ဘိုဆန္ဆန္မ်က္နွာေလးနဲ႔ ရယ္လိုက္ရင္အရမ္းကိုခ်စ္ဖို႔ေကာင္းတဲ့ ေမာ္ဒယ္မေလး ေဂ်ေနာ္ကေတာ့ သူမရဲ႕ပင္ကိုယ္အလွတရားေတြကို ယံုၾကည္မႈရွိစြာ ခ်ျပေလ့ရွိသူတစ္ဦးပဲ ျဖစ္ပါတယ္။ ကခ်င္တိုင္းရင္းသူေလးတစ္ဦးျဖစ္တဲ့
ေဂ်ေနာ္ကေတာ့ စကားေျပာရင္ အသံဝဲဝဲေလးနဲ႔ အရမ္းကိုယဥ္ေက်းသူေလးပါ။ လူငယ္ပီပီ လြတ္လပ္ေပါ့ပါးစြာေနထိုင္တတ္တဲ့ ေဂ်ေနာ္ကေတာ့ သူမအသက္ ၁၃နွစ္ကတည္းက Bra မဝတ္ေတာ့တဲ့အေၾကာင္းကို မိုမိုေလးသို႔ ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့တာေၾကာင့္ ေဂ်ေနာ္ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္ ေဝမ်ွေပးခ်င္ပါတယ္ေနာ္။
ေဂ်ေနာ္ကေတာ့ သူမ အသက္ ၁၃နွစ္ေလာက္ကတည္းက bra မဝတ္ျဖစ္ေတာ့တဲ့အေၾကာင္းကို “ေနာ္က အင္တာဗ်ဴးေတြမွာလည္း အၿမဲေျဖေနက်ေပါ့ေနာ္ ေနာ္ေလးရဲ႕အသက္ ၁၃ ၁၄ေလာက္က ေနာ္ေလးရဲ႕နွလံုးက ေတာ္ေတာ္အေျခအေနဆိုးတယ္ အသက္ရႈရတာၾကပ္တယ္ အသက္ရႈမဝဘူးဆ္ိုေတာ့ ဆရာဝန္က ျဖစ္နိုင္ရင္ အတြင္းက braကို တင္းတင္းျကပ္ျကပ္ႀကီးမဝတ္ဖို႔မွာထားတယ္
အဲ့ဒီအခ်ိန္ကေန ကိုယ္ကဆိုက္ကိုျဖစ္သြားေရာ အထဲမွာ bra ဝတ္ထားရင္ အသက္ရႈၾကပ္တယ္လို႔ခံစားရတဲ့ ဖီလင္ႀကီးက ကိုယ့္ရဲ႕စိတ္ထဲဝင္ေနေတာ့ အပ်ိဳေဖာ္စဝင္ကတည္းက bra မဝတ္ျဖစ္တာမ်ားတယ္ ဝတ္တယ္ဆိုရင္လည္း ဒီအတိုင္းသြားလို႔မသင့္ေတာ္တဲ့ အက်ီၤမ်ိဳးမွ bra ဝတ္တယ္ အထဲမွာဘာမွမဝတ္ထားတာကို မသိသာေစတဲ့အက်ီၤထူထူမ်ိဳးဝတ္တဲ့အခ်ိန္က်ရင္ေတာ့ ေနာ္ေလး bra မဝတ္ဘူး ေပါ့ေနာ္ ဒူးေနရာဒူး ေတာ္ေနရာေတာ္ေပါ့ ကိုယ္သြားမယ့္ပြဲအေပၚမူတည္ၿပီး ေနာ္ေလး ဝတ္ျဖစ္တာပါ” လို႔ မိုမိုေလးကို ေျပာျပသြားတာပါ။
စိတ္ထားျဖဴစင္လြန္းတဲ့ ေကာင္မေလး ေဂ်ေနာ္ကေတာ့ လူမႈကူညီေရးကိစၥေတြမွာလည္း သူမတတ္နိုင္တဲ့ဘက္ကေန အၿမဲလိုလိုကူညီေပးေလ့ရွိသူတစ္ဦးျဖစ္တာေၾကာင့္ ပရိသတ္ေတြက သူမကို ပိုၿပီးခ်စ္လာၾကတာပါ။
အႏုပညာရွင္တစ္ဦးျဖစ္တာေၾကာင့္ ေဝဖန္မႈအခ်ိဳ႕ကိုရင္ဆိုင္ရေပမယ့္လည္း ေဂ်ေနာ္ ဆိုတဲ့ သူမကေတာ့ အၿပံဳးေလးနဲ႔သာ ပရိသတ္ကို ျပန္လည္တံု႔ျပန္တတ္သူပါ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း စိတ္ရင္းျဖဴၿပီး ပြင့္လင္းရိုးရွင္းတဲ့ အမိုက္စားေမာ္ဒယ္မေလး ေဂ်ေနာ္ကို ခ်စ္တဲ့စိတ္နဲ႔ၾကည့္ၿပီး သူမရဲ႕အႏုပညာလႈပ္ရွားမႈေတြကို အားေပးလိုက္ၾကပါဦးေနာ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗဟုသုတ
