စင်စစ်သော်ကား သုပ္ပဗုဒ္ဓကို ဝှေ့သတ်လိုက်သော နွားမသည် ရိုးရိုးနွားမ မဟုတ် တစ်ယောက်သော ဘီလူးမသည် ပုက္ကုသာတိမင်း၊ အရှင် ဗာဟိယဒါရုစီရိယ၊ ခိုးဆိုးသတ်သမား တမ္ဗာဒါဌိက နှင့် သုပ္ပဗုဒ္ဓလူနူ ထို၎ ဦးစလုံး၏ ဘ၀ တစ်ရာစီတိုင်အောင် နွားမယောင်ဆောင်၍ သတ်ခဲ့ခြင်းဖြစ်၏။
ရာဇဂြိုလ်ပြည်တွင် သုပ္ပဗုဒ္ဓ ဆိုသည့် အရေပြားရောဂါသည် သည်အတိတ်က မကောင်းမှု တစ်ခုကြောင့် နူနာရောဂါ ခံစားရကာ သူများတကာပေးကမ်း စွန့်ကြဲမှု ကို ငံ့လင့်ကာ မှီခိုစားသောက်နေထိုင်ရသူ ဖြစ်သည်။ သို့သော် ဘုရားရှင်ဟောကြားတော် မူသော တရားတော်တွေကို နာကြားခဲ့ရဖူးပြီး သူ၏ နှလုံးသား၌ စူးစူးနစ်နစ် စွဲဝင်ပြီး မြတ်နိုးစွာ တည်ထားသူဖြစ်၏။
ဘုရားရှင် ၏တရားတော်များ
ကို ပရိသတ်အစွန်အဖျားခပ်ဝေးဝေးဆီက နာကြားခဲ့ရ သော်လည်း တရားတော်ကိုနာယူရာ၌ အစဉ်အမြဲနိုးကြားနေသော စိတ်ကြောင့် သုပ္ပဗုဒ္ဓလူနူသည် သောတပတ္တိဖိုလ်သို့ပင် ဆိုက်ရောက်ခဲ့ရလေသည်။ တရားတော်ကို နာယူရ၍ မိမိရအပ်သော ဂုဏ်ကျေးဇူးတွေကို ဘုရားရှင်ထံ လျောက်ထားလိုလာ၏။ ထိုအခါ လူ့လောက၌ ကုသိုလ် နှင့်ပတ်သက်၍ အံ့သြဖွယ်၊ ထူးခြားဖွယ်ဖြစ်စရာ ရှိတိုင်း သိကြားမင်း ၏ ဗိမာန်သည် တုန်လှုပ်သွားစမြဲ ဖြစ်ရာ ဘုံဗိမာန် လှုပ်ခါသွား၏။ မြတ်စွာဘုရားရဲ့သာသနာ တော်မှာ ရအပ်တဲ့ ဂုဏ်ကျေးဇူးတွေကို သုပ္ပဗုဒ္ဓ လျှောက်ထားလိုလာတာပါလား သေချာအောင်လို့သူကို တော့ စစ်ဆေးဦးမှ ဖြစ်မှာ ပါဟု သိကြားမင်း အကြံဖြစ်ပြီး….
အို…သုပ္ပဗုဒ္ဓ၊ သင်ဟာ လူလောကထဲမှာ ဆင်းရဲတွင်းနက် လှတဲ့ ၊ ဒုက္ခိတသတ္တဝါ တစ်ခုပါပဲ၊ သူများတွေထံမှာ လက်ဖြန့်တောင်းခံပြီးမှ စားသောက်ရတဲ့ ဘဝနဲ့ အထီးကျန်ဆန် နေသူလည်းဖြစ်တယ်။ ငါ့သင်ကို ကရုဏာဖြစ်လို့ အပိုင်း အခြား အဆုံးအစ မရှိတဲ့ ပစ္စည်းဥစ္စာကို ပေးမယ်။ (သိကြားမင်းက စကားကို ခဏရပ်တန့်လိုက်တယ်။) အံ့သြခြင်း အမူအရာ မရှိ ၊ သိကြားမင်းကို ရှုတည်တည်ကြည့်ပါတယ်။ ဒါပေမဲ့ သိကြားမင်းက သူ့ထက်အလျင်ဦးစွာ စကားကိုဆက်ပြောပါတယ်။
ဒါပေမယ့် သင်က ကတိတစ်ခုတော့ပေးရမယ်။ ဘာလဲဆိုရင် သင်အခုသိခဲ့တဲ့ ဘုရားဟာ ဘုရားမဟုတ်ဘူး၊ တရားဟာ တရားမဟုတ်ဘူး၊ သံဃာ ဟာ သံဃာမဟုတ်ဘူး ဆိုတာရယ်၊ ငါ့အတွက်တော့ ဘုရားဟာ အကျိုးမရှိဘူး၊ တရားဟာ အကျိုးမရှိဘူး၊ သံဃာဟာ အကျိုးမရှိဘူး ဆိုတာကို လက်ခံထားပေးဖို့၊ ပြီးတော့လက်ခံထားတဲ့အတိုင်း ကြုံရာနေရာတိုင်းမှာ ပြောဆိုနေဖို့ပါပဲ။ အဲဒီလိုဆိုရင် သင့်အတွက် သုံးမကုန်တဲ့ ပစ္စည်းဥစ္စာတွေ အခုချက်ချင်းရစေမယ်။
