အိမ္ေထာင္ျပဳထားတဲ့ သားသမီးေတြဆိုရင္ သားတို႔ေရ အေဖေျမးခ်ီၿပီကြာ… အေမေျမးခ်ီခ်င္လွၿပီကြယ္ လို႔ တက်ီက်ီ ပူဆာတတ္ၾကတာ အဖိုးအဖြားျဖစ္လိုတဲ့ လူျကီးမိဘေတြရဲ႕အာသီသပါပဲ။ မိသားစုတိုင္းမွာ ၾကံဳေတြ႕ေနက် ကိစၥပါပဲေနာ္။
သိပၸံနည္းက်ေလ့လာမႈအရဆို အဖိုးအဖြား ျဖစ္လာတဲ့ လူႀကီးမိဘေတြဟာ အသက္တိမ္းပါးႏို္င္ေျခ ၃၇ ရာႏႈန္းအထိ ေလ်ာ့က်သြားတယ္လို႔ ေတြ႕႐ွိခဲ့ၾကတယ္။ ဒါေၾကာင့္မို႔ ကေလးမယူျဖစ္ၾကေသးတဲ့ သားသမီးေတြအေနနဲ႔ လူႀကီးေတြက ပူဆာေတာင္းဆိုလာၾကတဲ့အခါ ကေလးယူဖို႔ေတာ့ အေၾကာင္းတစ္ခုအေနနဲ႔ ထည့္သြင္းစဥ္းစားစရာအခ်က္လည္းျဖစ္လာပါတယ္။
သုေတသနအရ အဖိုးအဖြားေတြနဲ႔အင္တာဗ်ဴးလုပ္ခဲ့ရာမွာ ဒီအထဲက ဂ႐ုစိုက္ေပး၊ ေႏြးေထြးမႈေပးစရာ ေျမးေလးေတြ႐ွိတဲ့ အဖိုးအဖြားေတြဟာ အင္တာဗ်ဴးလုပ္အၿပီး ေနာက္ထပ္ ၁၀ ႏွစ္ၾကာအထိ ေပ်ာ္ရႊင္စြာအသက္႐ွည္ေနထိုင္သြားၾကၿပီး ဂ႐ုစိုက္ေပးစရာေျမးအႏွစ္ေလးေတြမ႐ွိ႐ွာတဲ့၊ ဒါမွမဟုတ္ ေျမးေလးေတြ႐ွိရင္ေတာင္ အတူတူမေနရရွာတဲ့ အဖိုးအဖြားေတြကေတာ့ အင္တာဗ်ဴးအၿပီး ေနာက္ငါးႏွစ္အထိသာ အသက္႐ွည္သြားၾကရပါတယ္။ေျမးေတြဆို အလြန္ခ်စ္ၿပီး ျပဳစုေစာင့္ေရွာက္ေပးတတ္ၾကတဲ့ အဖိုးအဖြားေတြရဲ႕သဘာဝဟာ သူတို႔ကိုယ္တုိင္အသက္႐ွည္က်န္းမာဖို႔ အေရးပါတဲ့ေသာ့ခ်က္လည္းျဖစ္သလို ထိန္းေက်ာင္းခ်စ္ေမြ႕စရာ ေျမးေလးေတြမ႐ွိတဲ့ လူႀကီးသူမေတြဟာ ေျမး႐ွိတဲ့အဖိုးအဖြားေတြေလာက္ အသက္မ႐ွည္၊ အနာမကင္းတတ္ၾကပါဘူးတဲ့။
ကေလးငယ္ေတြကို အခ်စ္ေပး၊ ေႏြးေထြးေပးရင္း ျပဳစုေစာင့္ေရွာက္ရတာဟာ လူသားမ်ိဳးစိတ္ေတြအတြက္ အသက္လိုျဖစ္ခဲ့တဲ့၊ လူသားဗီဇသဘာဝထဲ အျမစ္တြယ္ေနခဲ့တဲ့ လူသားဝသီပဲျဖစ္ပါတယ္။တစ္ဖက္မွာလည္း ေျမးငယ္ေလးေတြဟာ အဖိုးအဖြား ေတြရဲ႕အခ်စ္ေတြနဲ႔ အတူႀကီးျပင္းရတဲ့အခါ အင္မတန္အက်ိဳးႀကီးမားမႈရ႐ွိခံစားၾကရတာပါ။ ကေလးငယ္ေတြရဲ႕က်န္းမာေပ်ာ္ရႊင္မႈဟာ အဖိုးအဖြားေတြရဲ႕အခ်စ္ခံရမႈအေပၚ မ်ားစြာမူတည္ေနေၾကာင္း ေတြ႕႐ွိခဲ့ၾကတယ္လို႔ သိရပါတယ္။
