Credit: Min Thu
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
သုတေသီတွေဟာ နှလုံးရာဂါဖြစ်ပွားမှုနဲ့ အိပ်ချိန်တွေနဲ့ ဘယ်လိုစပ်ဆက်လဲဆိုတာသိနိုင်ဖို့ ကြွက်တွေကိုလေ့လာခဲ့ပါတယ်။ကြွက်အုပ်စုတစ်စုကိုတော့ အနည်းဆုံး တစ်ညကို ၇ နာရီအိပ်စက်စေပြီး အခြားအုပ်စုကိုတော့ သတ်မှတ်ထားခြင်းမရှိပဲ အိပ်စက်စေခဲ့ပါတယ်။အိပ်ချိန်နည်းပါးတဲ့ ကြွက်တွေဟာဆိုရင် သွေးကြောတွေထဲမှာ သွေးလွှတ်ကြောသွေးပမာဏတွေနဲ့ အခြားသွေးဖြူဆဲလ်များမြင့်တက်နေတာကိုတွေ့ရပါတယ်။အိပ်စက်ခြင်းကို ထိန်းချုပ်တဲ့ဦးနှောက်ထဲမှာရှိတဲ့ ဟော်မုန်းတွေ ဟာ ရိုးတွင်းခြင်ဆီထဲမှာရှိတဲ့ သွေးဖြူဥ ထုတ်လုပ်တဲ့ ပမာဏကို ထိန်းချုပ်ထားတာကို သူတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဟော်မုန်းပမာဏ ကျဆင်းခြင်းသည် သွေးဖြူဥပမာဏကိုများပြားစေပြီး သွေးခဲခြင်းကိုဖြစ်စေနိုင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။
တွေ့ရှိချက်အသစ်တွေအရ တစ်ညကို ခုနှစ်နာရီအိပ်စက်ခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်းသိရပါတယ်။လေ့လာမှုတွေအရတော့အိပ်ချိန်နည်းပါးခြင်းဟာ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါ ဖြစ်ပွားနိုင်ခြေ ရှိကြောင်းသိရပါတယ်။ဘော်စတွန်မှာရှိတဲ့ မက်ဆာချုးစပ် အထွေထွေဆေးရုံက သူတေသီတွေကတော့ အိပ်စက်ခြင်းကို ဖြစ်စေတဲ့ ဦးနှောက်မှာရှိတဲ့ အပိုင်းဟာ ရိုးတွင်းခြင်ဆီတွေနဲ့ ဆက်နွယ်နေပြီး သွေးဖြူဥအထွက်များခြင်းဟာ သွေးခဲစေခြင်းကို ဖြစ်စေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတော် အိပ်စက်ရေးအသင်းကတော့ အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်ညကို ခုနှစ်နာရီကနေ ကိုးနာရီထိ အိပ်စက်သင့်ကြောင်း အကြုံပြုခဲ့ပါတယ်။
သို့သော်လည်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဠာနရဲ့ ၂၀၁၅ ခုနှစ်လေ့လာချက်အရ U.S မှာရှိတဲ့အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းဟာ သတ်မှတ်ထားတဲ့ အိပ်ချိန်ထက်နည်းပါးတဲ့ အိပ်စက်ချိန်တွေမှာ သာရှိကြောင်းသိရှိရပါတယ်။အိပ်ချိန်မလုံလောက်ခြင်းဟာ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဒီရောဂါတွေဖြစ်လညိးဆိုတာကိုတော့ အတိအကျမပြောနိုင်ကြပါဘူး။မက်ဆာချူးစပ်ဆေးရုံနဲ့ ဟားဗက် ဆေးတက္ကသိုလ်ရဲ့ ပရော်ဖက်ဆာ ဒေါက်တာ ဖီးလစ် ဆွာစကီကတော့ အိပ်ချိန် လုံလောက်ခြင်းဟာ မင်းရဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး အိပ်ချိန်နည်းခြင်းကတော့ နှလုံးကျန်းမာရေးအတွက်မသင့်တော်ဘူးလို့ပြောခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကို သိချင်ကြတဲ့ အတွက်မေးမြန်းမှုတွေပြုလုပ်ခဲ့ကြတဲ့ အတွက် ကြွက်တွေကို စမ်းသပ်ခြင်းကို သုတေသီတွေက စတင်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။အိပ်ချိန်ခုနှစ်နာရီ ရတဲ့ ကြွက်အုပ်စုနဲ့ ပုံမှန်မအိပ်ရတဲ့ အုပ်စု ၂ ခုလုံးမှာ အလေးချိန်နဲ့ ကိုလက်စ် စထေရော ပမာဏ ပြောင်းလဲတာကိုတော့ မတွေ့ရပါဘူး။ဒါပေမဲ့ အိပ်ချိန်မလုံလောက်တဲ့ ကြွက်တွေမှာတော့ သွေးကြောပိတ်ဆို့တဲ့ လက္ခဏာ မျိုးတွေ တွေ့ရပါတယ်။သွေးကြောပိတ်နိုင်တဲ့ သွေးဖြူဥတွေဖြစ်တဲ့ မိုနိုဆိုက်နဲ့ နျူးထရိုဖီးလ် တွေ ပမာဏ မြင့်မားနေကြာင်းတွေ့ရပါတယ်။
သူတေသီတွေဟာ ဦးနှောက် ရဲ့ ဟိုက်ပိုသဲမတ်စ် ကနေထုတ်တဲ့ ဟိုက်ပိုဆာတင်လို့ခေါ်တဲ့ အားနည်းမှုနဲ့ စားချင်စိတ်ကို မြင့်တက်စေတဲ့ ဟော်မုန်း ဟာ ရိုးတွင်းခြင်ဆီထဲမှာရှိတဲ့ သွေးဖြူဥ ထုတ်လုပ်ခြင်းကို ထိန်းချုပ်ထားကြောင်းသိရပါတယ်။ အိပ်ချိန်လုံလောက်တဲ့ ကြွက်တွေကတော့ နိုးနေချိန်မှာ ဟော်မုန်းပမာဏ များနေပြီး အိပ်ချိန်နည်းတဲ့ ကြွက်တွေမှာတော့ နည်းနေကြောင်းတွေ့ရပါတယ်။ဟော်မုန်းပမာဏ နည်ခြင်းဟာ သွေးခဲခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒေါက်တာ ဆွာစကီကတော့` ဟော်မုန်းနဲ့ သွေးခဲတာနဲ့ က အံ့သြစရာကောင်းလောက်အောင် ဆက်စပ်နေတာကို တွေ့ရတယ်။ကြွက်တွေနဲ့ မဟုတ်ပဲ လူသားတွေနဲ့လည်း စမ်းသပ်မှုတွေပြုလုပ်ချင်ပါသေးတယ်။ရိုးတွင်းခြင်ဆီထဲက ဆဲလ်တွေက ကင်ဆာတွေ နဇလုံးရောဂါတွေ ဖြစ်နိုင်တဲ့ အခြေအနေတွေကို တိုက်ထုတ်နိုင်တယ်။ ကျွန်တော်တို့အနေနဲ့ အမေးအဖြေလုပ်စရာ လေ့လာစရာတွေ အများကြီး ရှိပါသေးတယ်။ U.S က လူငယ်တွေ အနေနဲ့လည်း အိပ်ချိန်ရဲ့ အရေးပါပုံကို သိသင့်တယ်။အောင်မြင်ခြင်းရဲ့သော့ချက်က အလုပ်ဖြစ်နေတော့ လူတွေဟာ အလုပ်ရှုပ်နေတာနဲ့ လုံလောက်စွာ မအိပ်နိုင်ကြဘူး။ ကျွန်တော်တို့်က ဒီလိုအခြေအနေတွေကို ပြောင်းလဲပြီး အိပ်ချိန်လုံလုံလောက်လာက်ပေးခြင်းဟာ ကျန်းမာပျော်ရွှင်သာယာတဲ့ ဘဝကို ရနိုင်တာ သိအောင် ပညာပေးတွေလည်းလုပ်ဆောင်ရမယ်´လို့ ပြောခဲ့ပါတယ်။
Credit: Min Thu
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
ဗဟုသုတ
»
အထွေထွေ
»ိအိပ်ချိန်မလုံလောက်ခြင်းဟာ သွေးကြောထဲ၌သွေးခဲမှုများဖြစ်ပွားစေနိုင်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။