သဝန္တိုလို႔ ခ်ဳပ္ခ်ယ္တာေလ ဆိုေပမဲ့.. သဝန္တိုတိုင္း ခ်ဳပ္ခ်ယ္ေနမယ္ဆိုရင္ေတာ့…
သဝန္တိုတယ္ဆိုတာ သမီးရည္းစားေတြၾကားက မရွိမျဖစ္လိုအပ္တဲ့ ခ်စ္စရာေကာင္းတဲ့ အေလ့အထေလးတစ္ခုပါပဲ။ ကိုယ့္ခ်စ္သူအေပၚ သံသယစိတ္နဲ႔ မဟုတ္ဘဲ ခ်စ္စနိုး တြန္႔တိုတဲ့ အျပဳအမူေလးဟာ ၾကည္ႏူးေစပါတယ္။ ဒါေပမဲ့ ဒီၾကည္ႏူးမႈေတြဟာ သံသယေတြ၊ မယံုၾကည္မႈေတြ ေရာစြက္မလာတဲ့အထိပါပဲ။ ေမတၱာတရားကို အရင္းခံထားတဲ့ ခ်စ္ျခင္းဟာ ေအးျမေပမဲ့ သံသယေတြဝင္လာရင္ ပူေလာင္ရတယ္ေလ။ အဲ့ေတာ့ သဝန္တိုတိုင္း ခ်ဳပ္ခ်ယ္သင့္လားဆိုတာကို အတူတူအေျဖရွာၾကည့္ရေအာင္ေနာ္။
သဝန္တိုတယ္ဆိုတာ ကိုယ့္ခ်စ္သူကို သူမ်ားရိသဲ့သဲ့လာလုပ္လို႔ျဖစ္ေစ၊ တစ္စံုတစ္ခုေသာအေၾကာင္းေၾကာင့္ ကိုယ္ကသံသယနဲ႔ ‘သူက ငါ့ေနာက္ကြယ္မွာ ေနာက္တစ္ေယာက္မ်ား ထားေနမလား’ ဆိုတဲ့သံသယစိတ္ေလး ေသးေသးေလးဝင္သြားတာ ျဖစ္ပါတယ္။ အဲ့ဒီသံသယစိတ္ေလးကေန ‘ဟင္း ကိုကိုေနာ္’ ဘာညာေလာက္အထိက ခ်စ္ဖို႔ေကာင္းေပမဲ့ ‘နင္အဲ့ေကာင္မနဲ႔ ပတ္သက္ေနတာလား’ ဆိုတဲ့အထိေရာက္ရင္ေတာ့ ေရွာ႔ခ္ႀကီးပါတယ္။ ကိုယ္က သက္ေသ လက္ဆုပ္လက္ကိုင္ရွိထားရင္ တစ္မ်ိဳးေပါ့။ အကယ္လို႔ကိုယ္က သက္ေသရယ္လို႔ သတ္သတ္မွတ္မွတ္မရွိဘဲ အထင္တစ္ခုတည္းနဲ႔ သြားစြပ္စြဲရင္ေတာ့ ခ်စ္စရာေကာင္းတဲ့အျပဳအမူ ဆိုတာကေန စိတ္ပ်က္စရာအတိ ျဖစ္သြားတတ္ပါတယ္။ မယံုၾကည္ရာကေန သံသယေတြ ထပ္ဆင့္ထပ္ဆင့္ပြားၿပီး ေနာက္ဆံုးသူဘာေျပာေျပာ ဘာလုပ္လုပ္ မယံုၾကည္နိုင္ေတာ့တဲ့အထိ ျဖစ္သြားတတ္တာမ်ိဳးေပါ့..