အဖိုးအဖြားေတြတုန္ေနေအာင္ခ်စ္ၾကတဲ့ ေျမးငယ္ေလးေတြဟာ စိတ္ပိုင္းဆိုင္ရာအရ၊ အျပဳအမူပိုင္းဆိုင္ရာ အရ သက္ေရာက္မႈႀကီးမားစြာလက္ခံရ႐ွိၿပီး ကေလးရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈမွာ ျပသနာအလြန္နည္းေစပါတယ္။ ေႏွာင့္ေႏွးမႈျဖစ္ေလ့ျဖစ္ထ႐ွိတာမ်ိဳး ဒီလိုကံထူးကဲတဲ့ကေလးငယ္ေတြမွာ မေတြ႕ရတတ္ပါဘူး။
ဒါေၾကာင့္ သားအခ်စ္ ေျမးအႏွစ္ ဆိုတဲ့စကားဟာ အဖိုးအဖြား ေတြေရာ ေျမးငယ္ကေလးေလးေတြအတြက္ပါ အျပန္အလွန္အက်ိဳးျပဳၿပီး ႏွစ္ဖက္စလံုးက်န္းမာေပ်ာ္ရႊင္ေစတဲ့ ပင္မလူသားဗီဇအခံျဖစ္တာေၾကာင့္ ေျမးအႏွစ္ေလးေတြနဲ႔ အဖိုးအဖြားေတြကို မ်ားမ်ားအခ်ိန္ျဖဳန္းေစဖို႔ အမွန္တကယ္လိုအပ္တာျဖစ္ေၾကာင္း ကေလးမိဘေတြအတြက္ အၾကံေပးေဝမ်ွေပးပါရေစ။
Credit: nanmalgyi
ခ်စ္ေရးခ်စ္ရာ ၊ က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version# ျဖင့္ဖတ္ပါ ။
အိမ်ထောင်ပြုထားတဲ့ သားသမီးတွေဆိုရင် သားတို့ရေ အဖေမြေးချီပြီကွာ… အမေမြေးချီချင်လှပြီကွယ် လို့ တကျီကျီ ပူဆာတတ်ကြတာ အဖိုးအဖွားဖြစ်လိုတဲ့ လူကြီးမိဘတွေရဲ့အာသီသပါပဲ။ မိသားစုတိုင်းမှာ ကြုံတွေ့နေကျ ကိစ္စပါပဲနော်။
သိပ္ပံနည်းကျလေ့လာမှုအရဆို အဖိုးအဖွား ဖြစ်လာတဲ့ လူကြီးမိဘတွေဟာ အသက်တိမ်းပါးနိုင်ခြေ ၃၇ ရာနှုန်းအထိ လျော့ကျသွားတယ်လို့ တွေ့ရှိခဲ့ကြတယ်။ ဒါကြောင့်မို့ ကလေးမယူဖြစ်ကြသေးတဲ့ သားသမီးတွေအနေနဲ့ လူကြီးတွေက ပူဆာတောင်းဆိုလာကြတဲ့အခါ ကလေးယူဖို့တော့ အကြောင်းတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားစရာအချက်လည်းဖြစ်လာပါတယ်။
သုတေသနအရ အဖိုးအဖွားတွေနဲ့အင်တာဗျူးလုပ်ခဲ့ရာမှာ ဒီအထဲက ဂရုစိုက်ပေး၊ နွေးထွေးမှုပေးစရာ မြေးလေးတွေရှိတဲ့ အဖိုးအဖွားတွေဟာ အင်တာဗျူးလုပ်အပြီး နောက်ထပ် ၁၀ နှစ်ကြာအထိ ပျော်ရွှင်စွာအသက်ရှည်နေထိုင်သွားကြပြီး ဂရုစိုက်ပေးစရာမြေးအနှစ်လေးတွေမရှိရှာတဲ့၊ ဒါမှမဟုတ် မြေးလေးတွေရှိရင်တောင် အတူတူမနေရရှာတဲ့ အဖိုးအဖွားတွေကတော့ အင်တာဗျူးအပြီး