အေရျပား နဲ႔ပတ္သက္တဲ့ ျပႆနာေတြအတြက္ အသံုးဝင္တဲ့ ၾကက္ဟင္းခါးသီး
ေရာင္ရမ္းမႈေတြေၾကာင့္ ျဖစ္ေပၚတဲ့ ယားယံမႈမ်ိဳးဆိုရင္ေတာ့ ၾကက္ဟင္းခါးသီးကို သံုးလို႔ရပါတယ္။
ၾကက္ဟင္းခါးသီးဟာ က်န္းမာေရးအတြက္ အလြန္အက်ိဳးရွိေၾကာင္း ေရးသားထားတဲ့ ေဆာင္းပါးအေျမာက္အမ်ားရွိပါတယ္။ အေရျပားက်န္းမာေရးအတြက္ပါ အသံုးျပဳလုိ႔ရတာ ျဖစ္ပါတယ္။အထူးသျဖင့္ အခါးဓာတ္ပါတဲ့ ဟင္းသီးဟင္းရြက္ ေတြဟာ အေရျပားက်န္းမာေရးအတြက္ ေကာင္းမြန္ေစတဲ့ ပစၥည္းေတြ ျဖစ္ပါတယ္။ ၾကက္ဟင္းခါးသီးဟာ ေရာဂါပိုးမႊားေတြကို တုိက္ဖ်က္ေပးျပီး ေအာက္ပါ အေရျပားျပႆနာေတြကို ကာကြယ္ေပးပါတယ္။
၁ – ယားယံျခင္း
ယားယံျခင္းျဖစ္ပြားရတဲ့ အေၾကာင္းအရင္းမ်ားစြာရွိပါတယ္။ ေရာင္ရမ္းမႈေတြေၾကာင့္ ျဖစ္ေပၚတဲ့ ယားယံမႈမ်ိဳးဆိုရင္ေတာ့ ၾကက္ဟင္းခါးသီးကို သံုးလို႔ရပါတယ္။ နႏြင္း၊ ၾကက္ဟင္းခါးသီးအႏွစ္နဲ႔ ရွာေစာင္းလက္ပတ္ အႏွစ္ေတြကို ေရာျပီး ရလာတဲ့အႏွစ္ကို အေရျပားေပၚမွာ လိမ္ေပးရပါတယ္။ မိနစ္ ၂၀ ခန္႔ၾကာျပီးသြားရင္ေတာ့ ေရနဲ႔ ေဆးခ်ရမွာ ျဖစ္ပါတယ္။
၂ – ဆဲလ္ေသ ေတြကို ဖယ္ရွားေပး
ၾကက္ဟင္းခါးသီး အႏွစ္ ဟာ ေခၽြးေပါက္ ေတြအတြင္းက အညစ္အေၾကးေတြနဲ႔အေရျပားက ဆဲလ္ေသေတြကိုလည္း ဖယ္ရွားေပးႏုိင္ပါတယ္။ ၾကက္ဟင္းခါးသီး အႏွစ္ ကို အေရျပား မွာ လိမ္းေပးရမွာျဖစ္ပါတယ္။ လိမ္းတဲ့အခါမွာလည္း အနည္းငယ္ႏွိပ္နယ္ေပးျပီး ေရသန္႔သန္႔နဲ႔ ျပန္ေဆးေပးရမွာျဖစ္ပါတယ္။
၃ – ဝက္ျခံ
ေရာင္ေနတဲ့ ဝက္ျခံေတြကို ကုသရာမွာလည္း ကူညီေပးပါတယ္။ ၾကက္ဟင္းခါးသီး အႏွစ္ကို ဒိန္ခ်ဥ္အနည္းငယ္နဲ႔ ေရာျပီး မ်က္ႏွာေပၚမွာ လိမ္းေပးရမွာ ျဖစ္ပါတယ္။ ျပီးရင္ေတာ့ ခဏထားျပီး ေဆးပစ္ရမွာ ျဖစ္ပါတယ္။
၄ – အနီကြက္ထျခင္း
ၾကက္ဟင္းခါးသီး မွာ က်န္းမာေရး အတြက္ အေထာက္အကူျပဳတဲ့ အမွ်င္ဓာတ္ေတြနဲ႔ ပရိုတိန္းပမာဏ အေျမာက္အမ်ား ပါဝင္ပါတယ္။ အေရျပားမွာ ျဖစ္ပြားတဲ့ အနီကြက္ေတြကို သက္သာေစပါတယ္။ ၾကက္ဟင္းခါးသီးအႏွစ္ကို ျဖစ္ပြားရာ မ်က္ႏွာျပင္မွာလိမ္းျပီး ခဏထားကာ ေဆးခ်ရမွာ ျဖစ္ပါတယ္။
၅ – ယားယံျခင္း
ယားယံတာေတြကိုလည္း ၾကက္ဟင္းခါးသီးနဲ႔ ကုသေပးလို႔ရပါတယ္။ ၾကက္ဟင္းခါးသီး အႏွစ္ ကို လိမ္းၾကံေပးရုံပဲ ျဖစ္ပါတယ္။
Credit:Duwun
က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version # ျဖင့္ ဖတ္ပါ #
ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးကို သုံးလို့ရပါတယ်။
ကြက်ဟင်းခါးသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးရှိကြောင်း ရေးသားထားတဲ့ ဆောင်းပါးအမြောက်အများရှိပါတယ်။ အရေပြားကျန်းမာရေးအတွက်ပါ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။အထူးသဖြင့် အခါးဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက် တွေဟာ အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးဟာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးပြီး အောက်ပါ အရေပြားပြဿနာတွေကို ကာကွယ်ပေးပါတယ်။
၁ – ယားယံခြင်း
ယားယံခြင်းဖြစ်ပွားရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးကို သုံးလို့ရပါတယ်။ နနွင်း၊ ကြက်ဟင်းခါးသီးအနှစ်နဲ့ ရှာစောင်းလက်ပတ် အနှစ်တွေကို ရောပြီး ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်ပေးရပါတယ်။ မိနစ် ၂၀ ခန့်ကြာပြီးသွားရင်တော့ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။
၂ – ဆဲလ်သေ တွေကို ဖယ်ရှားပေး
ကြက်ဟင်းခါးသီး အနှစ် ဟာ ချွေးပေါက် တွေအတွင်းက အညစ်အကြေးတွေနဲ့အရေပြားက ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီး အနှစ် ကို အရေပြား မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ လိမ်းတဲ့အခါမှာလည်း အနည်းငယ်နှိပ်နယ်ပေးပြီး ရေသန့်သန့်နဲ့ ပြန်ဆေးပေးရမှာဖြစ်ပါတယ်။
၃ – ဝက်ခြံ
ရောင်နေတဲ့ ဝက်ခြံတွေကို ကုသရာမှာလည်း ကူညီပေးပါတယ်။ ကြက်ဟင်းခါးသီး အနှစ်ကို ဒိန်ချဉ်အနည်းငယ်နဲ့ ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခဏထားပြီး ဆေးပစ်ရမှာ ဖြစ်ပါတယ်။
၄ – အနီကွက်ထခြင်း
ကြက်ဟင်းခါးသီး မှာ ကျန်းမာရေး အတွက် အထောက်အကူပြုတဲ့ အမျှင်ဓာတ်တွေနဲ့ ပရိုတိန်းပမာဏ အမြောက်အများ ပါဝင်ပါတယ်။ အရေပြားမှာ ဖြစ်ပွားတဲ့ အနီကွက်တွေကို သက်သာစေပါတယ်။ ကြက်ဟင်းခါးသီးအနှစ်ကို ဖြစ်ပွားရာ မျက်နှာပြင်မှာလိမ်းပြီး ခဏထားကာ ဆေးချရမှာ ဖြစ်ပါတယ်။
၅ – ယားယံခြင်း
ယားယံတာတွေကိုလည်း ကြက်ဟင်းခါးသီးနဲ့ ကုသပေးလို့ရပါတယ်။ ကြက်ဟင်းခါးသီး အနှစ် ကို လိမ်းကြံပေးရုံပဲ ဖြစ်ပါတယ်။
Credit:Duwun
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...