၁။ ပါဝင်ပစ္စည်း
ပြုလုပ်နည်း
၂။ ပါဝင်ပစ္စည်း
မုန်လာဥနီ ၁ လုံး
ပြုလုပ်နည်း
Credit : Mystyle
အားလုံးပဲမင်္ဂလာပါနော်။ တနေ့ပြီးတစ်နေ့ ရှင်သန်နေရင်း သဘာပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေ၊ ဓာတုပစ္စည်းတွေကြောင့် အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။
ဒါ့ကြောင့် အသားအရေကို ထိန်းသိမ်းသင့်ပါတယ်။သင့်မျက်နှာအသားအရေပေါ်က အရေးကြောင်းတွေကို သက်သာစေပြီး အသားအရေကိုတင်းရစ်လှပစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ ပါဝင်ပစ္စည်း
သံပယိုသီး တစ်လုံး (လတ်လတ်ဆတ်ဆတ်)
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း-၃ ဇွန်း
ပြုလုပ်နည်း
ပျားရည်ထဲကို သံပယိုသီးကို အရည်ညှစ်ပြီးထည့်လိုက်ပါ။ အသားအရေက ထိခိုက်လွယ်တယ်ဆိုရင် ရေနည်းနည်းထည့်ဖို့အကြံပြုချင်ပါတယ်။
ပြီးရင်တော့ သင့်မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ်အနည်းငယ်နေပေးပါ။ ခဏအခြောက်ခံထားလိုက်ပြီး ရေဆေးချလိုက်ပါ။ တစ်ပတ် ၁ ကြိမ်လုပ်ပါ။
၂။ ပါဝင်ပစ္စည်း
မုန်လာဥနီ ၁ လုံး
ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
မုန်လာဥနီကို ရေသေချာဆေးပြီး ပါးပါးလှီးလိုက်ပါ။ ပြီးရင်တော့ Blender ထဲထည့်လိုက်ပြီး အရည်ကို သတ်သတ်ထုတ်လိုက်ပါ။ ပြီးရင်ပျားရည်ထည့်ပြီး သင့်မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားကာ ရေဆေးချလိုက်ပါ။
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...