿပီလို႔ထင္ပါတယ္။ ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္က ခႏၶာကိုယ္ထဲမွာရွိတဲ့ ေရဓာတ္ေတြကိုဆံုးရွံဳးေစတတ္ပါတယ္။ ေကာ္ဖီေတြကမ်ားမ်ားေသာက္ေလ ဆိုးက်ိဳးမ်ားေလဆိုေတာ့ က်န္းမာေရးအတြက္လည္းမေကာင္း၊ အလွအပအတြက္လည္း မေကာင္းတဲ့ေကာ္ဖီကို ေလ်ာ့ေသာက္ဖို႔အႀကံေပးခ်င္ပါတယ္။

ႏႈတ္ခမ္းသားေတြ ေျခာက္ေသြ႔ေနၿပီဆိုရင္ အေကာင္းဆံုးနည္းလမ္းကေတာ့ သၾကားနဲ႔ႏႈတ္ခမ္းသားေတြကို ပြတ္ေပးတဲ့နည္းလမ္းပါ။ သၾကားနဲ႔ပြတ္ေပးတဲ့အခါမွာ ႏႈတ္ခမ္းကိုေရဓာတ္ျပည့္ေစၿပီး ႏူးည့ံဖို႔ကူညီေပးႏိုင္တဲ့ ပ်ားရည္နဲ႔ေရာၿပီး ပြတ္ေပးမယ္ဆိုရင္ေတာ့ ေကာင္းက်ိဳးပိုမ်ားတာေပါ႔။

ေရဓာတ္ျပည့္ဝေနမွလည္း လွပၿပီးႏူးညံ့တဲ့ ႏႈတ္ခမ္းသားေတြကိုပိုင္ဆိုင္ရမွာေပါ႔။ ဒီလိုဆိုေတာ့ ေရဓာတ္ျပည့္ဝေအာင္ ေရမ်ားမ်ားေသာက္ေပးၿပီး အရည္ရႊမ္းတဲ့အသီးအႏွံေတြကို မ်ားမ်ားစားေပးမယ္ဆိုရင္ေတာ့ ျပန္ေကာင္းလာမွာပါ။

Matt ႏႈတ္ခမ္းနီဆိုးတာေတြကို ေလ်ာ့ေစခ်င္ပါတယ္။ အခုေနာက္ပိုင္းမွာ Matt ႏႈတ္ခမ္းနီေတြက ေခတ္စားလာတယ္ဆိုေပမယ့္ ေန႔တိုင္းဆိုးတာေတြမ်ားလာတယ္ဆိုရင္ ႏႈတ္ခမ္းသားေတြေျခာက္လာၿပီး ႐ုပ္ဆိုးလာမွာေလ။ ဒါေၾကာင့္ အစိုဓာတ္ေလးပါတဲ့ႏႈတ္ခမ္းနီမ်ိဳးကို အသံုးျပဳသင့္တယ္ေနာ္။

Vaseline ကအလွအပအတြက္ဆိုရင္ အဖက္ဖက္ကေနၿပီး အသံုးဝင္ေနတယ္ဆိုတာကေတာ့ တကယ္အမွန္တရားပါပဲ။ သင့္ႏႈတ္ခမ္းသားေတြ ေျခာက္ေသြ႔ေနၿပီဆိုရင္ Vaseline ကိုညအိပ္ရာဝင္ခါနီးတိုင္းလိမ္းေပးမယ္ဆိုရင္ေတာ့ စိုေျပၿပီးႏူးည့ံတဲ့ႏႈတ္ခမ္းသားေလးေတြကို ပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှုတ်ခမ်းသားလေးတွေဆိုတာက ခြောက်သွေ့ကွဲအက်တာတွေမရှိပဲ စိုပြေပြီးနူးညံ့နေမှလည်း လှပတဲ့နှုတ်ခမ်းလို့ ဆိုလို့ရမှာပါ။ တကယ်လို့ သင့်နှုတ်ခမ်းတွေက ကွဲအက်ပြီးခြောက်သွေ့နေမယ်ဆိုရင် နှုတ်ခမ်းလှလှလေးတွေဆိုးထားလည်း သင့်နှုတ်ခမ်းက လှပနေမှာမဟုတ်ပါဘူးနော်။ ဒီတော့ဘာတွေလုပ်သင့်လဲ။

ကော်ဖီလျော့သောက်ဖို့လိုလာပါပြီ။ သင်ကကော်ဖီကြိုက်တတ်တဲ့သူဆိုရင် တစ်နေ့တစ်ခွက်လောက်ဆိုရင် လုံလောက်ပြီလို့ထင်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေဓာတ်တွေကိုဆုံးရှုံးစေတတ်ပါတယ်။ ကော်ဖီတွေကများများသောက်လေ ဆိုးကျိုးများလေဆိုတော့ ကျန်းမာရေးအတွက်လည်းမကောင်း၊ အလှအပအတွက်လည်း မကောင်းတဲ့ကော်ဖီကို လျော့သောက်ဖို့အကြံပေးချင်ပါတယ်။

နှုတ်ခမ်းသားတွေ ခြောက်သွေ့နေပြီဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ သကြားနဲ့နှုတ်ခမ်းသားတွေကို ပွတ်ပေးတဲ့နည်းလမ်းပါ။ သကြားနဲ့ပွတ်ပေးတဲ့အခါမှာ နှုတ်ခမ်းကိုရေဓာတ်ပြည့်စေပြီး နူးညံ့ဖို့ကူညီပေးနိုင်တဲ့ ပျားရည်နဲ့ရောပြီး ပွတ်ပေးမယ်ဆိုရင်တော့ ကောင်းကျိုးပိုများတာပေါ့။

ရေဓာတ်ပြည့်ဝနေမှလည်း လှပပြီးနူးညံ့တဲ့ နှုတ်ခမ်းသားတွေကိုပိုင်ဆိုင်ရမှာပေါ့။ ဒီလိုဆိုတော့ ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပေးပြီး အရည်ရွှမ်းတဲ့အသီးအနှံတွေကို များများစားပေးမယ်ဆိုရင်တော့ ပြန်ကောင်းလာမှာပါ။

Matt နှုတ်ခမ်းနီဆိုးတာတွေကို လျော့စေချင်ပါတယ်။ အခုနောက်ပိုင်းမှာ Matt နှုတ်ခမ်းနီတွေက ခေတ်စားလာတယ်ဆိုပေမယ့် နေ့တိုင်းဆိုးတာတွေများလာတယ်ဆိုရင် နှုတ်ခမ်းသားတွေခြောက်လာပြီး ရုပ်ဆိုးလာမှာလေ။ ဒါကြောင့် အစိုဓာတ်လေးပါတဲ့နှုတ်ခမ်းနီမျိုးကို အသုံးပြုသင့်တယ်နော်။

Vaseline ကအလှအပအတွက်ဆိုရင် အဖက်ဖက်ကနေပြီး အသုံးဝင်နေတယ်ဆိုတာကတော့ တကယ်အမှန်တရားပါပဲ။ သင့်နှုတ်ခမ်းသားတွေ ခြောက်သွေ့နေပြီဆိုရင် Vaseline ကိုညအိပ်ရာဝင်ခါနီးတိုင်းလိမ်းပေးမယ်ဆိုရင်တော့ စိုပြေပြီးနူးညံ့တဲ့နှုတ်ခမ်းသားလေးတွေကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top