“သိက္ခာရှိရှိ ချစ်ပါ”
Credit:Myanmarfanpage
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
# Unicode Version ဖြင့် ဖတ်ပါ #
ချစ်သူရည်းစားထားတယ်ဆိုတာက တကယ်တော့ ကိုယ့်သိက္ခာနဲ့အချစ်ကို အလဲအလှယ်လုပ်လိုက်ရတာပါပဲ။ချစ်သူရည်းစားထားတယ်ဆိုတာက ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် နှစ်ဖက်စလုံး နစ်နာတာပါပဲ။
ကိုယ့်ဂုဏ်သိက္ခာကို ရင်းနှီးပြီး ချစ်ခြင်းကြတာချင်းအတူတူ အခန့်မသင့်လို့ လမ်းခွဲခဲ့ကြရရင် တစ်ယောက်ကို တစ်ယောက် အရှက်ကွဲအောင် ထိုးနှက်နေဖို့ထက် သိက္ခာရှိဖို့လိုပါတယ်။ယောင်္ကျားလေးက ငါ သူ့ကို ဘယ်အဆင့်အထိ ကျူးလွန်ခဲ့တာ မိန်းကလေးက အဆင့်မရှိတဲ့ ယောင်္ကျားလို့ တစ်ယောက်ကို တစ်ယောက် ပုတ်ခတ်နေမယ့်အစား စည်းစောင့်ခဲ့ရင် နစ်ဖက်စလုံး ဂုဏ်သိက္ခာရှိပါတယ်။
အချစ်နဲ့ ဘဝ တစ်ထပ်တည်းကျဖို့ မလွယ်ကူတဲ့ခေတ်မှာ ပေါင်းစည်းရသည်ဖြစ်စေ ခွဲခါခဲ့ရသည်ဖြစ်စေမိန်းကလေးတွေရဲ့ အရှက် ယောင်္ကျားလေးတို့ရဲ့ ဂုဏ်သိက္ခာကို အပြန်အလှန်တန်ဖိုးထားမှ သိက္ခာရှိတဲ့ အချစ်ဖြစ်မှာပါ။အဲ့ဒါကြောင့် သိက္ခာရှိရှိ ချစ်ကြပြီး လမ်းခွဲခဲ့ရမယ်ဆိုရင်လည်း သိက္ခာရှိရှိကျောခိုင်းကြပါနော်။