ကိုယ္ခ်စ္သူနဲ႔အေျခအတင္ျဖစ္တဲ့အခါ အဆင္ေျပေစမဲ့ေျဖ႐ွင္းနည္းေလးမ်ား
ခ်စ္သူရည္းစားခ်င္း တခါတေလစကားမ်ားတာရွိမွာပါ။ ဒါကိုဘယ္လိုေျဖ႐ွင္းရမလဲ? ေအာက္မွာ ၾကည့္ရေအာင္
လက္မပါနဲ႔
ဒါက ဘာလို႔ ပထမဆံုးလဲဆိုရင္ အေရးႀကီးဆံုးမို႔လို႔ပါ။ ဘယ္လိုပဲျဖစ္ျဖစ္ မိန္းကေလးဆိုတာ အားႏြဲ႔သူပါ။ ကိုယ့္ခ်စ္သူနဲ႔ ျပသာနာကို လက္နဲ႔ေျဖ႐ွင္းတာကေတာ့ သူရဲေဘာေၾကာင္ၿပီး ေအာက္တန္းက်တာပါပဲ။ ျဖစ္ေနတဲ့အေျခအတင္က Negative အဆံုးထိေရာက္သြားႏိုင္ပါတယ္။
မေအာ္ပါနဲ႔
မိန္းကေလးေတြကသူတို႔ကို ေအာ္တာ လံုး၀မႀကိဳက္ပါဘူး။ ဘာလို႔လဲဆိုရင္ သူတို႔႐ွက္တယ္ ၊ ၀မ္းနည္းတယ္ ၊ ၀မ္းနည္းတာကပိုပါတယ္။ သာမန္ျပသာနာေလာက္နဲ႔ေတာ့ ကိုယ့္ခ်စ္သူကို မေအာ္လိုက္ပါနဲ႔။ တိတ္ဆိတ္စြာပါးစပ္ပိတ္ၿပီးေနေပးလိုက္ပါ သူတို႔ေျပာခ်င္ရာေတြေျပာပါေစ။ ဘာမွျပန္မေျပာနဲ႔။ သူတို႔ေျပာတာေမာလာရင္ရပ္သြားပါလိမ့္မယ္။
အဲ့အခါမွ ကိုယ္ကေသခ်ာေအးေဆးစြာ နား၀င္ေအာင္ေျပာျပပါ။ တကယ္ခ်စ္တဲ့မိန္းကေလးေတြကေတာ့ ဘယ္လိုပဲျပသာနာတက္တက္ ခဏေလာက္ျပသာနာ႐ွာၿပီးရင္ပံုမွန္ျပန္ျဖစ္သြားပါတယ္။
အျပင္မွာျဖစ္ျဖစ္ ၊ ဖုန္းထဲမွာျဖစ္ျဖစ္ ခဏေလာက္ေ႐ွာင္လိုက္ပါ
တခ်ိဳ႕ျပသာနာေတြကအရမ္းႀကီးပါတယ္။ ဒါေၾကာင့္မို႔ ခဏေ႐ွာင္တာေကာင္းပါတယ္။ တစ္ဖက္က ေဒါသေတြအရမ္းႀကီးေနတဲ့အခ်ိန္မွာ ရင္မဆိုင္ပဲ သူေသြးေအးသြားေလာက္ေတာ့ မွ ေသခ်ာျပန္ေဆြးေႏြးပါ။
ႏွစ္ေယာက္လံုးနဲ႔အရမ္းခင္တဲ့သူငယ္ခ်င္းကိုလွမ္းေခၚပါ
စစ္ကူသေဘာမ်ိဳးေပါ့။ ၾကားထဲကဖ်န္ေျဖေပးၿပီး ၿငိမ္းခ်မ္းေရးစာခ်ဳပ္ ခ်ဳပ္ႏိုင္ေအာင္ သူငယ္ခ်င္းကစြမ္းေဆာင္ေပးမွာပါ။ မဟုတ္လဲ သူနားၿငီးဘယ္ခံမလဲ။ ၂ေယာက္အဆင္ေျပေအာင္ပဲလုပ္မွာေပါ့။
ဒါေတြကေတာ့ ခ်စ္သူနဲ႔အေျခအတင္ျဖစ္တဲ့အခါ
အဆင္ေျပေစမဲ့ ေျဖ႐ွင္းနည္းေလးေတြပဲျဖစ္ပါတယ္။ ကိုယ္တိုင္ၾကံဳေတြ႔လာတာမို႔ တကယ္အသံုး၀င္လို႔ Sharing လုပ္ေပးလိုက္တာပါ။ စံုတြဲတိုင္း ကေတာက္ကဆ အျဖစ္နည္းၿပီး အခ်စ္ျမဲၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Credit:marry
ခ်စ္ေရးခ်စ္ရာ
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version # ျဖင့္ ဖတ္ပါ #
