မရင့္က်က္ေသးတ့ဲအရြယ္ရဲ႕ မႏူးမနပ္အေတြးေတြက အခုဆုိရင္ေတာ့ ရယ္စရာ၊ ေနာင္တရစရာေတြ ျဖစ္ကုန္ပါျပီ။
လူတိုင္းငယ္ရာကေန ႀကီးလာၾကတာပဲ ေယာင္းတို႔ရယ္.. ငယ္ငယ္တုန္းကအေတြးေတြကို အခုျပန္စဥ္းစားမိရင္ “ငါဘာလို႔ အ့ဲလိုေတြးခ့ဲပါလိမ့္” လို႔ ထင္မိၾကလိမ့္မယ္..။ ငယ္ငယ္တုန္းက အသည္းအသန္လိုခ်င္ခ့ဲတ့ဲ ဘာဘီအ႐ုပ္မေလးဟာ အခုေခ်ာင္ထိုးထားခံရႏိုင္သလို.. အခု ေယာင္းအရမ္းသေဘာက်တ့ဲ ပိုက္ဆံအိတ္ေလးကိုလည္း ေယာင္း တစ္ေန႔က် မၿငီးေငြ႕သြားဘူးလို႔ မေျပာႏိုင္ဘူးေလ..။
အသက္တျဖည္းျဖည္းႀကီးလာတာနဲ႔.. ေလာကႀကီးမွာ က်င္လည္ရတ့ဲအခ်ိန္ေတြၾကာလာတာနဲ႔အမွ် လူေတြရဲ႕အေတြးေတြကလည္း ရင့္က်က္ေျပာင္းလဲလာတယ္ ေယာင္းတို႔ရဲ႕..။ ေယာက္်ားေလးတစ္ေယာက္အတြက္နဲ႔ ေယာင္း မ်က္ရည္စက္လက္ျဖစ္ခ့ဲေကာင္းျဖစ္ခ့ဲမယ္.. ဒါေပမ့ဲ ဘဝမွာ အခ်စ္ထက္ အေရးႀကီးတာေတြရွိေသးတယ္လို႔ နားလည္လာတ့ဲတစ္ေန႔က် ေယာင္း အ့ဲေကာင္ေလးနဲ႔ ပတ္သက္ၿပီး ထူးထူးျခားျခားခံစားရမွာ မဟုတ္ေတာ့ဘူး..။
ေယာင္းေယာင္းတို႔ အခုမွန္တယ္လို႔ထင္တ့ဲလုပ္ရပ္ေတြက ေနာင္ဆယ္ႏွစ္ေလာက္ေနလို႔ ျပန္ေတြးၾကည့္ရင္ မွားေနတတ္သလို.. ေယာင္း အခုမွားတယ္လို႔ ထင္ေနတာေတြက အနာဂတ္အေတြးမွာ မွန္ခ်င္မွန္ေနႏိုင္ျပန္ေရာ..။
လူတိုင္းက အမွားနဲ႔မကင္းၾကပါဘူး..။ အမွားနဲ႔ကင္းတယ္ဆိုတ့ဲလူလည္း ေလာကႀကီးမွာ မရွိဘူးေလ.. ေယာင္းက ဆယ္ေက်ာ္သက္ ဒါမွမဟုတ္ ႏွစ္ဆယ္ဝန္းက်င္ မိန္းကေလးတစ္ေယာက္ျဖစ္ခ့ဲမယ္ဆိုရင္ ဒီအခ်ိန္ဟာ ေယာင္းအတြက္ စိန္ေခၚမႈေတြ စတင္ေတြ႕ၾကံဳရတ့ဲအခ်ိန္ပဲ.. အထူးသျဖင့္ လူမႈေရးျပႆနာအရႈပ္အရွင္းေတြ၊ ခ်စ္လွပါခ်ည္ရဲ႕ဆိုတ့ဲ ေကာင္ေလးေတြ တဝိုင္းဝိုင္းလည္ေနမ့ဲအခ်ိန္မ်ိဳေပါ့.. ခါခ်ေနရတယ္ဆိုတာ ဒါမ်ိဳးမွအစစ္..။
ဒါေပမ့ဲ အေတြးႏုႏုနဲ႔ ဘဝႀကီးကို ေရစုန္မေမ်ာပစ္လိုက္ဖို႔က အဓိကပဲ ေယာင္းေရ..။ ျပန္ေတြးၾကည့္လို႔ ေနာင္တရရတ့ဲ အေတြးမွားထဲမွာ လမ္းမွားေရာက္ၿပီး ကီးေၾကာင္သြားတ့ဲဘဝတစ္ခု မျဖစ္ပါေစနဲ႔ေနာ္.. အခ်စ္ဟာ ဘဝတစ္ခုအတြက္ အေရးပါေကာင္း ပါႏိုင္တယ္.. ဒါေပမ့ဲ ဘဝတစ္ခုပ်က္ရေလာက္တ့ဲအထိေတာ့ မဟုတ္ေသးဘူး..။
