( ၁ ) လွည္းတန္း မီးပိြဳင့္အနီးက ယာဥ္တိုက္မွဳ
ဝုန္းခနဲ
အသံနဲ႔အတူတစ္ဖက္ကားေပၚက လူငယ္တစ္စုတုတ္ေတြ ဓားေတြနဲ႔
ယာဥ္ေၾကာမွားၿပီး ေမာင္းလာတဲ့ကားသမားကိုေဆာ္ပေလာ္တီးဖို႔
ေဒါသေတြနဲ႔ ေျပးဆင္းလာတယ္
တစ္ဖက္ကားေပၚက လူတစ္ေယာက္လည္းေဘ့စ္ေဘာ ႐ိုက္တံနဲ႔အတူ ဆင္းလာတယ္…လူေတြ အံုခဲၿပီ း ၾကည့္ေနတယ္ေဆာ္ၾကေတာ့မယ္ေပါ့
ဒါမယ္
့ ဟာ အကိုရယ္ဘယ္လိုျဖစ္တာလဲဗ်ာ ဆိုၿပီးတစ္ဖက္လူက တုတ္ကို ပုခံုးေပၚ
တင္ရင္းေဘ့စ္ေဘာ႐ိုက္တံနဲ႔ဆင္းလာသူကိုလက္ဆြဲ
ႏွဳတ္ဆက္လိုက္တယ္
ေဘ့စ္ေဘာ႐ိုက္တံနဲ႔ဆင္းလာသူကကိုငွက္ ( ခ ) ထူးအိမ္သင္
က်ေနာ္တို႔က အကို ့ရဲ့ ပရိတ္သတ္ပါ ဆိုၿပီးဆိုင္တစ္ဆိုင္ အတူထိုင္ရင္းရယ္ရယ္ေမာေမာနဲ႔စကားလက္ဆံုက်လို႔ေပါ့
ရန္ပြဲမျဖစ္ပဲမိတ္ဆက္ပြဲျဖစ္သြားတဲ့ ယာဥ္တိုက္မွဳ
Edit
(#စာေရးဆရာ နီကိုရဲ ကိုေတာ့ ဘီယာဆိုင္ေရာက္မွ သိသြားၾကတယ္
ကိုဌက္နဲ႔ဆရာနီကိုရဲ လမ္းေၾကာင္းမွားၿပီး ယာဥ္တိုက္မႈ ျဖစ္တာပါ)
မူရင္းေရးသားသူ Edit မလုပ္မိျခင္းကို လုပ္ေပးထားျခင္း#AK
( ၂
)တခါကအေပါင္ဆိုင္တစ္ဆိုင္ကိုစက္ဘီးတစ္စီးလာေပါင္တာနဲ႔ဆိုင္႐ွင္
ကအေပါင္ခံထားလိုက္တယ္ သူ ဒီ ဘီးကို ရင္းရင္းနီးနီးသိတယ္သိလို႔လည္း
လက္ခံလိုက္တာ ဘီး လာေပါင္တဲ့သူဟာခိုးလာတာပဲျဖစ္ရမယ္
သူ
ခ်က္ခ်င္းပဲလိပ္စာတစ္ခုကို အျမန္စံုစမ္းၿပီးေနာက္ရက္ဘီး
ပိုင္႐ွင္႐ွိရာ အိမ္ေလးဆီကိုအဲ့ဘီးေလး ယူသြားတယ္
ေရာက္ပါၿပီအဲ့ဒီအိမ္ေလးကစိုင္းထီးဆိုင္ရဲ႕ အိမ္ အကိုေရ ကိုထီးဆိုင္ ႐ွိလားခင္ဗ် ေအာ္ ဘာကိစၥလဲခင္ဗ်ာကိုထီးေတြ႔ရတာ ဝမ္းသာတယ္ဗ်ာဒါ ကိုထီးရဲ႕ စက္ဘီးေလး မလား
အိုဟုတ္
တာေပါ့ေပ်ာက္ေနလို႔ လိုက္႐ွာမရ ျဖစ္ေနတာ ဘယ္ကေတြ႔တာလဲ ခင္ဗ်
ဒီလို အကိုေရအကို႔ဘီးက ခိုးခံရတာ ထင္ပါတယ္လူတစ္ေယာက္ က်ေနာ့္ဆီ
လာေပါင္လို႔အကို႔ဘီးေလးမွန္းသိၿပီး ယူထားလိုက္တာ
ေက်းဇူးတင္လိုက္တာဗ်ာ
