အလုပ္လုပ္လြန္းတဲ့သူေတြက အလုပ္ဆိုတာနဲ႔ကို အျပင္းအထန္ အသည္းအသန္ ႀကိဳးစားလုပ္ကိုင္ျခင္းက သူတို႔အတြက္ ေနသာထိုင္သာ႐ွိေစတဲ့ ေနသားတက် ဘဝမ်ိဳးလို႔ခံယူထားၾကပါတယ္။ ဝင္ေငြသိပ္ေကာင္းလာၿပီး ေက်နပ္မႈကုိ႐ွာတဲ့အခါ တစ္ဖက္မွာလည္းကိုယ္မလိုခ်င္တဲ့ဆိုးက်ိဳးေတြကို ျငင္းပယ္ဖို႔ေမ့ခဲ့ၾကပါတယ္။
အလုပ္လုပ္လြန္းတဲ့သူေတြမွာ အဓိကခံစားရတဲ့ျပသနာကေတာ့ ကိုယ္ခႏၶာ လႈပ္႐ွားမႈ နည္းပါးသြားျခင္းပါပဲ။ အထူးသျဖင့္ မနက္ ၉ ညေန ၅ အလုပ္ပံုမွန္ဆင္းရတဲ့ ရံုးထိုင္သမား ဝန္ထမ္းအေနနဲ႔က ပိုထိခိုက္ခံစားရပါတယ္။ အထိုင္လည္းမ်ားၿပီး အလုပ္ရဲ႕စိတ္ဖိစီးမႈေတြပါ ေပါင္းဆံု သြားတဲ့အခါ လူက ကိုယ္အေလးခ်ိန္တက္ၿပီး ဝလာေတာ့ပါပဲ။
အလုပ္ကုိ စိတ္ပါလက္ပါ အာရံုစိုက္ၿပီး ဖိဖိစီးစီး လုပ္တဲ့သူေတြက အလုပ္ဆင္းတဲ့အခ်ိန္မွာ ဂ်င္ကစားဖို႔မဆိုထားနဲ႔၊ တျခား ဘာမွထပ္လုပ္ခ်င္စိတ္မ႐ွိေအာင္ကို အင္အားကုန္ဆံုးသြားၾကရတယ္။ အလုပ္မွာ ကိုယ့္ကိုယ္ကိုခိုင္းလြန္းလို႔ ကိုယ့္က်န္းမာေရး ကိ္ုယ္ဂ႐ုစိုက္ခ်ိန္မ႐ွိ၊ ဂ႐ုစိုက္ရေကာင္းမွန္း သတိေမ့သြားရေအာင္ ျဖစ္လာတာပါ။
ဒါလည္း ေန႔စဥ္ရက္ဆက္လိုျဖစ္လာတဲ့အခါ ေတာ္ေတာ္ဆိုးေစတဲ့အခ်က္ျဖစ္တယ္။ ေ႐႐ွည္စိတ္ဖိစီးမႈပိက်လာတဲ့အခါ အိပ္ေရးပ်က္တယ္။ ေသြးတြင္းသၾကားဓာတ္ပမာဏ ျမင့္တက္လာတယ္။ ဗိုက္ပိုဆာတတ္လာတယ္။ လြယ္လြယ္ရတာေလး မ်ားမ်ားစားပစ္လုိက္တတ္ၾကတယ္။ အအိပ္၊အစား၊ အေနအထိုင္ ပံုမွန္မ႐ွိေတာ့ဘူး။
ဒီကေနတစ္ဆင့္ ပိုၿပီးအိပ္ေရးပ်က္လာေစတယ္။ စိတ္ဒုကၡပိုဖိစီးလာတယ္။ စိတ္ဖိစီးတဲ့လူဟာ အခ်ိဳဓာတ္စာေတြကို ပိုေတာင့္ေတာင့္တတ စားျဖစ္လာရင္း အဆိုးေက်ာ့သံသရာလည္းေတာ့တာပါပဲ။ ဒါဟာ လူကို အဆီေတြတက္လာေစၿပီး အခန္႔မသင့္တဲ့အခါ ဆီးခ်ိဳေရာဂါ Type-2 အထိ ျဖစ္လာေစပါတယ္။
ဒါေၾကာင့္မို႔ အလုပ္ႀကိဳးစားတဲ့အက်င့္ ဟာ သိပ္ေကာင္းတဲ့အေလ့အက်င့္ျဖစ္ေပမယ့္ တစ္ဖက္မွာ ကိုယ့္က်န္းမာေရး နဲ႔ စေတးၿပီးအလဲအလွယ္လုပ္ပစ္ရတဲ့အထိ မမိုက္မဲၾကဖို႔ဆိုတာလည္း သတိထားစရာျဖစ္လာပါတယ္။ စိတ္ပင္ပန္း ဖိစီးလာရင္ အနားယူလိုက္ပါ။ ေျဖေလ်ွာ့မႈေလးလုပ္ေပးပါ။ အသက္ကိုဝေအာင္အထိ႐ႈလိုက္ပါ။ တကယ္ေတာ့ အိပ္ေရးဝဝ အိပ္နိင္ၿပီး စိတ္ဖိစီးမႈကင္းေဝးေနသူမွသာ အလုပ္မွာပိုၿပီးမိမိရရစြမ္းေဆာင္ျပႏိုင္တာမို႔ အလုပ္လည္းေအာင္ျမင္၊ က်န္းမာေရး လည္းမထိခိုက္ဆိုတဲ့ ႐ွဥ့္လည္းေလ်ွာက္သာ ပ်ားလည္းစြဲသာ အေနအထား နဲ႔ အေနအထိုင္မ်ိဳးက ေမြးျမဴထားေပးသင့္ပါတယ္။
Credit:ZAW
က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version# ျဖင့္ဖတ္ပါ ။
