Melody World သီခ်င္းဆိုျပိဳင္ပြဲကေနတစ္ဆင့္ လူသိမ်ားေအာင္ျမင္လာတဲ့ အဆိုေတာ္ ခ်မ္းခ်မ္းကေတာ့ အဆိုပိုင္းမွာ ထူးခ်ြန္ရံုသာမကပဲ ေမာ္ဒယ္ပိုင္းမွာလည္း လူသိမ်ားေအာင္ျမင္သူတစ္ဦးပဲ ျဖစ္ပါတယ္။ Internation ဆန္တဲ့ ရုပ္ရည္နဲ႔ ျမင့္မားလွတဲ့ အရပ္ကိုပိုင္ဆိုင္ထားတဲ့ သူမကေတာ့ ရုတ္တရက္ၾကည့္ရင္ ႏိုင္ငံျခားမင္းသမီးတစ္ဦးနဲ႔ေတာင္ အထင္မွားရေလာက္ေအာင္ လွရက္လြန္းသူေလးပါ။ လတ္တေလာမွာေတာ့ ခ်မ္းခ်မ္းက အေမရိကသို႔ ခရီးသြားရင္းနဲ႔ သူမအေနနဲ႔ ဂုဏ္ယူစရာေကာင္တဲ့ ျဖစ္ရပ္ေလးတစ္ခုကို ၾကံဳေတြ႔ခဲ့ရတဲ့အေၾကာင္း လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာ ေတြ႔ရပါတယ္။
အဲ့ဒါကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႔ ထိတ္ထိတ္ၾကဲ နာမည္ၾကီး သရုပ္ေဆာင္ေတြျဖစ္ၾကတဲ့ မင္းသား Rain နဲ႔ မင္းသမီး Kim Tae Hee တို႔ ဇနီးေမာင္နွံတို႔ဆီကေန လွတယ္လို႔ ခ်ီးက်ဴးခံလိုက္ရလို႔ပဲ ျဖစ္ပါတယ္။
ခ်မ္းခ်မ္းကေတာ့ “မေန႔က LA ေလဆိပ္မွာ ကိုရီးယား မင္းသမီးေတြ အဆိုေတာ္ေတြ န့ဲ တူတူ immigration ျဖတ္ေတာ့ ကိုယ့္ကို rain န့ဲ သူ႔မိန္းမ ကင္မ္ထယ္ဟီးက ဒီမိန္းကေလးလွလိုက္တာ…ဘယ္ႏိုင္ငံကလဲ မသိဘူးတ့ဲ…ေအာ္…ဘဝမွာကိုယ့္ကိုယ္ကိုစိတ္တိုင္းမက်လို႔ အျမဲစိတ္ဓာတ္က်ေနခ့ဲတာ..အခုေတာ့အားရိွသြားျပီ..သူတို႔ကိုျပန္ျပဳံးျပလိုက္တယ္..rain ကအျပင္မွာတအားမိုက္တာပဲကြယ္…ဟိတ္ဟန္မရိွဘူး..ေအးေအးေလး ဒါန႔ဲဆိုဒုတိယအႀကိမ္ပဲ…လြန္ခ့ဲတ့ဲ ၇ႏွစ္ေလာက္က MTV exit ပြဲမွာ jason mrazန့ဲ ဆုံတုန္းလဲ..မိန္းကေလးမင္းန႔ဲ ဓာတ္ပုံ႐ိုက္ခ်င္လို႔ရမလားတ့ဲ…မင္းသိပ္လွတယ္ဆိုၿပီး တစ္ခါတစ္ေလ ကိုယ့္ကို ကိုယ့္ႏိုင္ငံမွာ သိပ္မၾကဳိက္လက္မခံၾကတာကို အျမဲသိမ္ငယ္ေနခ့ဲတာ…
အခုေတာ့ ဝမ္းသာတယ္…ကိုယ့္ကိုယ္ကိုလဲအေကာင္းျမင္တတ္လာၿပီ…ငါပါးစပ္ျပဲ ႏႈတ္ခမ္းႀကီးတာ႐ွက္စရာမဟုတ္ဘူး…ငါ့ဆံပင္ေတြေကြးေကာက္ၿပီးအုံဖြာေနတာ ႐ွက္စရာမဟုတ္ဘူး…ငါ့ကိုခ်ီးက်ဴး သြားၾကတ့ဲေတြဟာ ကမာၻေက်ာ္ေတြမို႔ ကိုယ့္ကိုမေကာင္းေျပာလက္မခံၾကတ့ဲသူေတြကိုလဲ..စိတ္မေကာင္းမျဖစ္ေတာ့ဘူး.မသိမ္ငယ္ေတာ့ဘူး…ေလာကမွာ ဘုရားေပးထားတာ ကိုယ့္အလွန႔ဲကိုယ္စီရိွၾကတယ္…အဓိကက ကိုယ့္မွာရိွတာကိုယ္လက္ခံတတ္ဖို႔ရယ္…ကိုယ့္တန္ဖိုး ကိုယ့္အလွဆိုတာ ၾကည့္သူကိုယ့္ကိုတန္ဖိုးသိတ့ဲလူေတြရိွေနေသးတယ္ဆိုတာကိုမေမ့ဖို႔ပဲ..လမ္းမွားၿပီးဘဝင္ေတစြပ္မျမင့္ဖို႔ ေအာက္ေျခမလြတ္ဖို့ေတာ့လိုတာေပါ့…ေျပာခ်င္တာက တခါတေလမွာပတ္ဝန္းက်င္ကကိုယ့္ကိုမနာလိုလို႔တိုက္ခိုက္ ေဘးဖယ္ထားၾကေပမ့ဲ..မထင္မွတ္တ့ဲတေထာင့္တေနရာမွာ ကိုယ့္ကိုတန္ဖိုးထားတ့ဲအျမင္န႔ဲျမင္ေနေသးတယ္ဆိုတာမေမ့ဖို႔ေျပာခ်င္တာပါ…