# Unicode Version ျဖင့္ ဖတ္ပါ #
ဘိုဆန်ဆန်မျက်နှာလေးနဲ့ ရယ်လိုက်ရင်အရမ်းကိုချစ်ဖို့ကောင်းတဲ့ မော်ဒယ်မလေး ဂျေနော်ကတော့ သူမရဲ့ပင်ကိုယ်အလှတရားတွေကို ယုံကြည်မှုရှိစွာ ချပြလေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့
ဂျေနော်ကတော့ စကားပြောရင် အသံဝဲဝဲလေးနဲ့ အရမ်းကိုယဉ်ကျေးသူလေးပါ။ လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်တဲ့ ဂျေနော်ကတော့ သူမအသက် ၁၃နှစ်ကတည်းက Bra မဝတ်တော့တဲ့အကြောင်းကို မိုမိုလေးသို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာကြောင့် ဂျေနော်ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ဝေမျှပေးချင်ပါတယ်နော်။
ဂျေနော်ကတော့ သူမ အသက် ၁၃နှစ်လောက်ကတည်းက bra မဝတ်ဖြစ်တော့တဲ့အကြောင်းကို “နော်က အင်တာဗျူးတွေမှာလည်း အမြဲဖြေနေကျပေါ့နော် နော်လေးရဲ့အသက် ၁၃ ၁၄လောက်က နော်လေးရဲ့နှလုံးက တော်တော်အခြေအနေဆိုးတယ် အသက်ရှုရတာကြပ်တယ် အသက်ရှုမဝဘူးဆိုတော့ ဆရာဝန်က ဖြစ်နိုင်ရင် အတွင်းက braကို တင်းတင်းကြပ်ကြပ်ကြီးမဝတ်ဖို့မှာထားတယ်
အဲ့ဒီအချိန်ကနေ ကိုယ်ကဆိုက်ကိုဖြစ်သွားရော အထဲမှာ bra ဝတ်ထားရင် အသက်ရှုကြပ်တယ်လို့ခံစားရတဲ့ ဖီလင်ကြီးက ကိုယ့်ရဲ့စိတ်ထဲဝင်နေတော့ အပျိုဖော်စဝင်ကတည်းက bra မဝတ်ဖြစ်တာများတယ် ဝတ်တယ်ဆိုရင်လည်း ဒီအတိုင်းသွားလို့မသင့်တော်တဲ့ အကျီၤမျိုးမှ bra ဝတ်တယ် အထဲမှာဘာမှမဝတ်ထားတာကို မသိသာစေတဲ့အကျီၤထူထူမျိုးဝတ်တဲ့အချိန်ကျရင်တော့ နော်လေး bra မဝတ်ဘူး ပေါ့နော် ဒူးနေရာဒူး တော်နေရာတော်ပေါ့ ကိုယ်သွားမယ့်ပွဲအပေါ်မူတည်ပြီး နော်လေး ဝတ်ဖြစ်တာပါ” လို့ မိုမိုလေးကို ပြောပြသွားတာပါ။
စိတ်ထားဖြူစင်လွန်းတဲ့ ကောင်မလေး ဂျေနော်ကတော့ လူမှုကူညီရေးကိစ္စတွေမှာလည်း သူမတတ်နိုင်တဲ့ဘက်ကနေ အမြဲလိုလိုကူညီပေးလေ့ရှိသူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက သူမကို ပိုပြီးချစ်လာကြတာပါ။
အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် ဝေဖန်မှုအချို့ကိုရင်ဆိုင်ရပေမယ့်လည်း ဂျေနော် ဆိုတဲ့ သူမကတော့ အပြုံးလေးနဲ့သာ ပရိသတ်ကို ပြန်လည်တုံ့ပြန်တတ်သူပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း စိတ်ရင်းဖြူပြီး ပွင့်လင်းရိုးရှင်းတဲ့ အမိုက်စားမော်ဒယ်မလေး ဂျေနော်ကို ချစ်တဲ့စိတ်နဲ့ကြည့်ပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: ဗဟုသုတ