ေန႔စဥ္သံုး အျဖစ္ ေန႔စဥ္စြဲျမဲတဲ့ ဝတ္ဆင္မႈက က်န္းမာေရး ကို ထိခိုက္ေစပါတယ္ဆိုတဲ့ လူႀကိဳက္မ်ားအသံုးအေဆာင္ပစၥည္းေတြကုိ ေဖာ္ျပေပးမွာပါ။ သတိျပဳဆင္ျခင္ႏို္င္ဖို႔သာတင္ဆက္ေပးလိုက္ရပါတယ္။
္
အသားကပ္ဂ်င္းေဘာင္းဘီ
တင္ပါးနဲ႔ ေျခေထာက္ အလွေတြကို ပိုေပၚလြင္ေစတာေၾကာင့္ အမ်ဳိးသမီးေတြရဲ႕ေရြးခ်ယ္မႈက အသားကပ္ဂ်င္းေဘာင္းဘီကိုမွ မ်က္စိက်တတ္ပါတယ္။ ကံမေကာင္းစြာနဲ႔ ပဲ အသားကပ္၊ ဂ်င္းအက်ပ္ေတြ ဟာ ေသြးေကာင္းေကာင္းမလည္ပတ္ႏို္င္ေအာင္ ဒုကၡေပးတာပါ။ အေရျပားမွာလည္း အသက္႐ႈေပါက္၊ ေလဝင္ေလထြက္မ႐ွိေတာ့သလို ျဖစ္ေစပါတယ္။
ေဒါက္ျမင့္ဖိနပ္
ေဒါက္ျမင့္ဖိနပ္ ေလးစီးလိုက္ရင္ အမ်ိဳးသမီးေတြက ပိုႂကြႂကြရြရြဟန္ျဖစ္ေစၿပီး ႏြဲ႕ေႏွာင္းသြားေစပါတယ္။ ဒါေပမယ့္ ေန႔တိုင္းစီးဖို႔ေတာ့ အေတာ္အႏၱရာယ္မ်ားတာပါ။ ခါးနာေစတယ္၊ ေျခေထာက္ နာက်င္ေရာင္ရမ္းတာအထိ ဒဏ္ပိေစပါတယ္။
ပင့္တင္ဘရာ
လူႀကိဳက္ေတာ္ေတာ္မ်ားတဲ့ ဘရာအမ်ိဳးအစားပါ။ ရင္သားအလွကုိ ရင္သပ္ရႈေမာ ျဖစ္ေအာင္ ပိုၾကည့္ေကာင္းလံုးဝန္းေစသလို တင္းတင္းရင္းရင္းျဖစ္ေအာင္လည္း ပင့္တင္ေပးထားတာပါ။ တကယ္တမ္းေတာ့ အလွထက္ပိုၿပီး က်န္းမာေရး ကို ပိုၿပီးသက္ေရာက္ေနပါတယ္။ ရင္သားေနရာေတြဟာ ျပင္ပအကူအညီယူရသလိုျဖစ္ၿပီး ပံုပန္းပံုစံ ေတြေတာင္ပ်က္လာတတ္ပါတယ္။ ဒါ့ထက္ ပိုတာကေတာ့ ေသြးေၾကာေတြကိုပိတ္ေစၿပီး ရင္သားကင္ဆာအထိပါ ေျခာက္လွန္႔ႏို္င္ပါတယ္။
ေနကာမ်က္မွန္
ေနေရာင္ျခည္ တအားစူးရင္ေတာ့ စတိုင္လည္းထြက္၊ မိုက္လဲမိုက္ေစတာက ေနကာမ်က္မွန္ ပါ။ ဒါေပမယ့္ အလင္းနည္းတဲ့အခ်ိန္၊ အေမွာင္ထဲမွာျဖစ္ျဖစ္ဝတ္ဆင္ထားရင္ အတြင္းတိမ္ျဖစ္လာဖို႔ပိုအားေပးတယ္လို႔ သိရပါတယ္။ ေနာင္တစ္ခ်က္က ယူဗီြဒဏ္ကာကြယ္ဖို႔ စိတ္ခ်ရတဲ့ ေနကာမ်က္မွန္အစစ္ကိုသာတပ္ေပးသင့္တာပါ။
ေျခအိတ္႐ွည္ စေတာ့ကင္
စေတာ့ကင္ေတြက အက်ပ္ေတြခ်ည္းပါပဲ။ ဒါေၾကာင့္ ၾကာၾကာဝတ္မယ္၊ အျမဲဝတ္မယ္ဆိုရင္ေတာ့ မေကာင္းလွတာမို႔ သတိထားသင့္ပါတယ္။ ေသြးလွည့္ပတ္မႈကို အေတာ္ေလးထိခိုက္ေစၿပီး ေလဝင္ေလထြက္မ႐ွိေတာ့ မႈိနာေရာဂါစြဲေတြအထိ ျဖစ္ေစႏို္င္ပါတယ္။
ညအိပ္ဝတ္စံု
အရမ္း က်ပ္လြန္း၊ အရမ္းေႏြးလြန္းတဲ့ ညအိပ္ဝတ္စံုေတြက အေရျပား ယားနာ၊ မႈိေပါက္ဖြားမႈေတြျဖစ္ေစတတ္တယ္လို႔သိရပါတယ္။ နာတာ႐ွည္ အေရျပားေရာဂါ႐ွိရင္ေတာ့ ညအိပ္ဝတ္စံုမဝတ္ဘဲအိပ္တာ၊ အတြင္းခံ အဝတ္ေတြ မဝတ္တာက ပိုစိတ္ခ်ရပါတယ္။
Credit: nanmalgyi
က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version# ျဖင့္ဖတ္ပါ ။