ေနာက္ၿပီး ေယာင္းတို႔ ဆယ့္သံုးေလးႏွစ္အရြယ္မွာ အေမ့ကို စိတ္ရႈပ္စရာလို႔ ေတြးမိႏိုင္တယ္။ ဆယ့္ေျခာက္ ဆယ့္ခုနစ္မွာ အေမမရွိရင္ နားေအးမွာလို႔ ေတြးမိခ်င္ ေတြးမိမယ္.. ဒါေပမ့ဲ သံုးဆယ္ေက်ာ္ ေလးဆယ္ေလာက္ေရာက္လာရင္ေတာ့ အေမ့ရင္ခြင္ထဲေခါင္းတိုးၿပီး ငိုခ်ပစ္ခ်င္တ့ဲအခ်ိန္ေတြ ရွိလာမွာပဲ.. အေမက ကိုးလေလာက္ အခ်ိန္ယူၿပီး တည္ေဆာက္ထားရတ့ဲ ဒီခႏၶာကိုယ္၊ ဒီႏွလံုးသားကို တဒဂၤေတြ႕ဆံုၾကံဳႀကိဳက္ရတ့ဲ လူတခ်ိဳ႕တေလေၾကာင့္ မပ်က္စီးေစခ်င္ဘူး..။
တျဖည္းျဖည္းအရြယ္ေရာက္လာတာနဲ႔အမွ်.. ဘယ္ဟာက အဓိက.. ဘယ္ဟာက သာမည ဆိုတာ နားလည္လာလိမ့္မယ္..
ဒါေပမ့ဲ အခ်ိန္ဆိုတာ ေနာက္ျပန္လွည့္လို႔ရတ့ဲကိစၥလည္း မဟုတ္.. ေနာင္တေတြရၿပီး အတိတ္မွာပဲ တဝဲလည္လည္ျဖစ္ေနရမွာထက္ အနာဂတ္နဲ႔ ပစၥဳပၸန္ကိုပဲ ပိုၿပီးလွပေအာင္ အားထုတ္ၾကည့္ရမယ္ ေယာင္းရဲ႕..
Credit: Su Myat (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
မရင့်ကျက်သေးတဲ့အရွယ်ရဲ့ မနူးမနပ်အတွေးတွေက အခုဆိုရင်တော့ ရယ်စရာ၊ နောင်တရစရာတွေ ဖြစ်ကုန်ပါပြီ။
လူတိုင်းငယ်ရာကနေ ကြီးလာကြတာပဲ ယောင်းတို့ရယ်.. ငယ်ငယ်တုန်းကအတွေးတွေကို အခုပြန်စဉ်းစားမိရင် “ငါဘာလို့ အဲ့လိုတွေးခဲ့ပါလိမ့်” လို့ ထင်မိကြလိမ့်မယ်..။ ငယ်ငယ်တုန်းက အသည်းအသန်လိုချင်ခဲ့တဲ့ ဘာဘီအရုပ်မလေးဟာ အခုချောင်ထိုးထားခံရနိုင်သလို.. အခု ယောင်းအရမ်းသဘောကျတဲ့ ပိုက်ဆံအိတ်လေးကိုလည်း ယောင်း တစ်နေ့ကျ မငြီးငွေ့သွားဘူးလို့ မပြောနိုင်ဘူးလေ..။
အသက်တဖြည်းဖြည်းကြီးလာတာနဲ့.. လောကကြီးမှာ ကျင်လည်ရတဲ့အချိန်တွေကြာလာတာနဲ့အမျှ လူတွေရဲ့အတွေးတွေကလည်း ရင့်ကျက်ပြောင်းလဲလာတယ် ယောင်းတို့ရဲ့..။ ယောက်ျားလေးတစ်ယောက်အတွက်နဲ့ ယောင်း မျက်ရည်စက်လက်ဖြစ်ခဲ့ကောင်းဖြစ်ခဲ့မယ်.. ဒါပေမဲ့ ဘဝမှာ အချစ်ထက် အရေးကြီးတာတွေရှိသေးတယ်လို့ နားလည်လာတဲ့တစ်နေ့ကျ ယောင်း အဲ့ကောင်လေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားခံစားရမှာ မဟုတ်တော့ဘူး..။
