တင္းတိပ္ဆုိတာ မ်က္နွာ အသားကုိ ေနပူေလာင္တာ၊ မီးပူမိတာက စတာပါ “..” မီးအပူနဲ႔ ခ်က္ရ ၊ ျပဳတ္ရတာေတြလည္းပါတာေပါ့”
သုံးရမွာက အိမ္မွာ ေငြလည္းမကုန္ ၊ လြယ္လြယ္နဲ႔ ရတဲ့ မီးဖုိေခ်ာင္ထဲက ျမန္မာ့ တုိင္းရင္းေဆး ပစၥည္း မက်ည္းသီးမွည္႔ ပါဘဲ ။
ကၽြန္ေတာ္ အဲဒီနည္းကုိ အမၾကီးေတြ ၊ ညီမေတြကုိ ေပးျပီး စမ္းသပ္ ခုိင္းတာ ဆယ္ရက္ – ဆယ္ငါးရက္အတြင္း သိသိသာသာ ေပ်ာက္သြား တာေတြကုိမ်က္ျမင္ ေတြ႔ရလုိ႔ မွ်ေ၀ေပးတာပါ ။
ေဆးနည္း
၁ ။မက်ည္းသီးမွည္႔ နည္းနည္းကုိ ခြက္တစ္ခုထဲမွာေရ နဲနဲထည္႔ျပီး ပုံထဲက အတုိင္း မပ်စ္ မက်ဲေလး ေဖ်ာ္ထားပါ ။
၂ ။ အဲဒီ မက်ည္းမွည္႔ ေဖ်ာ္ရည္ကုိ မနက္အိပ္ရာထ မ်က္နွာသစ္ျပီး မ်က္နွာ မွာ လိမ္းထားလုိက္ပါ ။
( စ လိမ္းခါစမွာ စပ္ဖ်င္းဖ်င္းကေလး မ်က္နွာမွာ ျဖစ္ေနျပီး ေအးေအးေလးနဲ႔ မ်က္နွာ တင္းတင္းေလးရွိေနမွာပါ ။ အျပင္သြားခါနီး၊အလုပ္သြားခါနီး မွ အဲဒီမန္က်ည္းမွည္႔လိမ္းထားတာကုိ ေရနဲ႔ မ်က္နွာသစ္ျပီးဖ်က္ျပီး သနပ္ခါး ၊ မိတ္ကပ္ လိမ္းခ်င္ရာ လိမ္းျပီးသြားေပါ့ ။ )
၃ ။ ည အိပ္ရာ ၀င္ခါနီး မ်က္နွာသစ္ျပီး အဲဒီ မန္က်ည္းမွည္႔ ေဖ်ာ္ရည္ကုိ မ်က္နွာမွာ ပါးပါးေလး လိမ္းျပီး အိပ္လုိက္ပါ ။
အနဲဆုံး တစ္ေန႕ နွစ္ၾကိမ္ေလာက္ လိမ္းေပးရင္ကုိ ရပါတယ္ ။
ဆယ္ရက္ ၊ ဆယ့္ငါးရက္ေလာက္ လိမ္းၾကည္႔ရင္ကုိ သိသာလာမွာပါ ။
အႏၱရာယ္ မရွိတဲ့ ျမန္မာ့ တုိင္းရင္းေဆး နည္းနဲ႔ သဘာ၀အတုိင္း မ်က္နွာေလး တင္းျပီး နုေခ်ာလာတာကုိ ေတြ႔ရမွာပါလုိ႔ လက္ေတြ႔ စမ္းသပ္ခဲ့ျပီး ေျပာလုိက္ပါရေစ…။
အမ်ဳိးသမီးမ်ား လွႏႈိင္ၾကပါေစ…။
ကုိးကါး
၁ ။ မေကြး၀င္းျမင့္ ( တုိင္းရင္းေဆးပညာရွင္ )
၂။ ကုိယ့္မိသားစု၀င္မ်ား ၊ နီးစပ္ရာ အစ္မၾကီး မ်ားအား လက္ေတြ႔ စမ္းသပ္ ေလ့လာ ေပ်ာက္ကင္းသြားမႈမ်ားေၾကာင့္ ဖရန္းမ်ားအား မွ်ေ၀ေပးလုိက္ပါတယ္။
Credit.M.M
# Unicode Version ျဖင့္ ဖတ္ပါ #
တင်းတိပ်ဆိုတာ မျက်နှာ အသားကို နေပူလောင်တာ၊ မီးပူမိတာက စတာပါ “..” မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့”
သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ ။
ကျွန်တော် အဲဒီနည်းကို အမကြီးတွေ ၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။
ဆေးနည်း
၁ ။မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီး ပုံထဲက အတိုင်း မပျစ် မကျဲလေး ဖျော်ထားပါ ။
၂ ။ အဲဒီ မကျည်းမှည့် ဖျော်ရည်ကို မနက်အိပ်ရာထ မျက်နှာသစ်ပြီး မျက်နှာ မှာ လိမ်းထားလိုက်ပါ ။
( စ လိမ်းခါစမှာ စပ်ဖျင်းဖျင်းကလေး မျက်နှာမှာ ဖြစ်နေပြီး အေးအေးလေးနဲ့ မျက်နှာ တင်းတင်းလေးရှိနေမှာပါ ။ အပြင်သွားခါနီး၊အလုပ်သွားခါနီး မှ အဲဒီမန်ကျည်းမှည့်လိမ်းထားတာကို ရေနဲ့ မျက်နှာသစ်ပြီးဖျက်ပြီး သနပ်ခါး ၊ မိတ်ကပ် လိမ်းချင်ရာ လိမ်းပြီးသွားပေါ့ ။ )
၃ ။ ည အိပ်ရာ ဝင်ခါနီး မျက်နှာသစ်ပြီး အဲဒီ မန်ကျည်းမှည့် ဖျော်ရည်ကို မျက်နှာမှာ ပါးပါးလေး လိမ်းပြီး အိပ်လိုက်ပါ ။
အနဲဆုံး တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရင်ကို ရပါတယ် ။
ဆယ်ရက် ၊ ဆယ့်ငါးရက်လောက် လိမ်းကြည့်ရင်ကို သိသာလာမှာပါ ။
အန္တရာယ် မရှိတဲ့ မြန်မာ့ တိုင်းရင်းဆေး နည်းနဲ့ သဘာဝအတိုင်း မျက်နှာလေး တင်းပြီး နုချောလာတာကို တွေ့ရမှာပါလို့ လက်တွေ့ စမ်းသပ်ခဲ့ပြီး ပြောလိုက်ပါရစေ…။
အမျိုးသမီးများ လှနှိုင်ကြပါစေ…။
ကိုးကါး
၁ ။ မကွေးဝင်းမြင့် ( တိုင်းရင်းဆေးပညာရှင် )
၂။ ကိုယ့်မိသားစုဝင်များ ၊ နီးစပ်ရာ အစ်မကြီး များအား လက်တွေ့ စမ်းသပ် လေ့လာ ပျောက်ကင်းသွားမှုများကြောင့် ဖရန်းများအား မျှဝေပေးလိုက်ပါတယ်။
Credit.M.M
တင္းတိပ္ေႀကာင္႔ စိတ္ညစ္ေနသူမ်ား အတြက္ သဘာ၀ တင္းတိပ္ ေပ်ာက္ေဆး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။