Credit: MMCele
# Unicode Version ဖြင့် ဖတ်ပါ #
လက်ရှိရုံတင်ပြသနေတဲ့ ကြွေ ရုပ်ရှင်ကားဟာ တက္ကသိုလ်ကျောင်းသားများဘဝနှင့် ရန်ကုန်တက္ကသိုလ်ကို အခြေခံကား ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်ပါတယ်။
ရုပ်ရှင်ကားရိုက်ကူးနေစဉ်အချိန်မှာလဲ အခက်အခဲပေါင်းများစွာရုံကြုံတွေ့ခဲ့ရပြီး သိန်းပေါင်းထောင်ကျော်ကုန်ကျခဲ့ကာ အခုရုံတင်ချိန် ရောက်တော့လည်း ထုတ်လုပ်ရေးလိုင်စင် အပိတ်ခံရတော့မယ့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့အပြင် တက္ကသိုလ်ကျောင်းများ ထိန်းသိမ်းရေးကွန်ရက် ဆိုသော အဖွဲ့တစ်ခုကလည်း ကြွေရုပ်ရှင်ဇာတ်ကားသည် တက္ကသိုလ်ကျောင်းများ၏ ဂုဏ်သိက္ခာအောင် ရိုက်ကူးတင်ပြထားသော ပြကွက်များ ပါနေသည်ဟုဆိုကာ တက္ကသိုလ်ကျောင်းနှင့် သက်ဆိုင်သူများကို ပြန်လည်တောင်းပန်ရန်နှင့် မတောင်းပန်ပါက တရားဆွဲဆိုသွားမည်ဟု ကြေညာချက် ထုတ်ပြန်ထားတာကိုလဲ တွေ့ရပါတယ်။
ကြွေရုပ်ရှင်ဇာတ်ကားကို Bo Bo Film Production မှထုတ်လုပ်ပြီး ဒါရိုက်တာသားညီ နှင့် သရုပ်ဆောင်များအဖြစ် လွှမ်းပိုင် အိချောပို နှင့် အနုပညာရှင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်ထားကြသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: MMCele