ဆရာေတာ္အရွင္ဆႏၵာဓိက(ေရႊပါရမီေတာရ) ေရးသားသာ "ေသြးအလွဴႏွင္႔ ပါရမီဆယ္ပါး"
မွ ထုတ္ႏုတ္ေဖာ္ျပျခင္းျဖစ္ပါတယ္။"ဒါန၊ သီလ၊ ေနကၡမ၊ ပည၊ ၀ီရိယာ၊ ခႏီၱ၊ သစၥ၊
ဓိဌာန၊ ေမတၱ၊ ဥေပကၡာ" ဆုိတဲ႔ ပါရမီဆယ္ပါးအစဥ္အတုိင္း
အႏွစ္ခ်ဳပ္ေျပာရမယ္ဆုိရင္
၁။ ေသြး၊ ေသြးခံအိတ္၊ ေဆး၀ါး၊
အစားအေသာက္၊ ေမာ္ေတာ္ယာဥ္၊ ခရီးစရိတ္၊ အမွတ္တရေဘာလ္ပင္န္၊ ေသာ႔ခ်ိတ္၊
လက္ကမ္းစာရြက္၊ လက္ကမ္းစာအုပ္၊ စသည္လွဴဒါန္းတာက "ဒါနပါရမီ"
၂။
ေသြးေကာင္းေသြးသန္႔ျဖစ္ဖို႔ ကိုယ္က်င္႔တရားေစာင္႔ထိန္းတာ၊ ေသြးလွဴတဲ႔ေန႔မွာ
ငါးပါးသီလ အသစ္ထပ္မံေဆာက္တည္ က်င္႔သုံးတာ၊ ေသြးလွဴပြဲေအာင္ျမင္ဖို႔
ကူညီေဆာင္ရြက္တာ၊ လုပ္အားေပးတာ၊ ေ၀ယ်ာေ၀စၥလုပ္တာက"သီလပါရမီ''
၃။ ကုိယ္႔အက်ဳိး ဘာမွမေမွ်ာ္လင္႔တာ၊ ကုိယ္႔ခႏၶာ အေသြးအသားနဲ႔ အလွအပအေပၚ တြယ္တာတပ္မက္မႈကို စြန္႔လႊတ္ႏိုင္တာက"ေနကၡမၼပါရမီ''
၄။ ေသြးအလွဴနဲ႔ပတ္သတ္တဲ သိသင္႔သိထုိက္တာေတြကုိ သိေအာင္ေလ႔လာတာ၊ သိျပီးသားမွ်ေ၀တာက"ပညာပါရမီ''
၅။ ေသြးအားျပည္႔ေအာင္နဲ႔ေသြး အလွဴျပီးစီးသြားေအာင္ ၾကိဳးစားအားထုတ္ေနတာက"၀ီရီယပါရမီ''
၆။
အသားနာျခင္း၊ အပူဒဏ္၊ အေအးဒဏ္၊ တန္းစီရမႈ၊ ဆာေလာင္မႈ၊ အခက္အခဲ၊ ျပသာနာ၊
အဆင္မေျပမႈ၊ စိတ္တုိင္းမက်မႈ စတာေတြကို သည္းခံတာက "ခႏီၲပါရမီ"
၇။ လွဴမယ္ေျပာထားတဲ႔အတုိင္း တကယ္လွဴတာ၊ က်န္းမာေရးစစ္ေဆးမႈပုံစံစာရြက္မွာ အမွန္အတုိင္းျဖည္႔တာက"သစၥာပါရမီ"
၈။ ဘာအေၾကာင္းေၾကာင္႔မွ ေသြးလွဴတဲ႔အလုပ္ကို အပ်က္မခံတာ၊ ဆုံးျဖတ္ခ်က္ခုိင္မတာက"အဓိဌာန္ပါရမီ''
၉။
လူနာေရာဂါေပ်ာက္ေစခ်င္တာ၊ အသက္ရွင္ေစခ်င္တာ၊ လုပ္စရာရွိတဲ႔ အလုပ္ေကာငး္ေတြ
ဆက္လုပ္ေစခ်င္တာ၊ လူနာကုိ ေမတၱာပို႔သေနတာ၊
လူနာနဲ႔ပတ္သတ္တဲ႔အသုိင္းအ၀ိုင္းတစ္ခုလုံး စိတ္ခ်မ္းသာေစခ်င္တာက"ေမတၱာပါရမီ
၁၀။
ခ်စ္သူ၊မုန္းသူ မခြဲျခားတာ၊ အေကာင္း၊အဆုိး တန္ျပန္သက္ေရာက္မႈအေပၚ
လုံး၀မတုန္လႈပ္တာ၊ ေက်းဇူးသိျခင္း၊ မသိျခင္းကုိ လုံး၀ထည္႔မတြက္တာ၊
ကိုယ္႔အလုပ္ကုိယ္ျပီးေအာင္လုပ္တာ၊ ကိုယ္႔တာ၀န္ကိုယ္ေက်ေအာင္ ေဆာင္ရြက္တာက
"ဥေပကၡာပါရမီ".
အဲဒီလိုအားျဖင္႔... ေသြးအလွဴေပးလွဴေနတာဟာ ပါရမီဆယ္ပါးလုံးကုိျဖည္႔က်င္႔ေနတာပါ
အရည္အေသြးျပည္႔၀တဲ႔စံခ်ိန္မီေသြးအလွဴျဖစ္ေအာင္ စိတ္ထားတတ္တတ္၊ စိတ္ထားျမတ္ျမတ္နဲ႔ ေပးလွဴရင္ေပါ႔ေလ...