သုပ္ပဗုဒ္ဓ၏ အကြည့်တွေက ခက်ထန်မာကျောသော စူးစူးရှရှ အသွင်ပြောင်းသွားပြီး တင်းမာပြတ်သားသော အသံဖြင့် သိကြားမင်းအား မေးပါတယ်။ အခုလိုလာပြောနေတာ သင်က ဘယ်သူမို့လို့လဲ….။
ငါလား …ငါကသိကြာမင်းပဲ သုပ္ပဗုဒ္ဓ
သုပ္ပဗုဒက ခေါင်းကိုညိတ်ရင်း သင်က သိကြာမင်းတဲ့လား၊ အေးလေ သင်က သိကြားမင်းဆိုရင်လည်း မိုက်မဲလွန်း၊ အရှက်ကင်းပလွန်း၊ မကောင်းမှုနဲ့ ပြည့်စုံနေမယ့် သိကြားမင်းပဲဖြစ်လိမ့်မယ်။ ဒီတော့ သင်နဲ့ငါဟာ စကားပြောဖို့တောင် ဘယ်လိုမျှ မလျောက်ပတ်တာအမှန်ပဲ…။ သင်က ငါ့ကို မကောင်းရာ ဘဝရှိတဲ့သူ၊ သူဆင်းရဲ၊ အထီးကျန်ဆိုပြီး စွပ်စွဲတယ်လေ။ တကယ်တော့ ငါဟာ မကောင်းတဲ့ဘဝရှိသူ မဟုုတ်ဘူး၊ လူဆင်းရဲလည်းမဟုတ် အထီးမကျန်ဘူး၊ ငါဟာ ချမ်းသာခြင်းကို ရောက်နေတဲ့သူ။ ပစ္စည်းဥစ္စာတွေ ကြွယ်ဝတဲ့သူဖြစ်နေလို့ပဲ။
သင့်စကားအရာက ငါ့အခု တွေ့မြင်နေရတာနဲ့ တခြားစီဖြစ်နေပါလား။
ဒါကြောင့်သင်သိကြားမင်းကို မိုက်မဲလွန်းလေစွလို့ ပြောရတာပဲ။ ရတနာသုံးပါး ကံကံရဲ့အကျိုးကို ယုံကြည်ခြင်း လက္ခဏာရှိတဲ့ သဒ္ဓါ ဥစ္စာ၊ စာရိတ္တ ဝါရိတ္တဖြစ်တဲ့ သီလ ဥစ္စာ၊ မကောင်းမှု ကို ရှက်တတ်ခြင်းရှိတဲ့ ဟိရိ ဥစ္စာ၊မကောင်းမှုကို ထိတ်လန့်ခြင်း လက္ခဏာရှိတဲ့ သြတ္တပ္ပ ဥစ္စာ၊ သူတော်ကောင်းတရားတွေကို အကြားအမြင်များတယ်ဆိုတဲ့ သုတ ဥစ္စာ၊ ချီးမြှောက်ပေးကမ်းစွန့်ကြဲခြင်းဖြစ်တဲ့ စာဂ ဥစ္စာ၊ ယထာဘူတသဘာဝကို သိနိုင်စွမ်းတဲ့ပညာဥစ္စာ တွေဟာ ယောကျာ်း၊ မိန်းမတွေမှာ ရှိတတ်ကြတယ်။ အဲဒီ တရားတွေ နဲ့ပြည့်စုံနေတဲ့ ယောကျာ်း၊ မိန်းမကို မဆင်းရဲတဲ့သူ၊ များစွာသော ဥစ္စာရှိတဲ့သူလို့ ဘုရားအစရှိတဲ့ ပညာရှိတွေက မိန့်ဆိုတော်မူကြတယ်။
အဲဒီ သူတော်ကောင်းတစ်ရား ၇ပါးနဲ့ ပြည့်စုံတဲ့ ယောကျ်ား၊ မိန်းမတွေရဲ့ အသက်ရှည်ခြင်းဟာ လည်း အချည်းအနှီးမဟုတ်ဘဲ အကျိုးရှိတဲ့ အသက်ရှည်ခြင်း လို့ မိန့်ဆိုတော်မူကြသေး တယ်။ ဒီမှာ သိကြားမင်း၊ အဲဒီ သူတော်ကောင်း ဥစ္စာတွေဟာ ငါ့ သန္တာန်မှာ ထင်ရှားရှိတယ်။ ဒါ့ကြောင့် ငါဟာ သူဆင်းရဲမဟုတ်ဘူး၊ အထီးကျန်သူမဟုတ်ဘူး၊ ဥစ္စာများစွာရှိတဲ့သူပဲ ဖြစ်တယ် သိကြားမင်း။