က်မအတြက္ကေတာ့ ဘဝမွာ အခုလိုခ်ီက်ဴး ခံရတာ ..အျမဲတမ္းကိုယ့္ကိုယ္ကို မႀကိဳက္ခ့ဲတ့ဲ အားငယ္ခ့ဲတ့ဲက်မ သူတို႔ေတြရ႕ဲစကားသံ…က်မကိုခ်စ္တ့ဲ က်မရ႕ဲလူမ်ိဳးပရိတ္သတ္ေတေၾကာင့္ က်မပိုၿပီးအားရိွလာတယ္ဆိုတာကိုေျပာခ်င္တာပါ..ကိုယ့္အတြက္ကေတာ့ ကိုယ္ႀကိဳက္တ့ဲ ကမာၻေက်ာ္ေတြန႔ဲေတြ႔ရတာန႔ဲတင္လုံေလာက္ပါတယ္လို႔….ဘာပဲဖစ္ျဖစ္က်မမသိမ္ငယ္ေတာ့ဘူးလို႔.ဘုရားကိုေက်းဇူးတင္တယ္…ေသးငယ္ေသာမဂ္လာစကားဟာ ႀကီးမားေသာအမႈ စိတ္ခြန္အားရေစတ့ဲအတြက္…ေလယာဥ္ဘီးႏွစ္ဖက္ ခ်လိုက္ကတည္းကအရာရာကိုဘုရားဆီပုံအပ္ထားခ့ဲတာ…ခရီးစဥ္အစအဆုးံေအာင္ျမင္တ့ဲအျပင္ကိုယ္မထင္မွတ္ထားတ့ဲအမွတ္တရေတြန႔ဲကုံရလို႔ ေက်းဇူးတင္မဆုးံပါဘူး…” ဆိုျပီး အျမဲအားငယ္ေနရတဲ့ သူမရဲ႕အလွအပကို ခ်ီးက်ူးသူေတြေၾကာင့္ အားရွိလာတဲ့အေၾကာင္းကို ေျပာထားတာပဲ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
#Unicode Version# ျဖင့္ဖတ္ပါ ။
Melody World သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် လူသိများအောင်မြင်လာတဲ့ အဆိုတော် ချမ်းချမ်းကတော့ အဆိုပိုင်းမှာ ထူးချွန်ရုံသာမကပဲ မော်ဒယ်ပိုင်းမှာလည်း လူသိများအောင်မြင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ Internation ဆန်တဲ့ ရုပ်ရည်နဲ့ မြင့်မားလှတဲ့ အရပ်ကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ရုတ်တရက်ကြည့်ရင် နိုင်ငံခြားမင်းသမီးတစ်ဦးနဲ့တောင် အထင်မှားရလောက်အောင် လှရက်လွန်းသူလေးပါ။ လတ်တလောမှာတော့ ချမ်းချမ်းက အမေရိကသို့ ခရီးသွားရင်းနဲ့ သူမအနေနဲ့ ဂုဏ်ယူစရာကောင်တဲ့ ဖြစ်ရပ်လေးတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
အဲ့ဒါကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Rain နဲ့ မင်းသမီး Kim Tae Hee တို့ ဇနီးမောင်နှံတို့ဆီကနေ လှတယ်လို့ ချီးကျူးခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။