အလုပ်လုပ်လွန်းတဲ့သူတွေက အလုပ်ဆိုတာနဲ့ကို အပြင်းအထန် အသည်းအသန် ကြိုးစားလုပ်ကိုင်ခြင်းက သူတို့အတွက် နေသာထိုင်သာရှိစေတဲ့ နေသားတကျ ဘဝမျိုးလို့ခံယူထားကြပါတယ်။ ဝင်ငွေသိပ်ကောင်းလာပြီး ကျေနပ်မှုကိုရှာတဲ့အခါ တစ်ဖက်မှာလည်းကိုယ်မလိုချင်တဲ့ဆိုးကျိုးတွေကို ငြင်းပယ်ဖို့မေ့ခဲ့ကြပါတယ်။
အလုပ်လုပ်လွန်းတဲ့သူတွေမှာ အဓိကခံစားရတဲ့ပြသနာကတော့ ကိုယ်ခန္ဓာ လှုပ်ရှားမှု နည်းပါးသွားခြင်းပါပဲ။ အထူးသဖြင့် မနက် ၉ ညနေ ၅ အလုပ်ပုံမှန်ဆင်းရတဲ့ ရုံးထိုင်သမား ဝန်ထမ်းအနေနဲ့က ပိုထိခိုက်ခံစားရပါတယ်။ အထိုင်လည်းများပြီး အလုပ်ရဲ့စိတ်ဖိစီးမှုတွေပါ ပေါင်းဆုံ သွားတဲ့အခါ လူက ကိုယ်အလေးချိန်တက်ပြီး ဝလာတော့ပါပဲ။
အလုပ်ကို စိတ်ပါလက်ပါ အာရုံစိုက်ပြီး ဖိဖိစီးစီး လုပ်တဲ့သူတွေက အလုပ်ဆင်းတဲ့အချိန်မှာ ဂျင်ကစားဖို့မဆိုထားနဲ့၊ တခြား ဘာမှထပ်လုပ်ချင်စိတ်မရှိအောင်ကို အင်အားကုန်ဆုံးသွားကြရတယ်။ အလုပ်မှာ ကိုယ့်ကိုယ်ကိုခိုင်းလွန်းလို့ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ချိန်မရှိ၊ ဂရုစိုက်ရကောင်းမှန်း သတိမေ့သွားရအောင် ဖြစ်လာတာပါ။
ဒါလည်း နေ့စဉ်ရက်ဆက်လိုဖြစ်လာတဲ့အခါ တော်တော်ဆိုးစေတဲ့အချက်ဖြစ်တယ်။ ရေရှည်စိတ်ဖိစီးမှုပိကျလာတဲ့အခါ အိပ်ရေးပျက်တယ်။ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်လာတယ်။ ဗိုက်ပိုဆာတတ်လာတယ်။ လွယ်လွယ်ရတာလေး များများစားပစ်လိုက်တတ်ကြတယ်။ အအိပ်၊အစား၊ အနေအထိုင် ပုံမှန်မရှိတော့ဘူး။
ဒီကနေတစ်ဆင့် ပိုပြီးအိပ်ရေးပျက်လာစေတယ်။ စိတ်ဒုက္ခပိုဖိစီးလာတယ်။ စိတ်ဖိစီးတဲ့လူဟာ အချိုဓာတ်စာတွေကို ပိုတောင့်တောင့်တတ စားဖြစ်လာရင်း အဆိုးကျော့သံသရာလည်းတော့တာပါပဲ။ ဒါဟာ လူကို အဆီတွေတက်လာစေပြီး အခန့်မသင့်တဲ့အခါ ဆီးချိုရောဂါ Type-2 အထိ ဖြစ်လာစေပါတယ်။
ဒါကြောင့်မို့ အလုပ်ကြိုးစားတဲ့အကျင့် ဟာ သိပ်ကောင်းတဲ့အလေ့အကျင့်ဖြစ်ပေမယ့် တစ်ဖက်မှာ ကိုယ့်ကျန်းမာရေး နဲ့ စတေးပြီးအလဲအလှယ်လုပ်ပစ်ရတဲ့အထိ မမိုက်မဲကြဖို့ဆိုတာလည်း သတိထားစရာဖြစ်လာပါတယ်။ စိတ်ပင်ပန်း ဖိစီးလာရင် အနားယူလိုက်ပါ။ ဖြေလျှော့မှုလေးလုပ်ပေးပါ။ အသက်ကိုဝအောင်အထိရှုလိုက်ပါ။ တကယ်တော့ အိပ်ရေးဝဝ အိပ်နိင်ပြီး စိတ်ဖိစီးမှုကင်းဝေးနေသူမှသာ အလုပ်မှာပိုပြီးမိမိရရစွမ်းဆောင်ပြနိုင်တာမို့ အလုပ်လည်းအောင်မြင်၊ ကျန်းမာရေး လည်းမထိခိုက်ဆိုတဲ့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အနေအထား နဲ့ အနေအထိုင်မျိုးက မွေးမြူထားပေးသင့်ပါတယ်။
Credit:ZAW
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...