သုပ္ပဗုဒ္ဓ၏ တုံပြန်ပြောဆိုမှုကို သိကြားမင်းက လွန်စွာနှစ်သက် သဘောကျသွား၏။ ရတနာ သုံးပါးကို မကြည်ညိုစေနိုင်ရန် ဥစ္စာဓနဖြင့် ဖြားယောင်း၍ မရမှန်းသိသွား၏။သုပ္ပဗုဒ္ဓ အနားမှ ကိုယ်ရောင် ဖျောက်ပြီးနောက် ဘုရားရှင်ထံ သိကြားမင်းရောက်ရှိလာ၏။ ထို့နောက် သုပ္ပဗုဒ္ဓနှင့် သိကြားမင်းတို့ အပြန်အလှန်ပြောစကားများကို ဘုရားရှင်အားလျောက်ထားရာ…
ဒကာတော် သိကြားမင်း သင်လိုမျိုး သိကြားမင်း ရာထောင် ပေါင်းများစွာက သုပ္ပဗုဒ္ဓ ဆီကိုသွားပြီး စည်းစိမ်ဥစ္စာတွေနဲ့ဘယ်လိုပဲ သွေးဆောင်ပြောပြော သင်တို့ စွမ်းနိုင်ကြမည်မဟုတ်။ သဒ္ဓါတရား၏ အံ့ဖွယ်သတ္တိကို တန်ခိုးအရာ၌ ဖန်ဆင်းနိုင်သော နတ်၊ သိကြားများပင် ဖျက်ဆီးရန် မစွမ်းသာပေ။ သိကြားမင်းလည်း ဘုရားရှင်ရှေ့မှ ခွင့်ပန်ရှိခိုးကာ ဗိမာန်သို ပြန်လာခဲ့လေ၏။
သုပ္ပဗုဒ္ဓ မှာ ဝေဠုဝန်ကျောင်းတော်သို့ သွားပြီးဘုရားရှင်ကို ရှိခိုးဝတ်ဖြည့်ပြီး မိမိရရှိခဲ့သော တရားဂုဏ်တော်ကျေးဇူးများကို ဝမ်းမြောက်ရွှင်လန်းစွာ လျှောက်ထားလေ၏။ ဘုရားရှင်က သူ့ကို သာဓုခေါ်ဆိုကာ ချီးမြောက်၏။ ကျောင်းတော်မှ အပြန်တွင် သူ့ကို ပျိုမျစ်သော နွားမတစ်ကောင်က ဝှေ့သတ်လိုက်လေသည်။ သုပ္ပဗုဒ္ဓအား နွားမဝှေ့သတ်ခြင်းကို အချိန်ပိုင်းအတွင်းမှာပင် ရဟန်းများသိသွားကြသည်။ မိမိပြုခဲ့မိသောကံ တို့သည် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ပျောက်ပျက်ရိုးထုံးစံမရှိ၊ မျက်မှောက်ဘဝ၌ ပင် အကျိုးပေးခွင့် မရ ခဲ့သော် ကာလခြားချင်ခြားမည် ဘဝခြားချင်ခြားမည် အချိန်ခြားချင်ခြားမည် ကံတို့၏ အကျိုးတရားက မည်သူတို့မျှ ရှောင်လွဲမရချေ။
စင်စစ်သော်ကား သုပ္ပဗုဒ္ဓကို ဝှေ့သတ်လိုက်သော နွားမသည် ရိုးရိုးနွားမ မဟုတ် တစ်ယောက်သော ဘီလူးမသည် ပုက္ကုသာတိမင်း၊ အရှင် ဗာဟိယဒါရုစီရိယ၊ ခိုးဆိုးသတ်သမား တမ္ဗာဒါဌိက နှင့် သုပ္ပဗုဒ္ဓလူနူ ထို၄ ဦးစလုံး၏ ဘ၀ တစ်ရာစီတိုင်အောင် နွားမယောင်ဆောင်၍ သတ်ခဲ့ခြင်းဖြစ်၏။