နောက်ငါးနှစ်အထိသာ အသက်ရှည်သွားကြရပါတယ်။မြေးတွေဆို အလွန်ချစ်ပြီး ပြုစုစောင့်ရှောက်ပေးတတ်ကြတဲ့ အဖိုးအဖွားတွေရဲ့သဘာဝဟာ သူတို့ကိုယ်တိုင်အသက်ရှည်ကျန်းမာဖို့ အရေးပါတဲ့သော့ချက်လည်းဖြစ်သလို ထိန်းကျောင်းချစ်မွေ့စရာ မြေးလေးတွေမရှိတဲ့ လူကြီးသူမတွေဟာ မြေးရှိတဲ့အဖိုးအဖွားတွေလောက် အသက်မရှည်၊ အနာမကင်းတတ်ကြပါဘူးတဲ့။
ကလေးငယ်တွေကို အချစ်ပေး၊ နွေးထွေးပေးရင်း ပြုစုစောင့်ရှောက်ရတာဟာ လူသားမျိုးစိတ်တွေအတွက် အသက်လိုဖြစ်ခဲ့တဲ့၊ လူသားဗီဇသဘာဝထဲ အမြစ်တွယ်နေခဲ့တဲ့ လူသားဝသီပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း မြေးငယ်လေးတွေဟာ အဖိုးအဖွား တွေရဲ့အချစ်တွေနဲ့ အတူကြီးပြင်းရတဲ့အခါ အင်မတန်အကျိုးကြီးမားမှုရရှိခံစားကြရတာပါ။ ကလေးငယ်တွေရဲ့ကျန်းမာပျော်ရွှင်မှုဟာ အဖိုးအဖွားတွေရဲ့အချစ်ခံရမှုအပေါ် များစွာမူတည်နေကြောင်း တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။
အဖိုးအဖွားတွေတုန်နေအောင်ချစ်ကြတဲ့ မြေးငယ်လေးတွေဟာ စိတ်ပိုင်းဆိုင်ရာအရ၊ အပြုအမူပိုင်းဆိုင်ရာ အရ သက်ရောက်မှုကြီးမားစွာလက်ခံရရှိပြီး ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပြသနာအလွန်နည်းစေပါတယ်။ နှောင့်နှေးမှုဖြစ်လေ့ဖြစ်ထရှိတာမျိုး ဒီလိုကံထူးကဲတဲ့ကလေးငယ်တွေမှာ မတွေ့ရတတ်ပါဘူး။
ဒါကြောင့် သားအချစ် မြေးအနှစ် ဆိုတဲ့စကားဟာ အဖိုးအဖွား တွေရော မြေးငယ်ကလေးလေးတွေအတွက်ပါ အပြန်အလှန်အကျိုးပြုပြီး နှစ်ဖက်စလုံးကျန်းမာပျော်ရွှင်စေတဲ့ ပင်မလူသားဗီဇအခံဖြစ်တာကြောင့် မြေးအနှစ်လေးတွေနဲ့ အဖိုးအဖွားတွေကို များများအချိန်ဖြုန်းစေဖို့ အမှန်တကယ်လိုအပ်တာဖြစ်ကြောင်း ကလေးမိဘတွေအတွက် အကြံပေးဝေမျှပေးပါရစေ။
Credit: nanmalgyi
ချစ်ရေးချစ်ရာ ၊ ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေျမးေလးေတြကို ထိန္းေပးရတဲ႔ အဖုိးအဖြားေတြက အသက္ပိုရွည္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။