ချမ်းချမ်းကတော့ “မနေ့က LA လေဆိပ်မှာ ကိုရီးယား မင်းသမီးတွေ အဆိုတော်တွေ နဲ့ တူတူ immigration ဖြတ်တော့ ကိုယ့်ကို rain နဲ့ သူ့မိန်းမ ကင်မ်ထယ်ဟီးက ဒီမိန်းကလေးလှလိုက်တာ…ဘယ်နိုင်ငံကလဲ မသိဘူးတဲ့…အော်…ဘဝမှာကိုယ့်ကိုယ်ကိုစိတ်တိုင်းမကျလို့ အမြဲစိတ်ဓာတ်ကျနေခဲ့တာ..အခုတော့အားရှိသွားပြီ..သူတို့ကိုပြန်ပြုံးပြလိုက်တယ်..rain ကအပြင်မှာတအားမိုက်တာပဲကွယ်…ဟိတ်ဟန်မရှိဘူး..အေးအေးလေး ဒါနဲ့ဆိုဒုတိယအကြိမ်ပဲ…လွန်ခဲ့တဲ့ ၇နှစ်လောက်က MTV exit ပွဲမှာ jason mrazနဲ့ ဆုံတုန်းလဲ..မိန်းကလေးမင်းနဲ့ ဓာတ်ပုံရိုက်ချင်လို့ရမလားတဲ့…မင်းသိပ်လှတယ်ဆိုပြီး တစ်ခါတစ်လေ ကိုယ့်ကို ကိုယ့်နိုင်ငံမှာ သိပ်မကြိုက်လက်မခံကြတာကို အမြဲသိမ်ငယ်နေခဲ့တာ…
အခုတော့ ဝမ်းသာတယ်…ကိုယ့်ကိုယ်ကိုလဲအကောင်းမြင်တတ်လာပြီ…ငါပါးစပ်ပြဲ နှုတ်ခမ်းကြီးတာရှက်စရာမဟုတ်ဘူး…ငါ့ဆံပင်တွေကွေးကောက်ပြီးအုံဖွာနေတာ ရှက်စရာမဟုတ်ဘူး…ငါ့ကိုချီးကျူး သွားကြတဲ့တွေဟာ ကမ္ဘာကျော်တွေမို့ ကိုယ့်ကိုမကောင်းပြောလက်မခံကြတဲ့သူတွေကိုလဲ..စိတ်မကောင်းမဖြစ်တော့ဘူး.မသိမ်ငယ်တော့ဘူး…လောကမှာ ဘုရားပေးထားတာ ကိုယ့်အလှနဲ့ကိုယ်စီရှိကြတယ်…အဓိကက ကိုယ့်မှာရှိတာကိုယ်လက်ခံတတ်ဖို့ရယ်…ကိုယ့်တန်ဖိုး ကိုယ့်အလှဆိုတာ ကြည့်သူကိုယ့်ကိုတန်ဖိုးသိတဲ့လူတွေရှိနေသေးတယ်ဆိုတာကိုမမေ့ဖို့ပဲ..လမ်းမှားပြီးဘဝင်တေစွပ်မမြင့်ဖို့ အောက်ခြေမလွတ်ဖို့တော့လိုတာပေါ့…ပြောချင်တာက တခါတလေမှာပတ်ဝန်းကျင်ကကိုယ့်ကိုမနာလိုလို့တိုက်ခိုက် ဘေးဖယ်ထားကြပေမဲ့..မထင်မှတ်တဲ့တထောင့်တနေရာမှာ ကိုယ့်ကိုတန်ဖိုးထားတဲ့အမြင်နဲ့မြင်နေသေးတယ်ဆိုတာမမေ့ဖို့ပြောချင်တာပါ…
ကျမအတွက်ကတော့ ဘဝမှာ အခုလိုချီကျူး ခံရတာ ..အမြဲတမ်းကိုယ့်ကိုယ်ကို မကြိုက်ခဲ့တဲ့ အားငယ်ခဲ့တဲ့ကျမ သူတို့တွေရဲ့စကားသံ…ကျမကိုချစ်တဲ့ ကျမရဲ့လူမျိုးပရိတ်သတ်တေကြောင့် ကျမပိုပြီးအားရှိလာတယ်ဆိုတာကိုပြောချင်တာပါ..ကိုယ့်အတွက်ကတော့ ကိုယ်ကြိုက်တဲ့ ကမ္ဘာကျော်တွေနဲ့တွေ့ရတာနဲ့တင်လုံလောက်ပါတယ်လို့….ဘာပဲဖစ်ဖြစ်ကျမမသိမ်ငယ်တော့ဘူးလို့.ဘုရားကိုကျေးဇူးတင်တယ်…သေးငယ်သောမဂ်လာစကားဟာ ကြီးမားသောအမှု စိတ်ခွန်အားရစေတဲ့အတွက်…လေယာဉ်ဘီးနှစ်ဖက် ချလိုက်ကတည်းကအရာရာကိုဘုရားဆီပုံအပ်ထားခဲ့တာ…ခရီးစဉ်အစအဆုးံအောင်မြင်တဲ့အပြင်ကိုယ်မထင်မှတ်ထားတဲ့အမှတ်တရတွေနဲ့ကုံရလို့ ကျေးဇူးတင်မဆုးံပါဘူး…” ဆိုပြီး အမြဲအားငယ်နေရတဲ့ သူမရဲ့အလှအပကို ချီးကျူးသူတွေကြောင့် အားရှိလာတဲ့အကြောင်းကို ပြောထားတာပဲ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။