ကိုက္လန္ ၏ က်န္းမာေရး အက်ဳိးေက်းဇူး မ်ား
အစာေျခ လမ္းေၾကာင္း စနစ္ကုိ က်န္းမာေစပါတယ္ကိုက္လန္ မွာ ကယ္လိုရီ ပါဝင္မႈ နည္းပါးၿပီး အဆီဓာတ္ လည္း လံုးဝမပါပါဘူး။ အမွ်င္ဓာတ္ မ်ားစြာ ပါဝင္ပါတယ္။ ကိုက္လန္တစ္ခြက္မွာ ၃၆ ကယ္လိုရီ နဲ႔ အမွ်င္ဓာတ္ ငါးဂရမ္တို႔ ပါဝင္ပါတယ္။
အေထြေထြ က်န္းမာေရး ကို ေကာင္းမြန္ေစပါတယ္
ကိုက္လန္ မွာ သံဓာတ္ မ်ားစြာ ပါဝင္ပါတယ္။ ကယ္လိုရီတူတဲ့ ကိုက္လန္နဲ႔ အမဲသားတို႔ကို ႏႈိင္းယွဥ္ၾကည့္ရာ ကိုက္လန္မွာ သံဓာတ္ ပိုမိုပါဝင္တာကို ေတြ႕ရပါတယ္။ သံဓာတ္ဟာ ေဟမိုဂလိုဘင္နဲ႔ အင္ဇိုင္း ျဖစ္ေပၚေစတာ၊ ခႏၶာကိုယ္ အစိတ္အပိုင္း အသီးသီးကို ေအာက္ဆီဂ်င္ ပို႔ေပးတာ၊ ဆဲလ္ႀကီးထြားတာ၊ အသည္းရဲ႕ လုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစတာ စတဲ့ အာနိသင္ေတြ ရရွိေစၿပီး အေထြေထြ က်န္းမာေရး ကို ေကာင္းမြန္ေစပါတယ္။
ဗီတာမင္ေက မ်ားစြာ ပါဝင္ပါတယ္
ကိုက္လန္မွာ မ်ားစြာ ပါဝင္တဲ့ ဗီတာမင္ေက ဟာ ကင္ဆာေရာဂါ အမ်ဳိးမ်ဳိးကို ကာကြယ္ေပးႏိုင္ပါတယ္။ အ႐ိုး က်န္းမာေရးကို ေကာင္းေစတဲ့အျပင္ ေသြးခဲတာမ်ဳိး မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ အယ္လ္ဇိုင္းမားေရာဂါ ခံစားေနရသူေတြကို သက္သာေအာင္ ဗီတာမင္ေကနဲ႔ ကုသႏိုင္ပါတယ္။
ကင္ဆာ အမ်ဳိးမ်ဳိးကို ကာကြယ္ေပးပါတယ္
ကိုက္လန္ မွာ ကာ႐ိုတီးႏြိဳက္နဲ႔ ဖေလဗိုးႏြိဳက္တို႔လို အင္တီေအာက္ဆီးဒင့္မ်ားစြာ ပါဝင္ပါတယ္။ ဒီအင္တီေအာက္ဆီးဒင့္ေတြက ကင္ဆာေရာဂါ အမ်ဳိးမ်ဳိးကို မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
ေရာင္ရမ္းမႈ ကို ေလ်ာ့က်ေစပါတယ္
ကိုက္လန္ဟာ ေရာင္ရမ္းမႈ ေလ်ာ့က်ေစတဲ့ အစာတစ္မ်ဳိးပါ။ ကိုက္လန္တစ္ခြက္စာ ပမာဏမွာ တစ္ေန႔တာ မွီဝဲသင့္တဲ့ အိုမီဂါ ၃ ဖက္တီး အက္စစ္ပမာဏ ၁၀ ရာခိုင္ႏႈန္းခန္႔ ပါဝင္တာေၾကာင့္ ႐ိုးဆစ္ေရာင္ရမ္းနာ၊ ပန္းနာရင္က်ပ္ေရာဂါနဲ႔ Autoimmune Disorder တို႔ကို တြန္းလွန္ေပးႏိုင္စြမ္း ရွိပါတယ္။
ႏွလံုးေသြးေၾကာ ကို က်န္းမာေစပါတယ္
ကိုက္လန္မွာ ႏွလံုးေသြးေၾကာ စနစ္ကို က်န္းမာေစတဲ့ အစြမ္းရွိပါတယ္။ ကိုက္လန္ကို မ်ားမ်ား စားေပးရင္ ေသြးတြင္းမေကာင္းတဲ့ ကိုလက္စထေရာကို ေလ်ာ့က်ေစႏိုင္ပါတယ္။
အျမင္အာ႐ံုကို ေကာင္းမြန္ေစပါတယ္
ကိုက္လန္ မွာ ဗီတာမင္ေအ မ်ားစြာပါဝင္တာေၾကာင့္ အျမင္အာ႐ံုကို ေကာင္းမြန္ေစတဲ့အျပင္ အဆုတ္နဲ႔ ခံတြင္းကင္ဆာတို႔ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။
ကိုယ္ခံစြမ္းအား စနစ္ကို ေကာင္းမြန္ေစပါတယ္
ကိုက္လန္မွာ ဗီတာမင္စီ ပမာဏမ်ားစြာ ပါဝင္တာေၾကာင့္ ကိုယ္ခံစြမ္းအားစနစ္၊ ဇီဝ႐ုပ္ျဖစ္ပ်က္မႈနဲ႔ ေရဓာတ္ျပည့္ဝမႈတို႔ကို အားေပးေထာက္ပံ့ႏိုင္စြမ္း ရွိပါတယ္။
