မိန္းမကုိယ္ ဘာလို႔ယားလဲ…ေပ်ာက္ေအာင္ ဘယ္လိုကုနိုင္မလဲ…
မိန္းမကိုယ္ ယားယံျခင္း က ေတာ္ေတာ္ခံရခက္ျပီး ဆိုးရြားတဲ့ အရာတစ္ခုပါပဲ ။ ဒီလို ယားယံျခင္းေၾကာင့္ အဆင္မေျပ ျဖစ္မႈေတြ မ်ားစြာ ၾကံဳေတြ႕ရပါတယ္ ။ မိန္းမကိုယ္ ယားယံျခင္းဟာ ေရာဂါ မဟုတ္ေသာ္လည္း အျခားေရာဂါ တစ္ခုခု၏ လကၡဏာတစ္ခုေတာ့ ျဖစ္ေနနိုင္ပါတယ္ ။ မိန္းမကိုယ္ ယားယံရတဲ့ အေၾကာင္းအရင္းေတြကေတာ့
၁ ။ ဘတ္တီးရီး မ်ားေပါက္ဖြားျခင္း
၂။ အျဖဴစြဲျခင္း
၃။ ဆီးခံုေမႊး ရိတ္ထားျခင္း
၄။ ေပြး ၊ ဝဲ ေပါက္ျခင္း
၅။ အေမႊးအမွ်င္တြင္မိႈစြဲျခင္း
၆။လိင္ဆက္ဆံရာမွတဆင့္ပိုးဝင္ျခင္း
၇။မိႈစြဲျခင္း
၈။ အမ်ိဳးသမီးအဂၤါတြင္ ၾကြက္နို႔ေပါက္ျခင္း
၉။ ဆီးေခ်ာင္း(က်င္ေခ်ာင္း) ေရာင္ျခင္း
၁၀ ။Psoriasis အေရျပားေရာဂါ
၁၁။ လိင္အဂၤါ ကင္ဆာ
၁၂။ သားအိမ္ကင္ဆာ
၁၃။ ေယာနိေယာင္ျခင္း စတဲ့ အေၾကာင္းအရာ အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ပါတယ္ ။
ဒီလို မိန္းမကိုယ္ယားယံတာမ်ိဳးက မၾကာခဏ ျဖစ္ေလ့ရွိလို႔ မိမိကုိယ္တိုင္ အိမ္မွာ ကုသနိုင္တဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပေပးပါမယ္ ။ အလြန္အကြ်ံယားယံျပီး မသက္သာဘူးဆိုလွ်င္ေတာ့ နီးစပ္ရာ နားလည္တတ္ကြ်မ္းတဲ့ ဆရာဝန္မ်ားနဲ႔ ေဆြးေႏြးကုသမႈကို ခံယူပါ ။
သဘာဝအတိုင္း ကုသနိုင္ေသာ နည္းလမ္းမ်ား
၁။ပန္းသီးရွာလကာရည္
ေရေႏြးေႏြး နွစ္ခြက္ထဲသို႔ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ဇြန္းထည့္ကာ ေမႊပါ ။ ေမႊျပီးလွွ်င္ မိန္းမကိုယ္ကို ထိုေရျဖင့္ ေဆးေၾကာေပးပါ ။ ေဆးျပီးလွ်င္ သူ႔ဘာသူ ေျခာက္ေသြ႕သြားေအာင္ ထားပါ ။ ဒီနည္းလမ္းကို တစ္ေန႔ ၃ၾကိမ္ျပဳလုပ္ျခင္းျဖင့္ သက္သာလာပါလိမ့္မယ္ ။
ေရခ်ိဳးကန္ျဖင့္ ခ်ိဳးေလ့ရွိသူမ်ားကေတာ့ ခ်ဳိးမယ့္ေရထဲသို႔ ပန္းသီးရွာလကာရည္ ၂ခြက္ထည့္ျပီး ေရစိမ္ခ်ိဳးေပးျခင္းကလည္း မိန္းမကုိယ္ ယားယံျခင္းကို သက္သာေစပါတယ္ ။
၂။ဆားေရ
ယားယံလာတဲ့အခါတိုင္း ေရတစ္ခြက္ထဲသို႔ ဆား လက္ဖက္ရည္၁ဇြန္းထည့္ျပီး ေပ်ာ္သြားေအာင္ ေမႊကာ အမ်ိဳးသမီးအဂၤါသို႔ ေဆးေၾကာျပီး ပိုးသတ္နိုင္ပါတယ္ ။
၃။အေရာအေနွာမပါေသာ ဒိန္ခ်ဥ္