ရပါတယ္ ကိုထီးရယ္က်ေနာ္က ကိုထီး အမာခံ
ပရိတ္သတ္ပါသီခ်င္းေတြ အကုန္ နားေထာင္ျဖစ္တယ္ ဘီးနံပါတ္ Ok 0122 L
ဆိုတဲ့ သီခ်င္းေလးေၾကာင့္ကိုထီးဆီကို ဘီးေလး ျပန္လာပို႔တာပါ ”
( ၃ ) ညက တိတ္ဆိတ္ေနသည္ခမ္းနားထည္ဝါတဲ့ တိုက္ႀကီးထဲတြင္အရိပ္တစ္ခုက ပိရိေသသပ္စြာ လွဳပ္႐ွားလွ်က္
ထိုသူမွာ
သူခိုးျဖစ္သည္အဖိုးတန္ပစၥည္းမ်ားစြာလည္း သူ႔လက္ထဲကအထုပ္ထဲမွာ
ယူၿပီးေနၿပီ တိတ္ဆိတ္စြာ
ျပန္လည္ထြက္ခြာရန္အခန္းတစ္ခန္းကိုျဖတ္သြားေလေတာ့သည္
ထိုအခ်ိန္မထင္မွတ္တဲ့ ျမင္ကြင္းတစ္ခုကို ျမင္လိုက္ရသျဖင့္
အထုပ္မ်ားကို ျပန္ ခ်ကာစာတစ္ေစာင္ ေရး၍ စားပြဲေပၚ တင္လိုက္သည္
ၿပီးလ်ွင္လက္ဗလာနဲ႔ ထြက္ေျပးသြားေလေတာ့သည္
သို႔ ခ်စ္ခင္ေလးစားရပါေသာမင္းသားႀကီးခင္ဗ်ာ က်ေနာ္ ညက မင္းသားရဲ႕အိမ္ကိုခိုးဝင္တဲ့သူခိုးျဖစ္ပါတယ္
ပစၥည္
းေတာ္ေတာ္မ်ားမ်ား ရၿပီးမွဧည့္ခန္းက အကို႕ရဲ႕ ဓာတ္ပံုေတြ
ျမင္မိၿပီးမင္းသားရဲ့ အိမ္မွန္း သိလိုက္ရလို႔ပစၥည္းေတြ အကုန္
ျပန္ထားခဲ့ပါတယ္ ဘာလို့လဲဆိုေတာ့
က်ေနာ္သိပ္ခ်စ္တဲ့မင္းသားျဖစ္ေနလို႔ပါပဲ က်ေနာ့္ကိုလည္း
ခြင့္လႊတ္ပါ အကို အကိုလည္း က်န္းမာခ်မ္းသာပါေစ အမ်ားႀကီးလည္း
ေအာင္ျမင္ပါေစ
စာဆံုးတာနဲ႔ႏွဳတ္ခမ္းေလး
ေကြးၿပီးျပံဲးလိုက္တဲ့ မင္းသားကေတာ့က်ေနာ္တို႔ အားလံုး သိပ္ခ်စ္တဲ့
ကိုသားႀကီး ( ခ ) ေဒြး ျဖစ္ပါတယ္
ျဖစ္ရပ္မွန္ေတြသာ
ျဖစ္ပါတယ္ ၾကားဖူးတာနဲ႔ ေရးျပတာ အနည္းငယ္ လြဲတာပါရင္လည္း
ေထာက္ျပေဝဖန္ေပးပါ ဒီပို႔စ္ရဲ႕ ရည္ရြယ္ခ်က္ကေတာ့႐ွင္းပါတယ္
အႏုပညာသမား စစ္စစ္ဆိုတာ ဘယ္လိုလူမ်ိဳးလဲ ကားေပၚက
ဆင္းလာလို႔ဝိုင္း႐ိုက္ခံရမယ့္
အခ်ိဳးမ်ိဳးကိုယ့္အိမ္မွန္းသိလို႔မီးပါ ႐ွိဳ႕သြားမယ့္
အခ်ိဳးမ်ိဳးေတြနဲ႔ေတာ့
အႏုပညာ လို႔ ေခါင္းစဥ္ မတပ္ၾကပါနဲ႔လား ။
Credit:Bahuthuta
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
( ၁ ) လှည်းတန်း မီးပွိုင့်အနီးက ယာဉ်တိုက်မှု