ယောင်းယောင်းတို့ အခုမှန်တယ်လို့ထင်တဲ့လုပ်ရပ်တွေက နောင်ဆယ်နှစ်လောက်နေလို့ ပြန်တွေးကြည့်ရင် မှားနေတတ်သလို.. ယောင်း အခုမှားတယ်လို့ ထင်နေတာတွေက အနာဂတ်အတွေးမှာ မှန်ချင်မှန်နေနိုင်ပြန်ရော..။
လူတိုင်းက အမှားနဲ့မကင်းကြပါဘူး..။ အမှားနဲ့ကင်းတယ်ဆိုတဲ့လူလည်း လောကကြီးမှာ မရှိဘူးလေ.. ယောင်းက ဆယ်ကျော်သက် ဒါမှမဟုတ် နှစ်ဆယ်ဝန်းကျင် မိန်းကလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒီအချိန်ဟာ ယောင်းအတွက် စိန်ခေါ်မှုတွေ စတင်တွေ့ကြုံရတဲ့အချိန်ပဲ.. အထူးသဖြင့် လူမှုရေးပြဿနာအရှုပ်အရှင်းတွေ၊ ချစ်လှပါချည်ရဲ့ဆိုတဲ့ ကောင်လေးတွေ တဝိုင်းဝိုင်းလည်နေမဲ့အချိန်မျိုပေါ့.. ခါချနေရတယ်ဆိုတာ ဒါမျိုးမှအစစ်..။
ဒါပေမဲ့ အတွေးနုနုနဲ့ ဘဝကြီးကို ရေစုန်မမျောပစ်လိုက်ဖို့က အဓိကပဲ ယောင်းရေ..။ ပြန်တွေးကြည့်လို့ နောင်တရရတဲ့ အတွေးမှားထဲမှာ လမ်းမှားရောက်ပြီး ကီးကြောင်သွားတဲ့ဘဝတစ်ခု မဖြစ်ပါစေနဲ့နော်.. အချစ်ဟာ ဘဝတစ်ခုအတွက် အရေးပါကောင်း ပါနိုင်တယ်.. ဒါပေမဲ့ ဘဝတစ်ခုပျက်ရလောက်တဲ့အထိတော့ မဟုတ်သေးဘူး..။
နောက်ပြီး ယောင်းတို့ ဆယ့်သုံးလေးနှစ်အရွယ်မှာ အမေ့ကို စိတ်ရှုပ်စရာလို့ တွေးမိနိုင်တယ်။ ဆယ့်ခြောက် ဆယ့်ခုနစ်မှာ အမေမရှိရင် နားအေးမှာလို့ တွေးမိချင် တွေးမိမယ်.. ဒါပေမဲ့ သုံးဆယ်ကျော် လေးဆယ်လောက်ရောက်လာရင်တော့ အမေ့ရင်ခွင်ထဲခေါင်းတိုးပြီး ငိုချပစ်ချင်တဲ့အချိန်တွေ ရှိလာမှာပဲ.. အမေက ကိုးလလောက် အချိန်ယူပြီး တည်ဆောက်ထားရတဲ့ ဒီခန္ဓာကိုယ်၊ ဒီနှလုံးသားကို တဒင်္ဂတွေ့ဆုံကြုံကြိုက်ရတဲ့ လူတချို့တလေကြောင့် မပျက်စီးစေချင်ဘူး..။
တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ.. ဘယ်ဟာက အဓိက.. ဘယ်ဟာက သာမည ဆိုတာ နားလည်လာလိမ့်မယ်..
ဒါပေမဲ့ အချိန်ဆိုတာ နောက်ပြန်လှည့်လို့ရတဲ့ကိစ္စလည်း မဟုတ်.. နောင်တတွေရပြီး အတိတ်မှာပဲ တဝဲလည်လည်ဖြစ်နေရမှာထက် အနာဂတ်နဲ့ ပစ္စုပ္ပန်ကိုပဲ ပိုပြီးလှပအောင် အားထုတ်ကြည့်ရမယ် ယောင်းရဲ့..
Credit: Su Myat (For Her Myanmar)
ပ်ိဳတို႔ရဲ႕ တစ္ခ်ိန္တုန္းက မႏူးမနပ္အေတြးေလးေတြ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။