Credit:aungsansoe
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ရေးသားသာ "သွေးအလှူနှင့် ပါရမီဆယ်ပါး" မှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။"ဒါန၊ သီလ၊ နေက္ခမ၊ ပည၊ ဝီရိယာ၊ ခန္တီ၊ သစ္စ၊ ဓိဌာန၊ မေတ္တ၊ ဥပေက္ခာ" ဆိုတဲ့ ပါရမီဆယ်ပါးအစဉ်အတိုင်း အနှစ်ချုပ်ပြောရမယ်ဆိုရင်
၁။ သွေး၊ သွေးခံအိတ်၊ ဆေးဝါး၊ အစားအသောက်၊ မော်တော်ယာဉ်၊ ခရီးစရိတ်၊ အမှတ်တရဘောလ်ပင်န်၊ သော့ချိတ်၊ လက်ကမ်းစာရွက်၊ လက်ကမ်းစာအုပ်၊ စသည်လှူဒါန်းတာက "ဒါနပါရမီ"
၂။ သွေးကောင်းသွေးသန့်ဖြစ်ဖို့ ကိုယ်ကျင့်တရားစောင့်ထိန်းတာ၊ သွေးလှူတဲ့နေ့မှာ ငါးပါးသီလ အသစ်ထပ်မံဆောက်တည် ကျင့်သုံးတာ၊ သွေးလှူပွဲအောင်မြင်ဖို့ ကူညီဆောင်ရွက်တာ၊ လုပ်အားပေးတာ၊ ဝေယျာဝေစ္စလုပ်တာက"သီလပါရမီ''
၃။ ကိုယ့်အကျိုး ဘာမှမမျှော်လင့်တာ၊ ကိုယ့်ခန္ဓာ အသွေးအသားနဲ့ အလှအပအပေါ် တွယ်တာတပ်မက်မှုကို စွန့်လွှတ်နိုင်တာက"နေက္ခမ္မပါရမီ''
၄။ သွေးအလှူနဲ့ပတ်သတ်တဲ သိသင့်သိထိုက်တာတွေကို သိအောင်လေ့လာတာ၊ သိပြီးသားမျှဝေတာက"ပညာပါရမီ''
၅။ သွေးအားပြည့်အောင်နဲ့သွေး အလှူပြီးစီးသွားအောင် ကြိုးစားအားထုတ်နေတာက"ဝီရီယပါရမီ''
၆။ အသားနာခြင်း၊ အပူဒဏ်၊ အအေးဒဏ်၊ တန်းစီရမှု၊ ဆာလောင်မှု၊ အခက်အခဲ၊ ပြသာနာ၊ အဆင်မပြေမှု၊ စိတ်တိုင်းမကျမှု စတာတွေကို သည်းခံတာက "ခန္တီပါရမီ"
၇။ လှူမယ်ပြောထားတဲ့အတိုင်း တကယ်လှူတာ၊ ကျန်းမာရေးစစ်ဆေးမှုပုံစံစာရွက်မှာ အမှန်အတိုင်းဖြည့်တာက"သစ္စာပါရမီ"
၈။ ဘာအကြောင်းကြောင့်မှ သွေးလှူတဲ့အလုပ်ကို အပျက်မခံတာ၊ ဆုံးဖြတ်ချက်ခိုင်မတာက"အဓိဌာန်ပါရမီ''
၉။ လူနာရောဂါပျောက်စေချင်တာ၊ အသက်ရှင်စေချင်တာ၊ လုပ်စရာရှိတဲ့ အလုပ်ကောင်းတွေ ဆက်လုပ်စေချင်တာ၊ လူနာကို မေတ္တာပို့သနေတာ၊ လူနာနဲ့ပတ်သတ်တဲ့အသိုင်းအဝိုင်းတစ်ခုလုံး စိတ်ချမ်းသာစေချင်တာက"မေတ္တာပါရမီ
၁၀။ ချစ်သူ၊မုန်းသူ မခွဲခြားတာ၊ အကောင်း၊အဆိုး တန်ပြန်သက်ရောက်မှုအပေါ် လုံးဝမတုန်လှုပ်တာ၊ ကျေးဇူးသိခြင်း၊ မသိခြင်းကို လုံးဝထည့်မတွက်တာ၊ ကိုယ့်အလုပ်ကိုယ်ပြီးအောင်လုပ်တာ၊ ကိုယ့်တာဝန်ကိုယ်ကျေအောင် ဆောင်ရွက်တာက "ဥပေက္ခာပါရမီ".
အဲဒီလိုအားဖြင့်... သွေးအလှူပေးလှူနေတာဟာ ပါရမီဆယ်ပါးလုံးကိုဖြည့်ကျင့်နေတာပါ
အရည်အသွေးပြည့်ဝတဲ့စံချိန်မီသွေးအလှူဖြစ်အောင် စိတ်ထားတတ်တတ်၊ စိတ်ထားမြတ်မြတ်နဲ့ ပေးလှူရင်ပေါ့လေ...
Credit:aungsansoe
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ပါရမီ (၁၀) ပါးေျမာက္ေသာ ေသြးလွဴျခင္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။