ဒိန္ခ်ဥ္က က်န္းမာေရးအတြက္သာမက အမ်ိဳးသမီး အဂၤါ သန္႔ရွင္းက်န္းမာမႈအတြက္ပါ အရမး္ေကာငး္ပါတယ္။ မိန္းမကိုယ္ ယားယံတဲ့အခါ ဒိန္ခ်ဥ္သီးသန္႔ကို ဂြမ္းျဖင့္တို႔ျပီး အဂၤါတဝိုက္ သုတ္လိမ္းေပးပါ ။ ဒီလိုလုပ္ျခင္းက ယားယံျခင္းကို ခ်က္ခ်င္းဆိုသလို သက္သာသြားေစျပီး အေရျပားကိုလည္း နူးညံ့စိုေျပေစမွာပါ ။ မိနစ္အနည္းငယ္ၾကာသြားလွ်င္ ေရျဖင့္ ေဆးေၾကာလုိက္ပါ ။ ဒီနည္းလမ္းကို ယားယံမႈ ခံစားရတိုင္း ျပဳလုပ္ေပးနိုင္ပါတယ္ ။
၄။ပ်ားရည္
ပ်ားရည္မွာ သဘာဝအတိုင္း ပိုးေသေစတဲ့ အစြမ္းသတၱိမ်ားစြာ ပါဝင္ျပီး မိန္းမကိုယ္ မိႈစြဲျခင္းမ်ားကိုလည္း သက္သာေစနိုင္ပါတယ္ ။ ပ်ားရည္ကို ဂြမ္းျဖင့္တို႔ျပီး မိန္းမကိုယ္တဝိုက္ သုတ္လိ္မ္းကာ နာရီဝက္ခန္႔ ထားပါ ။ ျပီးေနာက္ ေရခပ္ေႏြးေႏြးျဖင့္ ေဆးေၾကာေပးလိုက္ပါ ။ ဒီနည္လမ္းကိုေတာ့ တစ္ေန႔လွ်င္ ၂ၾကိမ္ ျပဳလုပ္ေပးနို္င္ပါတယ္ ။
ဒါ့အျပင္ ေရေႏြးျဖဴထဲသို႔ ပ်ားရည္ ၂ဇြန္းထည့္ကာ ေန႔စဥ္ေသာက္ေပးျခင္းျဖင့္လည္း ယားယံျခင္းကို သက္သာေစတယ္လို႔ ဆိုပါတယ္ ။
Credit:CHAN
က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version # ျဖင့္ ဖတ္ပါ #
မိန်းမကိုယ် ယားယံခြင်း က တော်တော်ခံရခက်ပြီး ဆိုးရွားတဲ့ အရာတစ်ခုပါပဲ ။ ဒီလို ယားယံခြင်းကြောင့် အဆင်မပြေ ဖြစ်မှုတွေ များစွာ ကြုံတွေ့ရပါတယ် ။ မိန်းမကိုယ် ယားယံခြင်းဟာ ရောဂါ မဟုတ်သော်လည်း အခြားရောဂါ တစ်ခုခု၏ လက္ခဏာတစ်ခုတော့ ဖြစ်နေနိုင်ပါတယ် ။ မိန်းမကိုယ် ယားယံရတဲ့ အကြောင်းအရင်းတွေကတော့
၁ ။ ဘတ်တီးရီး များပေါက်ဖွားခြင်း
၂။ အဖြူစွဲခြင်း
၃။ ဆီးခုံမွှေး ရိတ်ထားခြင်း
၄။ ပွေး ၊ ဝဲ ပေါက်ခြင်း
၅။ အမွှေးအမျှင်တွင်မှိုစွဲခြင်း
၆။လိင်ဆက်ဆံရာမှတဆင့်ပိုးဝင်ခြင်း
၇။မှိုစွဲခြင်း
၈။ အမျိုးသမီးအင်္ဂါတွင် ကြွက်နို့ပေါက်ခြင်း
၉။ ဆီးချောင်း(ကျင်ချောင်း) ရောင်ခြင်း
၁၀ ။Psoriasis အရေပြားရောဂါ
၁၁။ လိင်အင်္ဂါ ကင်ဆာ
၁၂။ သားအိမ်ကင်ဆာ
၁၃။ ယောနိယောင်ခြင်း စတဲ့ အကြောင်းအရာ အမျိုးမျိုးကြောင့် ဖြစ်ပါတယ် ။
ဒီလို မိန်းမကိုယ်ယားယံတာမျိုးက မကြာခဏ ဖြစ်လေ့ရှိလို့ မိမိကိုယ်တိုင် အိမ်မှာ ကုသနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ် ။ အလွန်အကျွံယားယံပြီး မသက်သာဘူးဆိုလျှင်တော့ နီးစပ်ရာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ ဆွေးနွေးကုသမှုကို ခံယူပါ ။
