ပရိသတ္ေတြအတြက္ အႏုပညာနဲ႔ ေပးဆပ္ခဲ့တဲ့ ဇာတ္ပို႔ဇာတ္ရံ သ႐ုပ္ေဆာင္ႀကီး ဦးမင္းစိန္အတြက္ ပရိသတ္ေတြသာမက အႏုပညာေလာကသားေတြကပါ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ ဦးမင္းစိန္က ႐ုပ္႐ွင္ဗီဒီယိုေတြမွာ လူၾကမ္းေနရာကေန သ႐ုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။ ဦးမင္းစိန္က ရင္ၾကပ္ေရာဂါကို ၾကာ႐ွည္စြာခံစားေနရတာျဖစ္ၿပီး ဇန္နဝါရီလ(၅)ရက္ေန႔ နံနက္ ၂:၃၀ အခ်ိန္မွာ ဘဝတစ္ပါးကို ကူးေျပာင္းသြားခဲ့တာျဖစ္ပါတယ္။
လူေရာ ဘဝပါ ၾကမ္းတမ္းခဲ့တဲ့ ဦးမင္းစိန္က သူ႔ရဲ႕အႏုပညာလုပ္အားခ မျဖစ္စေလာက္ေလးနဲ႔ တစ္မိသားစုလံုးကို ႐ွာေဖြေကြၽးေမြးခဲ့သူတစ္ဦးပါ၊ ဦးမင္းစိန္က ရန္ကုန္တိုင္းေဒသႀကီး ေထာက္ၾက့ံၿမိဳ႕နယ္မွာ ေနထိုင္ၿပီး ရႈတင္မရိွတ႔ဲရက္ေတြမွာမိသားစု န႔ဲအတူ ေရသန္႔လိုက္လံေရာင္းခ်တ့ဲအလုပ္ကို လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါတယ္။
ဦးမင္းစိန္အတြက္ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးျဖစ္တဲ့ ဦးမဝင္းၿမိဳင္ကလဲ ေအာက္ေမ့သတိရေနရပါတယ္။ ဦးဝင္းၿမိဳင္က ဦးမင္းစိန္ကိုေတြ႕တိုင္း “ရပါတယ္ ကိုမင္းစိန္ ေသလိုက္ပါေတာ့” ဆိုၿပီး စေနာက္ခဲ့မိတဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပထားပါတယ္။
“ကိုမင္းစိန္ ျပင္ဦးလြင္ဇီးသီးျခံမွာ shooting တည္ေတာ့ ျခံ႐ွင္ကေျပာတယ္။ ႀကိဳက္သေလာက္စားၾကပါ။ ယူမသြားၾကပါနဲ႔ တဲ့။ ကား႐ိုက္တဲ့အခ်ိန္မွာ ကိုမင္းစိန္ ေသတဲ့အခန္း အိုက္တင္နဲ႔ ဒူးေထာက္က်တဲ့အခါ အိတ္ထဲက ဇီးသီးေတြထြက္က်လာတယ္။ ကိုမင္းစိန္ ျခံ႐ွင္ကိုသတိရသြားတယ္။ ေမာ့ၾကည့္လိုက္ေတာ့ ျခံ႐ွင္က ျပဳံးျပံဳးႀကီးၾကည့္ေနတယ္။ ကိုမင္းစိန္ ျခံ႐ွင္ကို အားနာသြားတယ္။ အိုက္တင္ဆက္လုပ္ဖို႔ခက္ေနတယ္။ အဲ့ဒီအခ်ိန္မွာ ျခံ႐ွင္က ေျပာလိုက္တယ္။ ” ရပါတယ္ ကိုမင္းစိန္ ေသလိုက္ပါေတာ့” တဲ့။ ကိုမင္းစိန္နဲ႔ ေတြ႔တိုင္း” ရပါတယ္ကိုမင္းစိန္ ေသလိုက္ပါေတာ့” လို႔ ေနာက္ေနက်…တကယ္ေသခုိင္းတာမဟုတ္ပါဘူး ကိုမင္းစိန္ရယ္” ဆိုၿပီး ဝမ္းနည္းေၾကကြဲစြာေျပာျပထားပါတယ္။
ဦးဝင္းၿမိဳင္နဲ႔ ဦးမင္းစိန္တို႔ႏွစ္ေယာက္ၾကားက အမွတ္တရေတြကို ဘယ္ေတာ့မွ ေမ့ႏိုင္ေတာ့မယ္မထင္ပါဘူး။ ဦးမင္းစိန္လဲ ေကာင္းရာသုဂတိလားပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ပါတယ္။
Credit: Burmese.asia