ဝုန်းခနဲ အသံနဲ့အတူတစ်ဖက်ကားပေါ်က လူငယ်တစ်စုတုတ်တွေ ဓားတွေနဲ့ ယာဉ်ကြောမှားပြီး မောင်းလာတဲ့ကားသမားကိုဆော်ပလော်တီးဖို့ ဒေါသတွေနဲ့ ပြေးဆင်းလာတယ်
တစ်ဖက်ကားပေါ်က လူတစ်ယောက်လည်းဘေ့စ်ဘော ရိုက်တံနဲ့အတူ ဆင်းလာတယ်…လူတွေ အုံခဲပြီ း ကြည့်နေတယ်ဆော်ကြတော့မယ်ပေါ့
ဒါမယ့် ဟာ အကိုရယ်ဘယ်လိုဖြစ်တာလဲဗျာ ဆိုပြီးတစ်ဖက်လူက တုတ်ကို ပုခုံးပေါ် တင်ရင်းဘေ့စ်ဘောရိုက်တံနဲ့ဆင်းလာသူကိုလက်ဆွဲ နှုတ်ဆက်လိုက်တယ်
ဘေ့စ်ဘောရိုက်တံနဲ့ဆင်းလာသူကကိုငှက် ( ခ ) ထူးအိမ်သင်
ကျနော်တို့က အကို့ရဲ့ ပရိတ်သတ်ပါ ဆိုပြီးဆိုင်တစ်ဆိုင် အတူထိုင်ရင်းရယ်ရယ်မောမောနဲ့စကားလက်ဆုံကျလို့ပေါ့
ရန်ပွဲမဖြစ်ပဲမိတ်ဆက်ပွဲဖြစ်သွားတဲ့ ယာဉ်တိုက်မှု
Edit (#စာရေးဆရာ နီကိုရဲ ကိုတော့ ဘီယာဆိုင်ရောက်မှ သိသွားကြတယ် ကိုဌက်နဲ့ဆရာနီကိုရဲ လမ်းကြောင်းမှားပြီး ယာဉ်တိုက်မှု ဖြစ်တာပါ) မူရင်းရေးသားသူ Edit မလုပ်မိခြင်းကို လုပ်ပေးထားခြင်း#AK
( ၂ )တခါကအပေါင်ဆိုင်တစ်ဆိုင်ကိုစက်ဘီးတစ်စီးလာပေါင်တာနဲ့ဆိုင်ရှင် ကအပေါင်ခံထားလိုက်တယ် သူ ဒီ ဘီးကို ရင်းရင်းနီးနီးသိတယ်သိလို့လည်း လက်ခံလိုက်တာ ဘီး လာပေါင်တဲ့သူဟာခိုးလာတာပဲဖြစ်ရမယ်
သူ ချက်ချင်းပဲလိပ်စာတစ်ခုကို အမြန်စုံစမ်းပြီးနောက်ရက်ဘီး ပိုင်ရှင်ရှိရာ အိမ်လေးဆီကိုအဲ့ဘီးလေး ယူသွားတယ် ရောက်ပါပြီအဲ့ဒီအိမ်လေးကစိုင်းထီးဆိုင်ရဲ့ အိမ် အကိုရေ ကိုထီးဆိုင် ရှိလားခင်ဗျ အော် ဘာကိစ္စလဲခင်ဗျာကိုထီးတွေ့ရတာ ဝမ်းသာတယ်ဗျာဒါ ကိုထီးရဲ့ စက်ဘီးလေး မလား
အိုဟုတ် တာပေါ့ပျောက်နေလို့ လိုက်ရှာမရ ဖြစ်နေတာ ဘယ်ကတွေ့တာလဲ ခင်ဗျ ဒီလို အကိုရေအကို့ဘီးက ခိုးခံရတာ ထင်ပါတယ်လူတစ်ယောက် ကျနော့်ဆီ လာပေါင်လို့အကို့ဘီးလေးမှန်းသိပြီး ယူထားလိုက်တာ ကျေးဇူးတင်လိုက်တာဗျာ