နေ့စဉ်သုံး အဖြစ် နေ့စဉ်စွဲမြဲတဲ့ ဝတ်ဆင်မှုက ကျန်းမာရေး ကို ထိခိုက်စေပါတယ်ဆိုတဲ့ လူကြိုက်များအသုံးအဆောင်ပစ္စည်းတွေကို ဖော်ပြပေးမှာပါ။ သတိပြုဆင်ခြင်နိုင်ဖို့သာတင်ဆက်ပေးလိုက်ရပါတယ်။
်
အသားကပ်ဂျင်းဘောင်းဘီ
တင်ပါးနဲ့ ခြေထောက် အလှတွေကို ပိုပေါ်လွင်စေတာကြောင့် အမျိုးသမီးတွေရဲ့ရွေးချယ်မှုက အသားကပ်ဂျင်းဘောင်းဘီကိုမှ မျက်စိကျတတ်ပါတယ်။ ကံမကောင်းစွာနဲ့ ပဲ အသားကပ်၊ ဂျင်းအကျပ်တွေ ဟာ သွေးကောင်းကောင်းမလည်ပတ်နိုင်အောင် ဒုက္ခပေးတာပါ။ အရေပြားမှာလည်း အသက်ရှုပေါက်၊ လေဝင်လေထွက်မရှိတော့သလို ဖြစ်စေပါတယ်။
ဒေါက်မြင့်ဖိနပ်
ဒေါက်မြင့်ဖိနပ် လေးစီးလိုက်ရင် အမျိုးသမီးတွေက ပိုကြွကြွရွရွဟန်ဖြစ်စေပြီး နွဲ့နှောင်းသွားစေပါတယ်။ ဒါပေမယ့် နေ့တိုင်းစီးဖို့တော့ အတော်အန္တရာယ်များတာပါ။ ခါးနာစေတယ်၊ ခြေထောက် နာကျင်ရောင်ရမ်းတာအထိ ဒဏ်ပိစေပါတယ်။
ပင့်တင်ဘရာ
လူကြိုက်တော်တော်များတဲ့ ဘရာအမျိုးအစားပါ။ ရင်သားအလှကို ရင်သပ်ရှုမော ဖြစ်အောင် ပိုကြည့်ကောင်းလုံးဝန်းစေသလို တင်းတင်းရင်းရင်းဖြစ်အောင်လည်း ပင့်တင်ပေးထားတာပါ။ တကယ်တမ်းတော့ အလှထက်ပိုပြီး ကျန်းမာရေး ကို ပိုပြီးသက်ရောက်နေပါတယ်။ ရင်သားနေရာတွေဟာ ပြင်ပအကူအညီယူရသလိုဖြစ်ပြီး ပုံပန်းပုံစံ တွေတောင်ပျက်လာတတ်ပါတယ်။ ဒါ့ထက် ပိုတာကတော့ သွေးကြောတွေကိုပိတ်စေပြီး ရင်သားကင်ဆာအထိပါ ခြောက်လှန့်နိုင်ပါတယ်။
နေကာမျက်မှန်
နေရောင်ခြည် တအားစူးရင်တော့ စတိုင်လည်းထွက်၊ မိုက်လဲမိုက်စေတာက နေကာမျက်မှန် ပါ။ ဒါပေမယ့် အလင်းနည်းတဲ့အချိန်၊ အမှောင်ထဲမှာဖြစ်ဖြစ်ဝတ်ဆင်ထားရင် အတွင်းတိမ်ဖြစ်လာဖို့ပိုအားပေးတယ်လို့ သိရပါတယ်။ နောင်တစ်ချက်က ယူဗွီဒဏ်ကာကွယ်ဖို့ စိတ်ချရတဲ့ နေကာမျက်မှန်အစစ်ကိုသာတပ်ပေးသင့်တာပါ။
ခြေအိတ်ရှည် စတော့ကင်
စတော့ကင်တွေက အကျပ်တွေချည်းပါပဲ။ ဒါကြောင့် ကြာကြာဝတ်မယ်၊ အမြဲဝတ်မယ်ဆိုရင်တော့ မကောင်းလှတာမို့ သတိထားသင့်ပါတယ်။ သွေးလှည့်ပတ်မှုကို အတော်လေးထိခိုက်စေပြီး လေဝင်လေထွက်မရှိတော့ မှိုနာရောဂါစွဲတွေအထိ ဖြစ်စေနိုင်ပါတယ်။
ညအိပ်ဝတ်စုံ
အရမ်း ကျပ်လွန်း၊ အရမ်းနွေးလွန်းတဲ့ ညအိပ်ဝတ်စုံတွေက အရေပြား ယားနာ၊ မှိုပေါက်ဖွားမှုတွေဖြစ်စေတတ်တယ်လို့သိရပါတယ်။ နာတာရှည် အရေပြားရောဂါရှိရင်တော့ ညအိပ်ဝတ်စုံမဝတ်ဘဲအိပ်တာ၊ အတွင်းခံ အဝတ်တွေ မဝတ်တာက ပိုစိတ်ချရပါတယ်။
Credit: nanmalgyi
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» ေန႔စဥ္စြဲျမဲဝတ္ဆင္ေနရင္ ေရာဂါျဖစ္ေစမယ္႔ အဝတ္အစား ၆ မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။