သဘာဝအတိုင်း ကုသနိုင်သော နည်းလမ်းများ
၁။ပန်းသီးရှာလကာရည်
ရေနွေးနွေး နှစ်ခွက်ထဲသို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းထည့်ကာ မွှေပါ ။ မွှေပြီးလျှင် မိန်းမကိုယ်ကို ထိုရေဖြင့် ဆေးကြောပေးပါ ။ ဆေးပြီးလျှင် သူ့ဘာသူ ခြောက်သွေ့သွားအောင် ထားပါ ။ ဒီနည်းလမ်းကို တစ်နေ့ ၃ကြိမ်ပြုလုပ်ခြင်းဖြင့် သက်သာလာပါလိမ့်မယ် ။
ရေချိုးကန်ဖြင့် ချိုးလေ့ရှိသူများကတော့ ချိုးမယ့်ရေထဲသို့ ပန်းသီးရှာလကာရည် ၂ခွက်ထည့်ပြီး ရေစိမ်ချိုးပေးခြင်းကလည်း မိန်းမကိုယ် ယားယံခြင်းကို သက်သာစေပါတယ် ။
၂။ဆားရေ
ယားယံလာတဲ့အခါတိုင်း ရေတစ်ခွက်ထဲသို့ ဆား လက်ဖက်ရည်၁ဇွန်းထည့်ပြီး ပျော်သွားအောင် မွှေကာ အမျိုးသမီးအင်္ဂါသို့ ဆေးကြောပြီး ပိုးသတ်နိုင်ပါတယ် ။
၃။အရောအနှောမပါသော ဒိန်ချဉ်
ဒိန်ချဉ်က ကျန်းမာရေးအတွက်သာမက အမျိုးသမီး အင်္ဂါ သန့်ရှင်းကျန်းမာမှုအတွက်ပါ အရမ်းကောင်းပါတယ်။ မိန်းမကိုယ် ယားယံတဲ့အခါ ဒိန်ချဉ်သီးသန့်ကို ဂွမ်းဖြင့်တို့ပြီး အင်္ဂါတဝိုက် သုတ်လိမ်းပေးပါ ။ ဒီလိုလုပ်ခြင်းက ယားယံခြင်းကို ချက်ချင်းဆိုသလို သက်သာသွားစေပြီး အရေပြားကိုလည်း နူးညံ့စိုပြေစေမှာပါ ။ မိနစ်အနည်းငယ်ကြာသွားလျှင် ရေဖြင့် ဆေးကြောလိုက်ပါ ။ ဒီနည်းလမ်းကို ယားယံမှု ခံစားရတိုင်း ပြုလုပ်ပေးနိုင်ပါတယ် ။
၄။ပျားရည်
ပျားရည်မှာ သဘာဝအတိုင်း ပိုးသေစေတဲ့ အစွမ်းသတ္တိများစွာ ပါဝင်ပြီး မိန်းမကိုယ် မှိုစွဲခြင်းများကိုလည်း သက်သာစေနိုင်ပါတယ် ။ ပျားရည်ကို ဂွမ်းဖြင့်တို့ပြီး မိန်းမကိုယ်တဝိုက် သုတ်လိမ်းကာ နာရီဝက်ခန့် ထားပါ ။ ပြီးနောက် ရေခပ်နွေးနွေးဖြင့် ဆေးကြောပေးလိုက်ပါ ။ ဒီနည်လမ်းကိုတော့ တစ်နေ့လျှင် ၂ကြိမ် ပြုလုပ်ပေးနိုင်ပါတယ် ။
ဒါ့အပြင် ရေနွေးဖြူထဲသို့ ပျားရည် ၂ဇွန်းထည့်ကာ နေ့စဉ်သောက်ပေးခြင်းဖြင့်လည်း ယားယံခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ် ။
Credit:CHAN
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...