ရပါတယ် ကိုထီးရယ်ကျနော်က ကိုထီး အမာခံ ပရိတ်သတ်ပါသီချင်းတွေ အကုန် နားထောင်ဖြစ်တယ် ဘီးနံပါတ် Ok 0122 L ဆိုတဲ့ သီချင်းလေးကြောင့်ကိုထီးဆီကို ဘီးလေး ပြန်လာပို့တာပါ ”
( ၃ ) ညက တိတ်ဆိတ်နေသည်ခမ်းနားထည်ဝါတဲ့ တိုက်ကြီးထဲတွင်အရိပ်တစ်ခုက ပိရိသေသပ်စွာ လှုပ်ရှားလျှက်
ထိုသူမှာ သူခိုးဖြစ်သည်အဖိုးတန်ပစ္စည်းများစွာလည်း သူ့လက်ထဲကအထုပ်ထဲမှာ ယူပြီးနေပြီ တိတ်ဆိတ်စွာ ပြန်လည်ထွက်ခွာရန်အခန်းတစ်ခန်းကိုဖြတ်သွားလေတော့သည် ထိုအချိန်မထင်မှတ်တဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသဖြင့် အထုပ်များကို ပြန် ချကာစာတစ်စောင် ရေး၍ စားပွဲပေါ် တင်လိုက်သည်
ပြီးလျှင်လက်ဗလာနဲ့ ထွက်ပြေးသွားလေတော့သည်
သို့ ချစ်ခင်လေးစားရပါသောမင်းသားကြီးခင်ဗျာ ကျနော် ညက မင်းသားရဲ့အိမ်ကိုခိုးဝင်တဲ့သူခိုးဖြစ်ပါတယ်
ပစ္စည် းတော်တော်များများ ရပြီးမှဧည့်ခန်းက အကို့ရဲ့ ဓာတ်ပုံတွေ မြင်မိပြီးမင်းသားရဲ့ အိမ်မှန်း သိလိုက်ရလို့ပစ္စည်းတွေ အကုန် ပြန်ထားခဲ့ပါတယ် ဘာလို့လဲဆိုတော့ ကျနော်သိပ်ချစ်တဲ့မင်းသားဖြစ်နေလို့ပါပဲ ကျနော့်ကိုလည်း ခွင့်လွှတ်ပါ အကို အကိုလည်း ကျန်းမာချမ်းသာပါစေ အများကြီးလည်း အောင်မြင်ပါစေ
စာဆုံးတာနဲ့နှုတ်ခမ်းလေး ကွေးပြီးပြံဲးလိုက်တဲ့ မင်းသားကတော့ကျနော်တို့ အားလုံး သိပ်ချစ်တဲ့ ကိုသားကြီး ( ခ ) ဒွေး ဖြစ်ပါတယ်
ဖြစ်ရပ်မှန်တွေသာ ဖြစ်ပါတယ် ကြားဖူးတာနဲ့ ရေးပြတာ အနည်းငယ် လွဲတာပါရင်လည်း ထောက်ပြဝေဖန်ပေးပါ ဒီပို့စ်ရဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ် အနုပညာသမား စစ်စစ်ဆိုတာ ဘယ်လိုလူမျိုးလဲ ကားပေါ်က ဆင်းလာလို့ဝိုင်းရိုက်ခံရမယ့် အချိုးမျိုးကိုယ့်အိမ်မှန်းသိလို့မီးပါ ရှို့သွားမယ့် အချိုးမျိုးတွေနဲ့တော့
အနုပညာ လို့ ခေါင်းစဉ် မတပ်ကြပါနဲ့လား ။
Credit:Bahuthuta
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...