Credit : Myfood
အသားတွေ၊ ဟင်းသီးဟင်းရွက်တွေ လှီးတဲ့နေရာမှာ စဉ့်နှီတုံးကို ဘယ်လို ဂရုစိုက်သင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
စဉ့်နှီတုံး ၁ခုတည်းပေါ်မှာ အသားရော၊ ဟင်းသီးဟင်းရွက်ကော လှီးနေပါသလား။
အသားငါးတွေ လှီးတဲ့ စဉ့်နှီတုံးနဲ့ အသီးအရွက်တွေ လှီးတဲ့ စဉ့်နှီတုံးကို သက်သတ်ထားပေးပါ။ မဟုတ်ရင် အသားတွေမှာပါဝင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေက စဉ့်နှီတုံးပေါ်မှာ ကျန်ပြီး ဟင်းသီးဟင်းရွက်ဆီရောက်ရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။
တခါတလေ အလွယ်တကူ ခရမ်းချဉ်သီးကို စဉ့်နှီတုံးပေါ်တင်လှီးပြီး အစိမ်းစားတာမျိုးတွေ လုပ်လေ့ရှိတာကြောင့်ပါ။
စဉ့်နှီတုံးတွေ မရောသွားအောင် အရောင်ခွဲထားပါ။ ဥပမာ အနီရောင် စဉ့်နှီတုံးဆိုရင် အသား၊ငါး လှီးဖို့၊ အစိမ်းရောင်ဆိုရင် ဟင်းသီးဟင်းရွက် လှီးဖို့ ခွဲထားပါ။ အရောင်တူနေရင်လည်း အမှတ်အသားလုပ်ထားပါ။
စဉ့်နှီတုံး ချော်နေပါသလား
စဉ့်နှီတုံး ကို ခံပြီး လှီးတဲ့နေရာမှာ စဉ့်နှီတုံးချော်နေရင် အချိန်ကုန်ပါတယ်။ စဉ့်နှီတုံးရဲ့ အောက်မှာ အဝတ်တစ်ခုခုခံပြီး လှီးပါ။
စဉ့်နှီတုံးက အရမ်းမသေးပါနဲ့
စဉ့်နှီတုံးအရမ်းသေးရင် ဓားက အောက်မှာရှိတဲ့ ကြမ်းပြင်ကို ထိပြီး အစင်းရာတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အရမ်းသေးတဲ့ စဉ့်နှီတုံးကို မဝယ်ပါနဲ့။
စဉ့်နှီတုံးက ဖန်၊ Marble အသားမသုံးပါနဲ့
တချို့ စဉ့်နှီတုံးတွေက ဖန်တွေ၊ Marble အသားတွေ အလှဆင်ကြပါတယ်။ တကယ်တမ်း ဓားနဲ့လှီးတဲ့အခါမှာ ချော်ထွက်နေလို့ အဆင်မပြေပါဘူး။
ဝါး စဉ့်နှီတုံး အသုံးပြုရင်
ဝါးက သစ်သားထက်ပိုမာတာကြောင့် ဓားတွေကို အလွယ်တကူ တုံးစေပါတယ်။ ဒါ့ကြောင့် ဓားစဉ့်နှီတုံးအသုံးပြုရင် အိမ်မှာ ဓားသွေးစက် သို့ ဓားသွေးကျောက်ထားထားပါ။
စဉ့်နှီတုံးကို လဲလှယ်ပေးပါ
စဉ့်နှီတုံးက အသုံးပြုတာကြာလာရင် ပြောင်အောင် ဆေးကြောဖို့ ခက်လာပါတယ်။ ဘက်တီရီးယားတွေပိုနေလာနိုင်တာကြောင့် လဲလှယ်ပေးသင့်ပါတယ်။
Credit : Myfood
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
စားသောက်ဖွယ်
»
ဗဟုသုတ
»
လူမှု့ဘဝ
» စဥ့်နှီတုံး အသုံးပြုတာနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်များ
စဥ့်နှီတုံး အသုံးပြုတာနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်များ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။