ေနာက္တစ္ခုက ‘ကိုယ္အတိတ္မွာ ဒီလိုေတြခံခဲ့ရလို႔ ဒီလူ႔ကိုလည္းမယံုေတာ့ဘူးဆိုတာမ်ိဳး’။ လူမတူသလို စိတ္ထားေတြလည္းမတူဘူေလ။ ကိုယ့္စိတ္အစြဲေၾကာင့္ သူမ်ားသားသမီးကို ထိုင္စြပ္စြဲေနတာႀကီးက အလုပ္မဟုတ္ဘူးေလ။ မဟုတ္တာကို အဟုတ္လုပ္ၿပီး စြပ္စြဲေပါင္းမ်ားရင္လည္း ၾကာလာရင္ ျပႆနာေတြ တအားႀကီးလာမွာပါ။ ကိုယ္ယိုးစြပ္လိုက္တဲ့ လူအတြက္လည္း မေကာင္းဘူးေလ။ အဲ့လိုသဝန္တိုတာကေန ခ်ဳပ္ခ်ယ္တာေတြျဖစ္လာေရာ။
ကိုယ္မပါဘဲ ဘယ္မွမသြားရဘူးတို႔၊ ကိုယ္ကလြဲၿပီး တျခားဘယ္သူ႕ကိုမွ စကားမေျပာရဘူးတို႔၊ ဘယ္လိုပဲ ကိုယ့္ခ်စ္သူျဖစ္ေနေန၊ ဘယ္ေလာက္ရင္းႏွီးႏွီး သူမ်ားဖုန္းကို အခြင့္မရွိ ပိုင္စိုးပိုင္နင္းယူစစ္တာတို႔က အမွန္ေတာ့ သူမ်ားရဲ႕ကိုယ္ေရးကိုယ္တာကို မတရားဝင္စြက္ဖက္ရာေရာက္ပါတယ္။ အရင္ဆံုးသတိထားမိရမွာက ဒီလိုကိုယ္က သူ႔ကိုခ်ဳပ္ခ်ယ္လိုက္တယ္ဆိုတာ သူ႔ကို မယံုၾကည္ရာေရာက္ပါတယ္။ တစ္ခါတေလ သူငယ္ခ်င္းေတြစုၿပီး ေပ်ာ္ၾက ပါးၾကတာမ်ိဳးဆိုရင္လည္း ‘အရက္မေသာက္ရဘူး၊ KTV မသြားရဘူး။ ဘာမလုပ္ရ ညာမလုပ္ရ’ စသည္ျဖင့္ေျပာေတာ့ေရာ သူကတကယ္မလုပ္ဘူးထင္လို႔လား? ကိုယ္က ထိန္းခ်ဳပ္ေတာ့ေရာ တေသြမသိမ္းသူက လိုက္တယ္ထင္လား? ကိုယ္ကနားလည္မေပးေတာ့ ခိုးလုပ္မယ္။ သိေတာ့သတ္ၾကမယ္။ ဘာအက်ိဳးရွိတာေတြ႔လို႔လဲ? လူတစ္ေယာက္ရဲ႕ဘဝကို ထဲထဲဝင္ဝင္ အဲ့လိုထိန္းခ်ဳပ္လို႔မရနိုင္ေတာ့ ဘယ္လိုေတြလုပ္ၾကမလဲ? အဲ့ေတာ့ အကုန္လံုးႀကီးထိန္းခ်ဳပ္မယ့္အစား လုပ္သင့္တာ၊ ျဖစ္သင့္တာေလာက္ကို ေအးေအးေဆးေဆး ညွိၿပီး လိုတိုးပိုေလွ်ာ့လုပ္ေပးမယ္ဆိုရင္ ပိုအဆင္မေျပၾကဘူးလား?
အဲ့ေတာ့ သဝန္တိုတိုင္း ခ်ဳပ္ခ်ယ္သင့္လားဆိုေတာ့ မခ်ဳပ္ခ်ယ္သင့္ပါဘူူး။ အတိုင္းအတာတစ္ခုအထိ လႊတ္ထားသင့္သေလာက္ နားလည္ေပးသင့္သေလာက္လႊတ္ေပးထားၿပီး ဒီထက္ေက်ာ္လာရင္ေတာ့ ေအးေအးေဆးေဆး တိုင္ပင္ၿပီး မႀကိဳက္တဲ့အေၾကာင္း ေသေသခ်ာခ်ာေျပာဆိုတာမ်ိဳး အဲ့လိုေတြလုပ္ၾကည့္ပါ။ တစ္သက္လံုးအနားမွာ တစ္ေကာက္ေကာက္လိုက္ေနဖို႔ မျဖစ္နိုင္သလို အဲ့လိုခ်ဳပ္ခ်ယ္ေပါင္းမ်ားရင္လည္း စိတ္ပ်က္သြားၿပီး ေဝးၾကရတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ အဲ့ဒါေၾကာင့္ သဝန္တိုတာနဲ႔ ခ်ဳပ္ခ်ယ္တာကို ကြဲကြဲျပားျပားသိေအာင္လုပ္ၿပီး ခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးေတြပဲ နွစ္ေယာက္ၾကားမွာ ရွင္သန္ေနမယ္ဆိုရင္ ေတာ္တန္ရံုကြဲၾက ကြာၾကတာမ်ိဳးေတြလည္း မျဖစ္ေတာ့ဘူးေလ။ ကိုယ္ကဒီေလာက္ နားလည္ေပးတာေတာင္ အလြဲသံုးစားလုပ္သြားရင္ေတာ့ ‘မြဲခ်င္တဲ့ေခြး ျပာပံုတိုးတယ္’ လို႔ပဲသတ္မွတ္ၿပီး ေရစက္သာခ်လိုက္ပါ။
ေယာင္းတို႔ခ်စ္ျခင္းေတြအျပစ္ကင္းနိုင္ၾကပါေစေနာ္။
Credit : Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
သဝန်တိုလို့ ချုပ်ချယ်တာလေ ဆိုပေမဲ့.. သဝန်တိုတိုင်း ချုပ်ချယ်နေမယ်ဆိုရင်တော့…
သဝန်တိုတယ်ဆိုတာ သမီးရည်းစားတွေကြားက မရှိမဖြစ်လိုအပ်တဲ့ ချစ်စရာကောင်းတဲ့ အလေ့အထလေးတစ်ခုပါပဲ။ ကိုယ့်ချစ်သူအပေါ် သံသယစိတ်နဲ့ မဟုတ်ဘဲ ချစ်စနိုး တွန့်တိုတဲ့ အပြုအမူလေးဟာ ကြည်နူးစေပါတယ်။ ဒါပေမဲ့ ဒီကြည်နူးမှုတွေဟာ သံသယတွေ၊ မယုံကြည်မှုတွေ ရောစွက်မလာတဲ့အထိပါပဲ။ မေတ္တာတရားကို အရင်းခံထားတဲ့ ချစ်ခြင်းဟာ အေးမြပေမဲ့ သံသယတွေဝင်လာရင် ပူလောင်ရတယ်လေ။ အဲ့တော့ သဝန်တိုတိုင်း ချုပ်ချယ်သင့်လားဆိုတာကို အတူတူအဖြေရှာကြည့်ရအောင်နော်။
သဝန်တိုတယ်ဆိုတာ ကိုယ့်ချစ်သူကို သူများရိသဲ့သဲ့လာလုပ်လို့ဖြစ်စေ၊ တစ်စုံတစ်ခုသောအကြောင်းကြောင့် ကိုယ်ကသံသယနဲ့ ‘သူက ငါ့နောက်ကွယ်မှာ နောက်တစ်ယောက်များ ထားနေမလား’ ဆိုတဲ့သံသယစိတ်လေး သေးသေးလေးဝင်သွားတာ ဖြစ်ပါတယ်။ အဲ့ဒီသံသယစိတ်လေးကနေ ‘ဟင်း ကိုကိုနော်’ ဘာညာလောက်အထိက ချစ်ဖို့ကောင်းပေမဲ့ ‘နင်အဲ့ကောင်မနဲ့ ပတ်သက်နေတာလား’ ဆိုတဲ့အထိရောက်ရင်တော့ ရှော့ခ်ကြီးပါတယ်။ ကိုယ်က သက်သေ လက်ဆုပ်လက်ကိုင်ရှိထားရင် တစ်မျိုးပေါ့။ အကယ်လို့ကိုယ်က သက်သေရယ်လို့ သတ်သတ်မှတ်မှတ်မရှိဘဲ အထင်တစ်ခုတည်းနဲ့ သွားစွပ်စွဲရင်တော့ ချစ်စရာကောင်းတဲ့အပြုအမူ ဆိုတာကနေ စိတ်ပျက်စရာအတိ ဖြစ်သွားတတ်ပါတယ်။ မယုံကြည်ရာကနေ သံသယတွေ ထပ်ဆင့်ထပ်ဆင့်ပွားပြီး နောက်ဆုံးသူဘာပြောပြော ဘာလုပ်လုပ် မယုံကြည်နိုင်တော့တဲ့အထိ ဖြစ်သွားတတ်တာမျိုးပေါ့..
