iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Akhayar

မော်ဒယ်ပေါက်စ ကောင်မလေးတစ်ယောက် ကနေ သရုပ်ဆောင်မင်းသမီး တစ်ဦးဖြစ်လာတဲ့ချောကလျာကအနုပညာနဲ့ပတ်သတ်လို့သူမဘယ်လိုတွေစိတ်နစ်ပြီးသရုပ်ဆောင်လိုတယ်ဆိုတာကိုရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။

“အဓိကကတော့ ချောရဲ့မျက်နှာက ကပြားစပ်တဲ့ ပုံပေါက်တဲ့ အခါကျတော့ ဇာတ်လမ်းလာငှားကြတဲ့ အခါအရမ်းအေးဆေးတဲ့ ကာရိုက်တာပုံစံသိပ်မလာဘူး။Fancy ပုံစံလေးတွေနဲ့ နည်းနည်း ဟော့ဟော့ ပုံစံမျိုးလေးတွေလာတယ်။ တချို့ ကျတော့လည်း နည်းနည်း ဒရာမာဆန်တာမျိုးလေးတွေ လာပါတယ်။ ချောရိုက်ခဲ့တဲ့ ရုပ်ရှင်ကားတွေ ၇ကားလောက်ရှိပါတယ်။ တစ်ကားမှရုံမတင်သေးဘူး တည်ချက်၊ ကိုယ်စောင့်နတ်၊ ပီဇာ ၊ ချိန်ခွင် ဆိုတဲ့ ကားလေးတွေရှိတယ်ပေါ့နော် ဒါကတော့ ချောရိုက်ခဲ့တဲ့ ကားတွေပါ။ အခုလက်ရှိမှာတော့ စားကျက်ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။29025550 413433705744879 928194998824726261 n

ဒရာမာဇာတ်လမ်း တွေမှာ သရုပ်ဆောင်ရတာကို ပိုအားသာတယ် အရမ်းလည်းကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ချောကစိတ်နစ်ပြီးလုပ်ရတာကို အရမ်းသဘောကျတယ် ပေါ့ပေါ့ပါးပါးထက်စာရင် Character တစ်ခုမှာ လုံးဝကို စိတ်နစ်ပြီးတော့ လုပ်ရတဲ့ဟာတွေကို ကြိုက်တယ်။ အရှေ့မှာ ရိုက်ထားတဲ့ ထဲမှာ လည်းရှိပါတယ်ချောခေါင်းဆောင်ပြီးရိုက်ထားတဲ့ ရုပ်ရှင်ကားတစ်ကားလည်း ရှိပါတယ်အဲ့ကားထဲမှာဆိုရင်လည်း တစ်ကားလုံးကို စိတ်နစ်ထားတယ်။

အရင်တုန်းကချောကလျာဆိုတာ မော်ဒယ်ပေါက်စကောင်မလေးပေါ့။ ပရိသတ်ကလည်းသိပ်ပြီး သတိမထားမိသေးဘူးပေါ့။ဒါပေမယ့် ချော Miss Heritage Myanmar 2016 မှာ ပါဝင်ယှဉ်ပြိုင်တဲ့ အခါဆုရလာတယ်။ အဲ့လို ဆုရလာတဲ့ အခါချောကို သိလာကြတယ်။အဲ့ကနေမှတဆင့် သရုပ်ဆောင်ပိုင်းကို ရောက်လာခဲ့တာပါ။ အခုလက်ရှိရိုက်ခဲ့ပြီးသလောက်ဇာတ်ကားတွေမှာ ၂ ကား ၃ ကားလောက် ကာရိုက်တာတွေ ကထပ်တာတွေလည်း ရှိတယ်။ သရုပ်ဆောင်တဲ့ ကာရိုက်တာတော့ မစုံသေးပါဘူးချောရိုက်ချင်ပါသေးတယ် တကယ့်ကို အများကြီးအများကြီး ရိုက်ချင်ပါသေးတယ် မိဘနဲ့သားသမီးကြားက မေတ္တာဖွဲ့ကားမျိုးလေးတွေလည်း ချောအရမ်းရိုက်ချင်ပါတယ်” ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။

Credit : Akhayar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top