ထိုလေးယောက်တို့သည် ဝေးကွားသော ရှေးကာလတစ်ခုဆီက သူဌေးသားများ ဖြစ်ခဲ့ကြ၏။ထိုအချိန်က ပြည်တန်ဆာမ ကို ဥယျာဉ်ဆီခေါ်ဆောင်ပြီး စည်းစိမ်ချမ်းသာ ခံစားမွေ့လျော်ပြီး အသပြာကို မပေးလိုကြတောပေ။ ထို့အပြင်ပြည်တန်ဆာမ ၏ အဆင်ရတနာများကို ပါ တက်မက်လာ၏။ ထိုအကြံကို သိ၍ မိမိနှင့်ပျော်ပါးပြီးမှာ မိမိကိုသတ်၍ မပြုသင့်သော အကြံကို သူတို့ကြံရက်လေခြင်းဟု ဝမ်းနည်းကာ တိုင်တည် ဆုတောင်းလေသည်။ အကျွန်ုပ်ကို သတ်ပါက အကျွနု်ပ်ဟာ ဘ၀ တစ်ခုမှာ ဘီလူးမဖြစ်ပြီး သူတို့ကို အကြိမ်များစွာ ပြန်လည်သတ်စွမ်းနိုင်သူဖြစ်ရလိုပါတယ်။ အကုသိုလ်သည် တစ်ကြိမ်သာရှိခဲ့သော်လည်း တန်ပြန်အကျိုးခံစားရမှုက ဘဝတစ်ရာစီ တိုင်အောင်ဖြစ်ခဲ့ရလေ သည်။
ဆက်လက်ပြီး ရဟန်းများက သုပ္ပဗုဒ္ဓ နူနာစွဲကပ်ရခြင်းကို ဘုရားရှင်အား မေးမြန်း လျောက်ထားပြန်ရာ…
သောတာပတ္တိဖိုလ် သို့ ဆိုက်ရောက်ခဲ့သော သုပ္ပဗုဒ္ဓ၏ လားရာသည် တာဝတိ ံ သာနတ်ပြည်ဖြစ်ကြောင်း မိန့်တော်မူ၏။ ထို့နောက်သုပ္ပဗုဒ္ဓ သည် ဘဝဟောင်း တစ်ခုတွင် တဂရသိခီအမည်ရှိ ပစ္စေက ဗုဒ္ဓါကို တွေ့မြင်ရပြီး တံတွေးထွေးးကာ မရိုသေ သော ပြစ်မှားမှုကြောင့် ကာလကြည်ရှည်စွာ ငရဲ၌ ကျက်ခဲ့ရဖူး၏။ ထိုမှ လွန်သော်လည်း ကံ အကျိုး၏ အကြွင်းအကျန်အစွမ်းကြောင့် ယခုဘဝ၌ နူနာစွဲကပ်ရကြောင်းဆက်လက် မိန့်တော်မူလေသည်။
သံသရာခရီးကို လျှောက်လှမ်းကြရာမှာ ကိုယ်စီ ဘဝအသီးသီးရကြအခါမှာ မျက်မှောက်ဘဝ၍ ခံစားရသော အကောင်းအဆိုး အကျိုးတရားများသည် အတိတ်ဘဝများဆီမှ ပြုမှုဆောင်ရွက်ခဲ့ေသော ကံသုံးပါးတို့ ၏ အကြောင်းတရားများပါဝင် ပတ်သက်သင့် သလောက် ပါဝင်နေလေသည်။ တဖန် ယခုဘဝ၌ ပြုမှုဆောင်ရွက် သည့် ကံအကြောင်းတို့က အနာဂတ်ဘဝကို ထပ်မံပုံဖော်ပေးမည့် အကျိုးတရားတို့သာဖြစ်ကြောင်း….သုပ္ပဗုဒ္ဓ ဇတ်လမ်းလေးက ဥပမာ ပုံဆောင်နေပါတယ်။ ထို့ကြောင့် သူတော်ကောင်းတရားများ လိုက်နာ ကျင့်သုံး နိုင်ကြပါစေ၊ ကျင့်သုံးကြပါစို့လို့တိုက်တွန်းလိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
Credit : ရာဇဂြိုလ်ပြည်တွင် သုပ္ပဗုဒ္ဓ ဆိုသည့် အရေပြားရောဂါသည် သည်အတိတ်က မကောင်းမှု တစ်ခုကြောင့် နူနာရောဂါ ခံစားရကာ သူများတကာပေးကမ်း စွန့်ကြဲမှု ကို ငံ့လင့်ကာ မှီခိုစားသောက်နေထိုင်ရသူ ဖြစ်သည်။ သို့သော် ဘုရားရှင်ဟောကြားတော် မူသော တရားတော်တွေကို နာကြားခဲ့ရဖူးပြီး သူ၏ နှလုံးသား၌ စူးစူးနစ်နစ် စွဲဝင်ပြီး မြတ်နိုးစွာ တည်ထားသူဖြစ်၏။