နောက်တစ်ခုက ‘ကိုယ်အတိတ်မှာ ဒီလိုတွေခံခဲ့ရလို့ ဒီလူ့ကိုလည်းမယုံတော့ဘူးဆိုတာမျိုး’။ လူမတူသလို စိတ်ထားတွေလည်းမတူဘူလေ။ ကိုယ့်စိတ်အစွဲကြောင့် သူများသားသမီးကို ထိုင်စွပ်စွဲနေတာကြီးက အလုပ်မဟုတ်ဘူးလေ။ မဟုတ်တာကို အဟုတ်လုပ်ပြီး စွပ်စွဲပေါင်းများရင်လည်း ကြာလာရင် ပြဿနာတွေ တအားကြီးလာမှာပါ။ ကိုယ်ယိုးစွပ်လိုက်တဲ့ လူအတွက်လည်း မကောင်းဘူးလေ။ အဲ့လိုသဝန်တိုတာကနေ ချုပ်ချယ်တာတွေဖြစ်လာရော။
ကိုယ်မပါဘဲ ဘယ်မှမသွားရဘူးတို့၊ ကိုယ်ကလွဲပြီး တခြားဘယ်သူ့ကိုမှ စကားမပြောရဘူးတို့၊ ဘယ်လိုပဲ ကိုယ့်ချစ်သူဖြစ်နေနေ၊ ဘယ်လောက်ရင်းနှီးနှီး သူများဖုန်းကို အခွင့်မရှိ ပိုင်စိုးပိုင်နင်းယူစစ်တာတို့က အမှန်တော့ သူများရဲ့ကိုယ်ရေးကိုယ်တာကို မတရားဝင်စွက်ဖက်ရာရောက်ပါတယ်။ အရင်ဆုံးသတိထားမိရမှာက ဒီလိုကိုယ်က သူ့ကိုချုပ်ချယ်လိုက်တယ်ဆိုတာ သူ့ကို မယုံကြည်ရာရောက်ပါတယ်။ တစ်ခါတလေ သူငယ်ချင်းတွေစုပြီး ပျော်ကြ ပါးကြတာမျိုးဆိုရင်လည်း ‘အရက်မသောက်ရဘူး၊ KTV မသွားရဘူး။ ဘာမလုပ်ရ ညာမလုပ်ရ’ စသည်ဖြင့်ပြောတော့ရော သူကတကယ်မလုပ်ဘူးထင်လို့လား? ကိုယ်က ထိန်းချုပ်တော့ရော တသွေမသိမ်းသူက လိုက်တယ်ထင်လား? ကိုယ်ကနားလည်မပေးတော့ ခိုးလုပ်မယ်။ သိတော့သတ်ကြမယ်။ ဘာအကျိုးရှိတာတွေ့လို့လဲ? လူတစ်ယောက်ရဲ့ဘဝကို ထဲထဲဝင်ဝင် အဲ့လိုထိန်းချုပ်လို့မရနိုင်တော့ ဘယ်လိုတွေလုပ်ကြမလဲ? အဲ့တော့ အကုန်လုံးကြီးထိန်းချုပ်မယ့်အစား လုပ်သင့်တာ၊ ဖြစ်သင့်တာလောက်ကို အေးအေးဆေးဆေး ညှိပြီး လိုတိုးပိုလျှော့လုပ်ပေးမယ်ဆိုရင် ပိုအဆင်မပြေကြဘူးလား?
အဲ့တော့ သဝန်တိုတိုင်း ချုပ်ချယ်သင့်လားဆိုတော့ မချုပ်ချယ်သင့်ပါဘူူး။ အတိုင်းအတာတစ်ခုအထိ လွှတ်ထားသင့်သလောက် နားလည်ပေးသင့်သလောက်လွှတ်ပေးထားပြီး ဒီထက်ကျော်လာရင်တော့ အေးအေးဆေးဆေး တိုင်ပင်ပြီး မကြိုက်တဲ့အကြောင်း သေသေချာချာပြောဆိုတာမျိုး အဲ့လိုတွေလုပ်ကြည့်ပါ။ တစ်သက်လုံးအနားမှာ တစ်ကောက်ကောက်လိုက်နေဖို့ မဖြစ်နိုင်သလို အဲ့လိုချုပ်ချယ်ပေါင်းများရင်လည်း စိတ်ပျက်သွားပြီး ဝေးကြရတာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် သဝန်တိုတာနဲ့ ချုပ်ချယ်တာကို ကွဲကွဲပြားပြားသိအောင်လုပ်ပြီး ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေပဲ နှစ်ယောက်ကြားမှာ ရှင်သန်နေမယ်ဆိုရင် တော်တန်ရုံကွဲကြ ကွာကြတာမျိုးတွေလည်း မဖြစ်တော့ဘူးလေ။ ကိုယ်ကဒီလောက် နားလည်ပေးတာတောင် အလွဲသုံးစားလုပ်သွားရင်တော့ ‘မွဲချင်တဲ့ခွေး ပြာပုံတိုးတယ်’ လို့ပဲသတ်မှတ်ပြီး ရေစက်သာချလိုက်ပါ။
ယောင်းတို့ချစ်ခြင်းတွေအပြစ်ကင်းနိုင်ကြပါစေနော်။
Credit : Hnin Ei Oo (For Her Myanmar)
သဝန္တိုတိုင္း ခ်ဳပ္ခ်ယ္သင့္လား?
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။