အ႐ိုး၊ အဆစ္ က်န္းမာေစပါတယ္
ကိုက္လန္မွာ ကယ္လ္စီယမ္ ပမာဏမ်ားစြာ ပါဝင္ပါတယ္။ ကယ္လိုရီ ပမာဏတူတဲ့ ႏြားႏို႔နဲ႔ ယွဥ္ရင္ ကိုက္လန္မွာ ကယ္လ္စီယမ္ ပိုမို ပါဝင္တာေၾကာင့္ အ႐ိုးထုထည္ ဆံုး႐ႈံးမႈ မျဖစ္ေအာင္နဲ႔ အ႐ိုးပါးေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္စြမ္း ရွိပါတယ္။ ဒါ့အျပင္ ကိုက္လန္မွာပါတဲ့ ဗီတာမင္စီဟာ အ႐ိုးႏုနဲ႔ အဆစ္ေတြ သန္စြမ္းေပ်ာ့ေပ်ာင္းေအာင္ ကူညီႏိုင္ပါတယ္။
ကိုယ္တြင္း အဆိပ္ ေတြကို ကင္းစင္ေစပါတယ္
ကိုက္လန္ကို အဆိပ္ ဖယ္ရွားေပးႏိုင္တဲ့ အစာလို႔ တင္စားေခၚေဝၚၾကပါတယ္။ ကိုက္လန္ မွာ အမွ်င္ဓာတ္ နဲ႔ ဆာလဖာတို႔ အျပည့္အဝ ပါဝင္ေနတာေၾကာင့္ ကိုယ္ခႏၶာတြင္း ရွိ အဆိပ္ ေတြကို ကင္းစင္ေစၿပီး အသည္း ကို က်န္းမာေစပါတယ္။
Credit:မူရင္းေရးသားသူ
က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version # ျဖင့္ ဖတ္ပါ #
အစာခြေ လမ်းကြောင်း စနစ်ကို ကျန်းမာစေပါတယ်ကိုက်လန် မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ် လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီ နဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။
အထွေထွေ ကျန်းမာရေး ကို ကောင်းမွန်စေပါတယ်
ကိုက်လန် မှာ သံဓာတ် များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေး ကို ကောင်းမွန်စေပါတယ်။
ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်
ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေ ဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုး ကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။
ကင်ဆာ အမျိုးမျိုးကို ကာကွယ်ပေးပါတယ်
ကိုက်လန် မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ရောင်ရမ်းမှု ကို လျော့ကျစေပါတယ်
ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။
နှလုံးသွေးကြော ကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။
အမြင်အာရုံကို ကောင်းမွန်စေပါတယ်
ကိုက်လန် မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။
အရိုး၊ အဆစ် ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။
ကိုယ်တွင်း အဆိပ် တွေကို ကင်းစင်စေပါတယ်
ကိုက်လန်ကို အဆိပ် ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန် မှာ အမျှင်ဓာတ် နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်း ရှိ အဆိပ် တွေကို ကင်းစင်စေပြီး အသည်း ကို ကျန်းမာစေပါတယ်။
Credit:မူရင်းရေးသားသူ
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...