ချစ်သူရည်းစားချင်း တခါတလေစကားများတာရှိမှာပါ။ ဒါကိုဘယ်လိုဖြေရှင်းရမလဲ? အောက်မှာ ကြည့်ရအောင်
လက်မပါနဲ့
ဒါက ဘာလို့ ပထမဆုံးလဲဆိုရင် အရေးကြီးဆုံးမို့လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးဆိုတာ အားနွဲ့သူပါ။ ကိုယ့်ချစ်သူနဲ့ ပြသာနာကို လက်နဲ့ဖြေရှင်းတာကတော့ သူရဲဘောကြောင်ပြီး အောက်တန်းကျတာပါပဲ။ ဖြစ်နေတဲ့အခြေအတင်က Negative အဆုံးထိရောက်သွားနိုင်ပါတယ်။
မအော်ပါနဲ့
မိန်းကလေးတွေကသူတို့ကို အော်တာ လုံးဝမကြိုက်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့ရှက်တယ် ၊ ဝမ်းနည်းတယ် ၊ ဝမ်းနည်းတာကပိုပါတယ်။ သာမန်ပြသာနာလောက်နဲ့တော့ ကိုယ့်ချစ်သူကို မအော်လိုက်ပါနဲ့။ တိတ်ဆိတ်စွာပါးစပ်ပိတ်ပြီးနေပေးလိုက်ပါ သူတို့ပြောချင်ရာတွေပြောပါစေ။ ဘာမှပြန်မပြောနဲ့။ သူတို့ပြောတာမောလာရင်ရပ်သွားပါလိမ့်မယ်။
အဲ့အခါမှ ကိုယ်ကသေချာအေးဆေးစွာ နားဝင်အောင်ပြောပြပါ။ တကယ်ချစ်တဲ့မိန်းကလေးတွေကတော့ ဘယ်လိုပဲပြသာနာတက်တက် ခဏလောက်ပြသာနာရှာပြီးရင်ပုံမှန်ပြန်ဖြစ်သွားပါတယ်။
အပြင်မှာဖြစ်ဖြစ် ၊ ဖုန်းထဲမှာဖြစ်ဖြစ် ခဏလောက်ရှောင်လိုက်ပါ
တချို့ပြသာနာတွေကအရမ်းကြီးပါတယ်။ ဒါကြောင့်မို့ ခဏရှောင်တာကောင်းပါတယ်။ တစ်ဖက်က ဒေါသတွေအရမ်းကြီးနေတဲ့အချိန်မှာ ရင်မဆိုင်ပဲ သူသွေးအေးသွားလောက်တော့ မှ သေချာပြန်ဆွေးနွေးပါ။
နှစ်ယောက်လုံးနဲ့အရမ်းခင်တဲ့သူငယ်ချင်းကိုလှမ်းခေါ်ပါ
စစ်ကူသဘောမျိုးပေါ့။ ကြားထဲကဖျန်ဖြေပေးပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်အောင် သူငယ်ချင်းကစွမ်းဆောင်ပေးမှာပါ။ မဟုတ်လဲ သူနားငြီးဘယ်ခံမလဲ။ ၂ယောက်အဆင်ပြေအောင်ပဲလုပ်မှာပေါ့။
ဒါတွေကတော့ ချစ်သူနဲ့အခြေအတင်ဖြစ်တဲ့အခါ
အဆင်ပြေစေမဲ့ ဖြေရှင်းနည်းလေးတွေပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့လာတာမို့ တကယ်အသုံးဝင်လို့ Sharing လုပ်ပေးလိုက်တာပါ။ စုံတွဲတိုင်း ကတောက်ကဆ အဖြစ်နည်းပြီး အချစ်မြဲကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...