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေအတွက် အနုပညာနဲ့ ပေးဆပ်ခဲ့တဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်ကြီး ဦးမင်းစိန်အတွက် ပရိသတ်တွေသာမက အနုပညာလောကသားတွေကပါ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဦးမင်းစိန်က ရုပ်ရှင်ဗီဒီယိုတွေမှာ လူကြမ်းနေရာကနေ သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ဦးမင်းစိန်က ရင်ကြပ်ရောဂါကို ကြာရှည်စွာခံစားနေရတာဖြစ်ပြီး ဇန်နဝါရီလ(၅)ရက်နေ့ နံနက် ၂:၃၀ အချိန်မှာ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာဖြစ်ပါတယ်။
လူရော ဘဝပါ ကြမ်းတမ်းခဲ့တဲ့ ဦးမင်းစိန်က သူ့ရဲ့အနုပညာလုပ်အားခ မဖြစ်စလောက်လေးနဲ့ တစ်မိသားစုလုံးကို ရှာဖွေကျွေးမွေးခဲ့သူတစ်ဦးပါ၊ ဦးမင်းစိန်က ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ်မှာ နေထိုင်ပြီး ရှုတင်မရှိတဲ့ရက်တွေမှာမိသားစု နဲ့အတူ ရေသန့်လိုက်လံရောင်းချတဲ့အလုပ်ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။
ဦးမင်းစိန်အတွက် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဦးမဝင်းမြိုင်ကလဲ အောက်မေ့သတိရနေရပါတယ်။ ဦးဝင်းမြိုင်က ဦးမင်းစိန်ကိုတွေ့တိုင်း “ရပါတယ် ကိုမင်းစိန် သေလိုက်ပါတော့” ဆိုပြီး စနောက်ခဲ့မိတဲ့အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။
“ကိုမင်းစိန် ပြင်ဦးလွင်ဇီးသီးခြံမှာ shooting တည်တော့ ခြံရှင်ကပြောတယ်။ ကြိုက်သလောက်စားကြပါ။ ယူမသွားကြပါနဲ့ တဲ့။ ကားရိုက်တဲ့အချိန်မှာ ကိုမင်းစိန် သေတဲ့အခန်း အိုက်တင်နဲ့ ဒူးထောက်ကျတဲ့အခါ အိတ်ထဲက ဇီးသီးတွေထွက်ကျလာတယ်။ ကိုမင်းစိန် ခြံရှင်ကိုသတိရသွားတယ်။ မော့ကြည့်လိုက်တော့ ခြံရှင်က ပြုံးပြုံးကြီးကြည့်နေတယ်။ ကိုမင်းစိန် ခြံရှင်ကို အားနာသွားတယ်။ အိုက်တင်ဆက်လုပ်ဖို့ခက်နေတယ်။ အဲ့ဒီအချိန်မှာ ခြံရှင်က ပြောလိုက်တယ်။ ” ရပါတယ် ကိုမင်းစိန် သေလိုက်ပါတော့” တဲ့။ ကိုမင်းစိန်နဲ့ တွေ့တိုင်း” ရပါတယ်ကိုမင်းစိန် သေလိုက်ပါတော့” လို့ နောက်နေကျ…တကယ်သေခိုင်းတာမဟုတ်ပါဘူး ကိုမင်းစိန်ရယ်” ဆိုပြီး ဝမ်းနည်းကြေကွဲစွာပြောပြထားပါတယ်။
ဦးဝင်းမြိုင်နဲ့ ဦးမင်းစိန်တို့နှစ်ယောက်ကြားက အမှတ်တရတွေကို ဘယ်တော့မှ မေ့နိုင်တော့မယ်မထင်ပါဘူး။ ဦးမင်းစိန်လဲ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။